Loikaw Local PDF ဖွဲ့စည်းတည်ထောင်ခြင်း ၁ နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားကို အောက်တိုဘာ ၃၁ ရက်က ကျင်းပပြုလုပ်ခဲ့ပြီး ရဲဘော်တွေအတွက် လက်နက်ခဲယမ်းနဲ့အကာအကွယ်ပစ္စည်းတွေ တပ်ဆင်ပေးခဲ့တယ်လို့ သိရပါတယ်။

Loikaw Local PDF  (လွိုင်ကော်မြို့နယ်ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့) ကို Karenni Revolution Union (KRU) ကရင်နီတော်လှန်ရေးတပ်ပေါင်းစုကနေ တဆင့် ပြောင်းလဲဖွဲ့စည်းတည်ထောင်ခဲ့တာဖြစ်ပြီး အဲ့လိုပြောင်းလဲတည်ထောင်ခဲ့ခြင်း တစ်နှစ်ပြည့်မြောက်ခဲ့တာလည်း ဖြစ်ပါတယ်။

လွိုင်ကော်မြို့ဒေသခံအများစုနဲ့ ဖွဲ့စည်းတည်ထောင်ခဲ့တဲ့ Loikaw Local PDF ဟာတိုက်ပွဲပေါင်း၁၅၀ကျော်တိုက်ခိုက်ခဲ့ကာရဲဘော်၄ယောက်ကျဆုံးခဲ့ရပြီးအယောက်၈၀ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။

ပြည်သူတွေ ရွေးကောက်တင်မြောက်ထားတဲ့ အစိုးရသစ်တစ်ရပ် မပေါ်ပေါက်သရွေ့ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ပြည်သူများထံ ကတိသစ္စာပြုကြောင်းလည်း Loikaw Local PDF က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

သရက်ချောင်းမှာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်သားအများအပြားသေ၊ တော်လှန်ရေးရဲဘော် ၃ ယောက်ကျဆုံး (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် ကစိကျေးရွာနဲ့ ဥတ္တူကျေးရွာအနီးမှာ ထားဝယ်ခရိုင် တပ်ပေါင်းစုနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ထားဝယ်ခရိုင် အမှတ်၂ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

တောင်သာမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်တပ်သားများကို တော်လှန်‌‌ရေး တပ်များ ခုခံတိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ရုံးစည်းကြီး‌ကျေးရွာဘက်ကနေ သံဘိုရွာဘက် စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်သားတွေကို ခုခံတိုက်ခိုက်ခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် (၃) တပ်ရင်းက မနေ့ညပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။
Read More

တောင်ညိုစစ်ကြောင်းမှ ၁/၂၀၂၄ အခြေခံစစ်ပညာသင်တန်းဆင်းပွဲအခမ်းအနားကျင်းပပြီးစီး (ရုပ်/သံ)

ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် (၂) စစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် (၃) တောင်ညိုစစ် ကြောင်းရဲ့ ၁/၂၀၂၄ အခြေခံစစ်ပညာသင်တန်းဆင်းပွဲအခမ်းအနား မှတ်တမ်းရုပ်သံကို ထုတ်ပြန် လိုက်ပါတယ်။
Read More

စစ်ရေးအသာစီးရနေတယ်လို့ စစ်ကောင်စီဘက်က ဝါဒဖြန့်ထားတဲ့ ဗန်းမော်မြို့နယ်ရှိ အမှတ် ၅၀၁၄ တင့်ကားတပ်ရင်း ကို KIA ပူးပေါင်းတပ်တွေ သိမ်းပိုက် (ရုပ်/သံ)

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်က စစ်ကောင်စီတပ်ရဲ့ အမှတ် ၂၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၂၁) လက်အောက်ခံ အမှတ် ၅၀၁၄ တင့်ကားတပ်ရင်းကို ကချင်လွတ်လပ်ရေးတပ် မတော် KIA နဲ့ ပူးပေါင်းတပ်တွေက အပြီးသတ် တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။
Read More

ပုလဲမြို့နယ် ကန့်ဒေါင့်ရဲစခန်းသိမ်းတိုက်ပွဲ မှတ်တမ်းရုပ်သံဖိုင် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ထုတ်ပြန်

ကန့်ဒေါင့်ရွာနဲ့ ၃ မိုင်ကွာဝေးတဲ့ အင်မထီးရွာကို စစ်ကောင်စီက Mi17 ရဟတ် ယာဉ်နဲ့ အကြိမ်ကြိမ် စစ်ကူပေးပို့ခဲ့ပေးမယ့် PLA နဲ့ မဟာမိတ်တပ်ပေါင်းစုတွေက စစ်ကြောင်းပျက်တဲ့အထိ တိုက်ခိုက် ဟန့်တားခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်ကောင်စီဟာ ရှမ်းမြောက်က ဘာသာရေး အဆောက်အအုံတွေကို ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်နေ (ရုပ်/သံ)

MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမြို့က ဘာသာရေးအဆောက်အအုံတွေကို စစ်ကောင်စီက လေကြောင်းကနေ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေတယ်လို့ MNDAA က ထုတ်ပြန်ပါတယ်။