မင်းအောင်လှိုင်ဟာ အာဏာဆက်လက်တည်မြဲဖို့နဲ့ စီးပွားရေးအကျိုးအမြတ်တွေကို လက်ဝါးကြီးအုပ်နိုင်ဖို့အတွက် သစ္စာခံသူကောင်းပြုကွန်ရက်တွေပြန်လည်ဖွဲ့စည်းဖို့ ပြီးခဲ့တဲ့နှစ်ပိုင်းကစလို့ စတင်ကြိုးပမ်းခဲ့ပါတယ်။

အာဏာရှင်ဟောင်း နေဝင်းလက်ထက်ကစပြီး ၁၉၉၂၂၀၁၀ ခုနှစ်တိုင်းပြည်ကို ကြီးစိုးခဲ့တဲ့ အာဏာရှင်သန်းရွှေလက်ထက်ထိ ဆက်ထိန်းခဲ့တဲ့ အဲဒီကွန်ရက်တွေကြောင့်ပဲ စစ်တိုင်းမှူးတွေဟာ သူတို့ရဲ့ကွပ်ကဲဒေသအတွင်းက စီးပွားရေးလုပ်ငန်းတွေကနေတဆင့် အလွန်အမင်း ချမ်းသာကြွယ်ဝလာခဲ့ကြပါတယ်။

တကယ်တမ်းလည်း စစ်တပ်မှာ အရာရှိကြီးအဖြစ် ခန့်အပ်ခံလိုက်တယ်ဆိုကတည်းက အကျင့်ပျက်ခြစားမှုတွေနဲ့ လက်ဝါးကြီးအုပ် စီးပွားရေးလုပ်ငန်းတွေကို သွယ်ဝိုက်လုပ်ခွင့်ပေးလိုက်သလို ဖြစ်နေတာပါ။

လက်ရှိမှာတော့ မင်းအောင်လှိုင်ဟာ သူနဲ့ သူ့မိသားစုကို ဗဟိုပြုပြီး ပတ်ပတ်လည်မှာ သစ္စာခံသူကောင်းပြုကွန်ရက်တွေ ထားရှိဖို့ ယခင်စနစ်ကြီးကို ပြန်လည်မွမ်းမံနေပါတယ်။ မင်းအောင်လှိုင်ဟာ သူ ခွင့်မပြုတဲ့ ဘယ်လုပ်ငန်းကိုမှ လုပ်ခွင့်မပေးဘူးဆိုတာကို အချက်ပြတဲ့အနေနဲ့ ဒုဗိုလ်ချုပ်ကြီး ၂ ဦးအပါအဝင်စစ်တပ်အရာရှိကြီး ၁၅ ဦးကို စီးပွားရေးနဲ့ ပတ်သက်တဲ့ရာဇဝတ်မှုတွေနဲ့ ဖမ်းဆီးခဲ့ပါတယ်။

အဂတိမှုကို အကြောင်းပြပြီး စစ်တပ်အရာရှိကြီးတွေကို ဖယ်ရှားလိုက်တာက အဆန်းမဟုတ်ပေမဲ့ ထောင်ချတာတွေနဲ့ ပိုင်ဆိုင်မှု သိမ်းယူတာတွေ အပါအဝင်ပြင်းထန်ပြီး မှန်းမရတဲ့ အပြစ်ပေးအရေးယူမှုတွေကတော့ မကြုံစဖူးပါပဲ။ ဒါကြောင့်ပဲ စစ်တပ်အရာရှိကြီးတွေအကြား မကျေနပ်မှုတွေနဲ့ မလုံခြုံမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာပြီး တပ်တွင်းသစ္စာခံမှုကို ထိခိုက်လာစေခဲ့ပါတယ်။

အရာရှိအင်အားဖောင်းပွလာတာက စစ်မှုထမ်းရာကရမယ့် အကျိုးခံစားခွင့်တွေကိုလည်း လျော့ပါးသွားစေပါတယ်။ ယခင်က အရာရှိတစ်ဦးဟာ ဗိုလ်မှူးအဆင့်ရောက်တာနဲ့ အထူးအခွင့်အရေးတွေ စတင်ခံစားရလေ့ရှိပါတယ်။ အဲဒီအဆင့်အောက်က စစ်သားတွေနဲ့ မိသားစုဝင်တွေကတော့ ၎င်းတို့အထက်အရာရှိတွေကို အလုပ်အကျွေးပြုရင်း တော်ရုံဘဝနဲ့ နေကြရပါတယ်။

မင်းအောင်လှိုင်ရဲ့သူကောင်းပြု အခင်းအကျင်းအသစ်မှာတော့ အလယ်အလတ်အဆင့်အရာရှိတွေကို ပိုပြီးသစ္စာရှိလာအောင် ရည်ရွယ်ပြီး မကြာသေးခင်က ရာထူးတိုးမှုထဲမှာ ၄င်းတို့တော်တော်များများကို အဲဒီလိုအကျိုးခံစားခွင့်တွေကို တပါတည်းပေးလိုက်ပါတယ်။ အရင်က ဗိုလ်မှူးတယောက်ကိုတပ်သား ၁၀၀ ကနေ ၁၅၀ အထိ ကြီးကြပ်ခဲ့ရပေမဲ့ အခုတော့ တော်တော်များများ ၅၀ ထက်မပိုတော့ပါဘူး။

အရာရှိကြီးတွေဟာ တောင်းဆိုမှုများလာပြီး အပြစ်ပေးကြမ်းလာတဲ့ နေပြည်တော် (မင်းအောင်လှိုင်) နဲ့ ရင်ဆိုင်လာရသလို၊ အလတ်တန်းအရာရှိတွေဟာလည်း စစ်တပ်ထဲဝင်လို့ရတဲ့ အကျိုးခံစားခွင့်တွေ နည်းပါးလာတာနဲ့ ကြုံလာရပါတယ်။ ဒီလိုချဉ်းကပ်မှုက မင်းအောင်လှိုင်လိုချင်တဲ့အတိုင်း ဗဟိုချုပ်ကိုင်မှုအာဏာအပြည့်ရအောင် လုပ်နိုင်မလား၊ ဒါမှမဟုတ် တပ်တွင်းမတည်ငြိမ်မှုတွေကို ဖြစ်လာစေမလားဆိုတာကတော့ အတတ်မပြောနိုင်သေးဘူး။

*

မတူညီတဲ့ တပ်တွင်းသစ္စာခံပုံများ

စစ်တပ်ထဲဝင်လို့ ရမယ့် စီးပွားရေး (ငွေရလမ်း)၊ လူမှုရေး(လူတောတိုးမှု)နဲ့ အတွေးအခေါ်ဆိုင်ရာ တွန်းအားတွေဟာ တစတစပျက်ပြားသွားသလို၊ စိတ်ဓာတ်နဲ့ တပ်တွင်းသစ္စာခံမှုတွေကလည်း အလားတူ ယိုယွင်းလာပါတယ်။ ဒီလိုယိုယွင်းလာတာတွေကို မြန်မာစစ်တပ်တွင်းက လူတန်းစားအလိုက် မတူညီကြတာကို သုံးလွှာခွဲပြီးကြည့်နိုင်ပါတယ်။

ပထမဆုံးအနေနဲ့ အောက်ခြေတပ်သားတွေဟာ သိသိသာသာကို စိတ်ဓာတ်ပျက်ပြားသွားပါပြီ။ ၎င်းတို့တော်တော်များများဟာ မြို့နဲ့မနီးတဲ့ ရွာတပ်စခန်းတွေမှာ တသီးတခြားဖြစ်နေရပြီး တော်လှန်ရေးတပ်တွေက ဝန်းရံပိတ်ဆို့ထားကာ ရိက္ခာနဲ့အခြေခံအထောက်အပံ့တွေလည်း အလုံအလောက်မရနေကြပါဘူး။

သူတို့အနေနဲ့ မင်းအောင်လှိုင် ဒါမှမဟုတ် စစ်ကောင်စီအတွက် အနစ်နာခံလိုစိတ် မရှိကြတော့အပြင်၊ ၄င်းတို့ကိုယ်တိုင်က  ဗုဒ္ဓဘာသာ ဗမာလူမျိုးအချင်းချင်း ရက်စက်ကြမ်းကြုတ်မှုတွေ ကျူးလွန်ဖို့ တပ်ထဲဝင်ခဲ့ကြတာမဟုတ်ပါဘူး။ ဒါကြောင့်ပဲ ရှေ့တန်းမှာ လက်နက်ချတာတွေ၊ ဘက်ပြောင်းတာတွေနဲ့ တပ်ပြေးတာတွေ များလာပြီး စစ်ကောင်စီတပ်ရဲ့ တိုက်ပွဲစွမ်းရည်ကို သိသိသာသာ အထိနာစေခဲ့ပါတယ်။

ဒုတိယအနေနဲ့ အလယ်အလတ်အဆင့် အရာရှိတွေကတော့  အလွန်သစ္စာစောင့်သိခဲ့ကြပြီး ၁၀၂၇ စစ်ဆင်ရေးနဲ့ တော်လှန်ရေးတပ်တွေ နယ်မြေတွေမသိမ်းခင်အထိ စိတ်ဓာတ်ရေးရာ ပုံမှန်အားဖြင့် တက်ကြွသူများဖြစ်ခဲ့ကြပါတယ်။ ၁၀၂၇ စစ်ဆင်ရေးမှာတော့ မြန်မာစစ်တပ်ရဲ့ ခြေလျင်တပ်ရင်းတွေ၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်နဲ့ တိုင်းစစ်ဌာနချုပ်က တပ်မှူးအတော်များများ ဖမ်းဆီးခံခဲ့ရပါတယ်။

တပ်ရင်းတပ်ဖွဲ့ အနည်းငယ်သာခုခံခဲ့ပြီး နောက်ဆုံး လားရှိုးနဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တစ်ခုလုံး ကျသွားတဲ့အထိ ဖြစ်စေခဲ့ကာ မြန်မာစစ်တပ်သမိုင်းမှာ ရာဇဝင်ဆိုး ဖြစ်ခဲ့ပါတယ်။

ဒီလိုအပြောင်းအလဲတွေက စစ်တပ်ရဲ့ အလယ်တန်းစားအလွှာကို အကြီးအကျယ် ထိတ်လန့်စေခဲ့ပါတယ်။ ဒါကြောင့်လည်း တပ်အတွင်း အာခံတာတွေ သိသိသာသာ ပေါ်ထွက်လာပါတယ်။ တပ်မှူးတွေအနေနဲ့ စိတ်လိုက်မာန်ပါလုပ်ဖို့က အရမ်းခက်ခဲပြီး ပေးဆပ်ရမှာလည်း များပါတယ်။ တပ်မှူးတွေအနေနဲ့ တပ်ကထွက်ပြေးရင်လည်း တော်လှန်ရေးဘက်က အပြစ်ပေးမှာကြောက်သလို သူတို့မိသားစုကို စစ်ကောင်စီက ဒုက္ခပေးမှာလည်း စိုးနေပါတယ်။

ဒီအလွှာထဲကသူတွေ သစ္စာဖောက်မှာကို ကာကွယ်တားဆီးဖို့ မင်းအောင်လှိုင်ဟာ အတွေ့အကြုံရင့် တပ်မှူး ဒါဇင်ပေါင်းများစွာကို နယ်ပြောင်းတာ၊ ဖယ်ရှားတာ ဒါမှမဟုတ် ဖမ်းဆီးတာတွေလုပ်ပြီး တခြား တိုက်ပွဲအတွေ့အကြုံနုသူတွေနဲ့ အစားထိုးခဲ့ပါတယ်။ အဲလို အပြောင်းအလဲတွေက စစ်တပ်ရဲ့ တိုက်ပွဲစွမ်းရည်ကို အားနည်းစေပေမဲ့ သစ္စာဖောက်တာတွေတော့ ကန့်သတ်နိုင်ခဲ့ပါတယ်။ အဆုံးစွန်အားဖြင့် စစ်တပ်ကို ပိုမိုယိုင်လဲပြိုကွဲစေချင်ရင်တော့ ဒီအလယ်အလတ်အလွှာက စစ်တပ်အပေါ် သစ္စာစောင့်သိမှု မရှိတော့ဖို့ လိုပါမယ်။

တတိယအလွှာကတော့ နေပြည်တော်မှာ အများစုအခြေစိုက်ကြတဲ့ အရာရှိကြီးတွေပဲဖြစ်ပါတယ်။ လားရှိုးကျပြီး မန္တလေးကို တော်လှန်ရေးတပ်တွေ စစ်ဆင်ရေးမစခင်အထိ သူတို့တွေ လုံခြုံတယ်လို့ ထင်ခဲ့ကြပါတယ်။ လားရှိုးကျတော့ တပ်တွင်းမှာ မကျေနပ်ချက်တွေနဲ့ လောင်မြိုက်ခဲ့ကြပါတယ်။

မင်းအောင်လှိုင်ဟာ တပ်တွင်း အာခံတာတွေ မရှိအောင် အရာရှိကြီးတွေကို အလတ်တန်းအရာရှိတွေလိုပဲ နယ်ပြောင်းတာ၊ ဖမ်းဆီးတာ ဒါမှမဟုတ် ဖယ်ရှားတာတွေ လုပ်ဆောင်ခဲ့ပြီး၊ အာဏာသိမ်းပြီးကတည်းက အရာရှိကြီး ၁၀၀ ကျော် တာဝန်ပြောင်းရွှေ့ခံရကာ ၅၀ လောက် ရာထူးမှ ဖယ်ရှားခံ သို့မဟုတ် အဖမ်းခံခဲ့ရပါတယ်။ ပြင်ဦးလွင် ဒါမှမဟုတ် တခြားအဓိကကျတဲ့ နေရာတွေသာ တော်လှန်ရေးတပ်တွေ သိမ်းသွားနိုင်ခဲ့ရင် ဒီအခြေအနေတွေဟာ ထိန်းမနိုင်လောက်အောင် ကြီးထွားလာနိုင်ပါတယ်။

*

တိုးပွားလာနိုင်တဲ့ နောက်ဆက်တွဲတပ်တွင်းအာခံမှုများ

မျက်မှောက်အချိန်အထိ မကြုံဖူးလောက်အောင် ဘက်ပြောင်းတာတွေ၊ တပ်ပြေးတာတွေနဲ့ တိုက်ပွဲမရှိဘဲ လက်နက်ချအညံ့ခံတာတွေ မြင်တွေ့ခဲ့ရပါတယ်။ (မယုတ်မလွန်ခန့်မှန်းရရင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅,၈၀၀ လောက် ဘက်ပြောင်းလာပြီး တပ်ပြေး ၁၅,၀၀၀ လောက်ရှိမယ်လို့ ခန့်မှန်းကြတယ်)။ မြန်မာစစ်တပ်အနေနဲ့ ပြည်သူလူထုအပေါ် ဆက်ပြီး တိုက်ခိုက်နေသရွေ့၊ တပ်မှူးတွေနဲ့ အရာရှိကြီးတွေအကြား ဒီလိုလုပ်ရပ်တွေ ပိုပြီး အဖြစ်များလာမှာပါ။

တပ်တွင်းသစ္စာခံမှုအပေါ် အထိခိုက်ဆုံးဖြစ်စေမဲ့ ပုံစံနှစ်မျိုးက ဘက်ပြောင်းတာနဲ့ တပ်ပြေးတာဖြစ်ပြီး အဲလိုလုပ်ချင်စိတ်နဲ့ အဲလိုလုပ်ဖို့အခွင့်အလမ်း ထပ်တူကျဖို့လိုပါတယ်။ ဘက်ပြောင်းဖို့ ဒါမှမဟုတ် တပ်ပြေးဖို့ ဆုံးဖြတ်တဲ့အခါ သက်ရောက်စေမဲ့အရာတွေက စစ်သားတဦးချင်းစီရဲ့ စွန့်စားနိုင်တဲ့အပေါ် မူတည်ပြီး မတူညီနိုင်ဘူးဆိုပေမဲ့ အများအားဖြင့် အောက်ကအချက်တွေ ပေါင်းစပ်ပါဝင်နေပါတယ်။

– တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲမှာရင်ဆိုင်ရရင် အဖမ်းခံရမှာ၊ အသတ်ခံရမှာဆိုပြီး (မြေပြင် ခြိမ်းခြောက်မှု) ဒါမှမဟုတ် စစ်ကောင်စီ နိုင်မှာမဟုတ်ဘူးဆိုပြီး (နိုင်ငံလုံးဆိုင်ရာ ခြိမ်းခြောက်မှု) ယူဆတာ။

– စစ်ကောင်စီအပေါ် စိတ်ပိုင်းဆိုင်ရာ နာကြည်းသွားတာ ဒါမှမဟုတ် ခံယူချက်မတူညီတော့တာ။

– တပ်ကရတဲ့ စီးပွားရေးနဲ့ လူနေမှု အကျိုးခံစားခွင့်တွေထက်ပိုပြီး ရင်းနှီးပေးဆပ်နေရတာ။

– တော်လှန်ရေးအင်အားစုတွေနဲ့ လုံလုံခြုံခြုံ ဆက်သွယ်နိုင်တာ။

– တော်လှန်ရေးတပ်တွေရဲ့ ထိန်းချုပ်နယ်မြေတွေထဲ လုံလုံခြုံခြုံ ပြောင်းရွှေ့နိုင်တာ။

– ဘယ်ကိုပဲရွှေ့ရရွှေ့ရ တော်လှန်ရေးသမားတွေနဲ့ ပြည်သူတွေက လက်ခံကြမယ်လို့ ယူဆတာ။

– တော်လှန်ရေးနယ်မြေအတွင်း လူနေမှုအဆင့်အတန်းရှိရှိ နေထိုင်နိုင်မယ်လို့ ယူဆတာတွေပါပဲ။

တပ်မှူးအဆင့်တွေ ဘက်ပြောင်းဖို့ ဒါမှမဟုတ် တပ်ပြေးဖို့အထိ ဒီအခြေအနေမျိုး သူတို့မှာ သေချာမရှိနေသေးပါဘူး။

ဘက်ပြောင်းလာသူတွေ၊ တပ်ပြေးလာသူတွေနဲ့ စစ်သုံ့ပန်းတွေကို လက်ခံပေးဖို့ အရင်းအမြစ်တွေ တော်လှန်ရေးအဖွဲ့တွေဖက်က အတော်လေးကုန်ကျခံကြိုးပမ်းမှုတွေကတော့ လေးစားစရာပါပဲ။ ဒါပေမဲ့ လက်ခံပေးထားရတဲ့ အရေအတွက်က တိုးပွားလာနေပြီး ပံ့ပိုးပေးဖို့ အရင်းအမြစ်တွေက နည်းပါးလာနေပါတယ်။

ဘက်‌ပြောင်းလာသူတွေ၊ တပ်ပြေးတွေနဲ့ စစ်သုံ့ပန်းတွေရဲ့ လိုအပ်ချက်တွေ ဖြည့်တင်းနိုင်ဖို့ ရည်ရွယ်ပြီး နိုင်ငံတကာက တိုက်ရိုက်အကူအညီပေးတာမျိုးလည်း မရှိသေးပါဘူး။ ဒါဟာ ကြီးမားတဲ့အခက်အခဲတခုပါ။

မြန်မာစစ်တပ်မှာ ၄င်းဆက်လက်ရပ်တည်နိုင်ဖို့ အခွင့်အရေးအခြေခံတဲ့ ဆုပေးမှုများရှိသလို၊ အပြစ်အပေါ် အခြေခံပြီး ဒဏ်ပေးတဲ့စနစ်လည်း ရှိပါတယ်။ အထိရောက်ဆုံး အရာ ၃ ခုကတော့ (၁) ခန့်မှန်းလို့မရတဲ့ တာဝန်ရွှေ့ပြောင်းချထားမှုတွေ ပုံမှန်လုပ်နေတာ၊ (၂) ရှေ့တန်းစစ်သားတွေရဲ့ မိသားစုဝင်တွေကို စစ်တန်းလျားမှာ ဓားစာခံအဖြစ် ချုပ်နှောင်ထားပြီး ဘက်ပြောင်းသွားရင် မိသားစုတွေကို အပြစ်ပေးတာတွေနဲ့ ရှေ့တန်းစစ်သားတွေရဲ့ လစာကို မိသားစုတွေဆီပေးတာ၊ (၃) စစ်သားတွေကို နည်းအမျိုးမျိုးနဲ့ စောင့်ကြည့်နေပြီး ဘက်ပြောင်းဖို့ သို့မဟုတ် တပ်ပြေးဖို့ ကြိုးစားခဲ့ရင် ပြင်းပြင်းထန်ထန် အပြစ်ပေးအရေးယူတာတွေ ဖြစ်ပါတယ်။

*

စစ်တပ်ရဲ့ ခံနိုင်ရည်အား

လတ်တလောတော့ မြန်မာစစ်တပ်ကြီး ပြိုကျသွားဖို့ဆိုတာ မဖြစ်နိုင်သေးပါဘူး။ သို့တိုင်အောင် စစ်ကောင်စီဟာ အတော်လေး အထိမခံ ဖြစ်လာနေပြီး ပိုမိုခိုင်မာအားကောင်းလာပြီး ထိရောက်လာတဲ့ တော်လှန်ရေးလှုပ်ရှားမှုကြောင့် စစ်ရေးရှုံးနိမ့်မှုတွေ ဆက်ကြုံနေရဦးမှာပါ။ အဆုံးတော့ စစ်ရေးရှုံးနိမ့်မှုတွေက အရေးပါတဲ့တပ်မှူးတွေရဲ့ တွက်ကိန်းကို ပြောင်းလဲစေနိုင်ပြီး စစ်ကောင်စီကို ပြိုလဲစေမှာ သို့မဟုတ် အရေးပါတဲ့ အသွင်းကူးပြောင်းမှုကြီးတွေ ဖြစ်လာစေမှာပါ။

ဘယ်အချိန်မှာ ဖြစ်မလဲဆိုတာ ခန့်မှန်းကခက်ပေမဲ့ စစ်သားတွေအတွက် အတွေးအခေါ်အရ၊ လူတောတိုးမှုနဲ့ စီးပွားရေး (ငွေရလမ်း) အရ သူတို့အတွက် အကျိုးအမြတ်မရှိတော့ဘူးဆိုရင်၊ စစ်မြေပြင်မှာအဖမ်းခံရ/ သေဆုံးရဖို့  ဒါမှမဟုတ် ကိုယ်လက်အင်္ဂါတွေ ဆုံးရှုံးဖို့ စတဲ့ အန္တရာယ်တွေ ပိုများလာတယ်ဆိုတာနဲ့တပြိုင်နက် သူတို့အတွက် စစ်တပ်ကို ကျောခိုင်းဖို့ကလွဲပြီး တခြားရွေးစရာ မကျန်တော့ပါဘူး။

***

[Ye Myo Hein နဲ့ Billy Ford တို့ ရေးသားပြီး USIP မှာ ဖော်ပြထားတဲ့ “The Myanmar Military’s Institutional Resilience” ဆိုတဲ့ ဆောင်းပါးကို ဆီလျှော်အောင််် ဘာသာပြန်ဖော်ပြခြင်း ဖြစ်ပါတယ်။]

0 Shares:
You May Also Like
Read More

မင်းအောင်လှိုင် ၁ နှစ် ၁ ခါ ပုံမှန်သွားရတဲ့ စစ်တက္ကသိုလ် ရေဆင်းကို ပြောင်းရွှေ့ဖို့ လုပ်နေလား၊ ဘာကြောင့်ဖြစ်နိုင်မလဲ

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့မှာရှိတဲ့ စစ်တက္ကသိုလ် (DSA) နဲ့ စစ်အင်ဂျင်နီယာ တက္ကသိုလ် (DSTA) ကို အာဏာသိမ်း စစ်ခေါင်းဆောင်တွေက ၉ လအတွင်း နေပြည်တော်၊ ဇေယျာသီရိမြို့နယ်က ရေဆင်းတက္ကသိုလ်ထံကို ပြောင်းရွှေ့ဖို့ စီစဉ်နေကြောင်း သတင်းများစွာ ထွက်ပေါ်နေပါတယ်။
Read More

လူငယ်တွေမရှိရင် မြန်မာပြည်အတွက် အနာဂတ်မရှိ

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံဟာ ဒေသတွင်းမှာ စစ်အသွင်အပြောင်းဆုံး လူ့အဖွဲ့အစည်းတွေထဲကတစ်ခု ဖြစ်လာခဲ့ပါတယ်။ ဒီလို အသွင်ပြောင်းလဲလာမှုဟာ တော်လှန်ရေးကို ဦးဆောင်နေကြတဲ့ မြန်မာလူငယ်တွေရဲ့ ဘဝနဲ့ အနာဂတ်အပေါ် အထူးဆိုးရွားစွာ သက်ရောက်စေပါတယ်။ လက်ရှိအချိန်ဟာ လူငယ်တွေကို မြန်မာ့နိုင်ငံရေး အနာဂတ်ရဲ့ ဗဟိုချက်မှာ ထားရှိရတော့မယ့်အချိန် ဖြစ်ပါတယ်။ 
Read More

ကမ္ဘာ့ ဘိန်းစိုက်ပျိုးထုတ်လုပ်မှု အမြင့်ဆုံး နိုင်ငံအဖြစ် မြန်မာရပ်တည်ဆဲ

မြန်မာပြည်ဟာ ကမ္ဘာပေါ်မှာ ဘိန်းနဲ့ ဘိန်းဖြူ စိုက်ပျိုးထုတ်လုပ်မှု အမြင့်ဆုံးနိုင်ငံအဖြစ် ရပ်တည်နေဆဲပဲလို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုရုံး (UNODC) က ဒီဇင်ဘာ ၁၂ ရက်မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ပြောပါတယ်။
Read More

အာဏာရှင်များနှင့် လက်ဝေခံများ ကြိုဆိုသည့် လွတ်လပ်တဲ့ သတင်းမီဒီယာများ ပိတ်ပင်ခံရမှု

လွတ်လပ်တဲ့အာရှအသံ (RFA) အပါအဝင် အမေရိကန်က ထောက်ပံ့ပေးထားတဲ့ အသံလွှင့်ဌာနတချို့အပေါ် သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ဖက်ဒရယ်ရန်ပုံငွေ ဖြတ်တောက်မှု ဆုံးဖြတ်ချက်ကို ထောက်ခံကြောင်း အတိုက်အခံတွေကို ရန်လိုဖိနှိပ်ဖြိုခွင်းခဲ့တဲ့ ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်က (မတ်လ ၁၇ ရက်) မှာ ပြောခဲ့ပါတယ်။ 
Read More

မြန်မာပြည်အလယ်ပိုင်းနဲ့ ပဲခူးအနောက်ခြမ်းမှာ ဖြစ်ပေါ်လာနိုင်တဲ့ မြို့သိမ်းတိုက်ပွဲများ

မြန်မာပြည်အလယ်ပိုင်းမှာ မြို့ပြအထိ အချိန်မရွေးတိုက်ပွဲတွေဖြစ်လာနိုင်ပြီး မြို့သိမ်းဆိုတဲ့ အခြေအနေအထိ ရှိလာနိုင်ကြောင်း တော်လှန်ရေးအင်အားစုတွေဘက်ကအခုရက်ပိုင်းအတွင်းပြောကြားမှု တွေများပြားလာပါတယ်။
Read More

BGF ခေါင်းဆောင် စောချစ်သူတို့ သားအဖ ၃ ဦးကို အမေရိကန်ဒဏ်ခတ်ပိတ်ဆို့မှု ဘာဆက်ဖြစ်နိုင်လဲ

လွန်ခဲ့တဲ့သုံးနှစ်အတွင်း အမေရိကန်တွေဆီကနေ ဘီလီယံချီတဲ့ ဆိုက်ဘာလိမ်လည်မှုတွေ လုပ်ဆောင်ခဲ့ရာမှာ ပါဝင်ကူညီခဲ့တဲ့ စစ်ကောင်စီလက်အောက်ခံ ကရင်အမျိုးသားတပ်မတော် (KNA) တာဝန်ရှိသူတွေအပေါ် အမေရိကန်က မေလ ၅ ရက်မှာ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ခဲ့ပါတယ်။