ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ခေါပုတ်စခန်းသိမ်းတိုက်ပွဲမှာ စခန်းစွန့်ခွါ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် တွေကို လိုက်လံရှင်းလင်းတိုက်ခိုက်ရာ တပ်ခွဲမှူးအဆင့် ဗိုလ်ကြီး ၃ ယောက်အပါအဝင် စစ်သုံ့ပန်း ၁၇ ယောက်ကို လက်နက်တွေနဲ့အတူ အရှင်ဖမ်းဆီးမိခဲ့ပြီး အလောင်း ၁၄ လောင်း ရရှိခဲ့တယ်လို့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)က သတင်းထုတ်ပြန်ထားပါတယ်။

အဲဒီတိုက်ပွဲမှာ BPLA ရဲဘော် ၁ ယောက်ကျဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရ ရဲဘော်တွေလည်းရှိခဲ့တယ်လို့ သိရပါတယ်။

ခေါပုတ်စခန်းကို အောက်တိုဘာ ၂၉ ရက်နေ့မှာ တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

UWSA ထိန်းချုပ်နယ်မြေဖြစ်သည့် နမ့်တစ်မြို့ရှိ ရွှေဆိုင်မှာ မြေအောက်လှိုဏ်ဂူတူးပြီး ခိုးယူခံရ (ရုပ်/သံ)

ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော် - UWSA ထိန်းချုပ်နယ်မြေဖြစ်တဲ့ ဟိုပန်ခရိုင် နမ့်တစ်မြို့ရှိ ရွှေဆိုင်မှာ မြေအောက်လှိုဏ်ဂူတူးပြီး ရွှေခိုးယူမှုဖြစ်ပွားခဲ့တယ်လို့ ဒေသတွင်းသတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။
Read More

ပျူစခန်း ၂ ခု ကို ၁၁ ရက်ကြာ ဒရုန်းနဲ့ ဗုံးသီးတွေ ကြဲချတိုက်ခိုက်မှု ပျူ ၄ ယောက် သေ၊ ၆ ယောက် ဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း၊ ပေါက်မြို့နယ် ဇီးပြားပျူစခန်းနဲ့ သရော်ကိုင် ပျူစခန်းကို နိုဝင်ဘာ ၂၂ ရက်ကနေ ဒီဇင်ဘာ ၃ ရက်အထိ ဒရုန်းနဲ့ ဗုံးသီးအများအပြားကြဲချတိုက်ခိုက်ခဲ့တယ်လို့ မြိုင်ပကဖ က ထုတ်ပြန်ထားပါတယ်။
Read More

ဘုတလင်မြို့ အထကကျောင်းမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးတပ်တွေ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ဘုတလင်မြို့ရှိ အထကကျောင်းဝင်းအတွင်း တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင် စီတပ်သားတွေကို တိုက်ခိုက်ခဲ့တယ်လို့ People Defence organization of Budalin မှ သတင်း ထုတ်ပြန်ထားပါတယ်။
Read More

ကျောင်းသားလက်ရုံးတပ်တော် နဲ့ စစ်ကောင်စီတပ်တို့အကြား ၂ လတာ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား ၃၀ ခန့် ထိခိုက် သေဆုံးခဲ့ (ရုပ်/သံ)

မကွေးတိုင်း ငဖဲမြို့နယ်၊ နတ်ရေကန်စခန်းအနီးနဲ့ မင်းလှမြို့နယ် ပုသိမ်-မုံရွာ အဝေးပြေးလမ်းမပေါ်က ကန်တုပ်စခန်းအနီးဝန်းကျင်မှာ ကျောင်းသားတပ်ဦး/ ကျောင်းသားလက်ရုံးတပ်တော် (SF/SAF) နဲ့  စစ်ကောင်စီတပ်တို့ ကာလရှည်တိုက်ပွဲများ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
Read More

ကသာမှ အင်းတော်ဘက်သို့ အင်အား ၁၅၀ ခန့်ဖြင့် စစ်ကူလာသည့် စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး အယောက် ၄၀ ခန့် သေကာ ၃၀ ကျော် ဖမ်းမိ (ရုပ်/သံ)

စစ်ကိုင်းတိုင်း ကသာမြို့ကနေ အင်းတော်မြို့ဘက်သို့ စစ်ကူလာတဲ့ တပ်မ ၇၇ က အင်အား ၁၅၀ ခန့်ရှိ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို KIA ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ရာ အယောက် ၄၀ ခန့် သေပြီး ၃၀ ကျော် ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။
Read More

မင်းတုန်းမြို့နယ်အတွင်း ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်သားတွေကို တော်လှန်ရေးတပ်တွေ ပူးပေါင်းတိုက်ခိုက်မှု စစ်သား ၅ ယောက်သေ (ရုပ်/သံ)

မကွေးတိုင်း မင်းတုန်းမြို့နယ်ရှိ ငှက်ပျင်း၊ မြောက်ပြင်၊ ကြို့ဝကျေးရွာတွေကို အင်အား ၁၀၀ ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်သားတွေကို တော်လှန်ရေးတပ်တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ ရာ ၅ ယောက်သေသွားခဲ့တယ်လို့ ကျောင်းသားလက်ရုံးတပ်တော်ထံက သိရပါတယ်။