တရုတ်ဝန်ကြီးချုပ် ဦးဆောင်မယ့် မဟာမဲခေါင်ဒေသခွဲ (GMS) ရဲ့ထိပ်သီးအစည်းအဝေးကို မင်းအောင်လှိုင်တက်ရောက်မယ့်အကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်က နိုဝင်ဘာ ၄ ရက်မှာ အတည်ပြုပြောဆိုပါတယ်။

မင်းအောင်လှိုင်ဟာ တရုတ်၊ မြန်မာ၊ ထိုင်း၊ လာအို၊ ဗီယက်နမ်နဲ့ ကမ္ဘောဒီးယားတို့ ပါဝင်တဲ့ GMS အဖွဲ့ရဲ့ နှစ်ရက်ကြာ ထိပ်သီးအစည်းအဝေးကို တက်ရောက်ဖို့ တရုတ်ပြည် အနောက်တောင်ပိုင်း ကူမင်းမြို့ကိုဗုဒ္ဓဟူးနေ့မှာသွားရောက်မှာပါ။

ကမ္ဘာကြီး နလန်ပြန်ထူလာဖို့ အားနည်းနေပြီး ပထဝီဝင်နိုင်ငံရေး မငြိမ်မသက်ဖြစ်နေတဲ့ အခြေအနေမှာ စည်းလုံးညီညွတ်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းလာစေဖို့၊ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ သာယာဝပြောရေးကို အာရုံစိုက်ဖို့ လိုအပ်ချက်တွေက ပိုမိုသိသာထင်ရှားလာတယ်လို့မော်နင်ကပြောပါတယ်။

ဒေသတွင်း အပြန်အလှန် ဆက်သွယ်မှု၊ ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး၊ ဘက်ပေါင်းစုံနဲ့ နက်ရှိုင်းတဲ့ ဆက်ဆံရေးကို ကိုင်စွဲထားဖို့ တရုတ်ဘက်က မျှော်လင့်ကြောင်းသူမကပြောပါသေးတယ်။

GMS ထိပ်သီးအစည်းအဝေးကို တရုတ်ဝန်ကြီးချုပ် လီကျင်းက သဘာပတိအဖြစ် ဆောင်ရွက်သွားမယ်လို့လည်း မော်က ဆိုပါတယ်။

လာမယ့်ဗုဒ္ဓဟူးနေ့မှာသွားရောက်မယ့်စစ်ခေါင်းဆောင်ရဲ့ကူမင်းခရီးစဉ်ဟာအာဏာသိမ်းပြီးနောက်ပိုင်းမင်းအောင်လှိုင်ရဲ့ပထမဆုံးတရုတ်ခရီးစဉ်တစ်ခုဖြစ်လာပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်းကမ္ဘာ့အသိုင်းအဝိုင်းကြားအပယ်ခံဖြစ်နေတဲ့စစ်ခေါင်းဆောင်ဟာသူ့ရဲ့အဓိကမဟာမိတ်ဖြစ်တဲ့တရုတ်နဲ့ရုရှားကိုစစ်ရေး၊နိုင်ငံရေးအရအထူးအားကိုးနေတာဖြစ်ပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း မင်းအောင်လှိုင်ဟာ ရုရှားကို အကြိမ်ကြိမ်သွားရောက်ခွင့်ရခဲ့ပြီး သမ္မတပူတင်နဲ့ တွေ့ဆုံနိုင်ခဲ့ပေမယ့် သူ့ရဲ့ ပထမဆုံး တရုတ်ခရီးစဉ်ကတော့ ၃ နှစ်ကျော်ကြာမြင့်ခဲ့ပြီး တရုတ်သမ္မတ ရှီကျင့်ပင်နဲ့ တွေ့နိုင်ဖို့တော့ မသေချာလှပါဘူး။

မူရင်း – AFP/ Myanmar junta chief to visit China for first time since coup

0 Shares:
You May Also Like
Read More

မန္တလေး PDF စစ်ကိုင်းတိုင်းအတွင်း တပ်မဟာအသစ်ဖွဲ့စည်းပြီး ၂၀၂၅ မှစ၍ စစ်ဆင်ရေးအရှိန်အဟုန် တိုးမြှင့်သွားမည်

မန္တလေး PDF အနေနဲ့ ၂၀၂၅ ခုနှစ်အတွင်း စစ်ကိုင်းတိုင်းထဲမှာ တပ်မဟာအသစ်တစ်ခုဖွဲ့စည်းပြီး စစ်ဆင်ရေးအရှိန်အဟုန်ကို တိုးမြှင့်ဖော်ဆောင်သွားမယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က ဒီကနေ့ ဒီဇင်ဘာ ၃၀ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

ကိုယ်လက်အင်္ဂါ ဆုံးရှုံးခဲ့သည့် ဒီမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်၊ ရဲမေများကို ထောက်ပံ့ငွေပေးအပ်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒီမော့ဆိုမြို့နယ်က ကိုယ်လက်အင်္ဂါ ဆုံးရှုံးခဲ့ရတဲ့ ရဲဘော် ရဲမေတွေကို ထောက်ပံ့ကြေးပေးအပ်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒီမော့ဆိုမြို့နယ် - DMO Local PDF က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ရုရှားနိုင်ငံတွင် ပြုလုပ်မည့် ကမ္ဘာ့အဏုမြူ ဖိုရမ်တက်ရန် အကြမ်းဖက် မင်းအောင်လှိုင် ယနေ့မနက် ထွက်ခွာ

အာဏာလု အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ကမ္ဘာ့အဏုမြူ ဖိုရမ်-၂၀၂၅ ကို တက်ရောက်ဖို့အတွက် နေပြည်တော်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ ထွက်ခွာသွားတယ်လို့ စစ်တပ်လော်ဘီတွေနဲ့ စစ်တပ်အားပေး သတင်းထုတ်ပြန်ရေးတွေက ဖော်ပြထားပါတယ်။
Read More

ထီဘောဂေါ် စစ်ဘေးရှောင်စခန်းမှာ မိဘမဲ့ကလေးတွေအတွက် စားနပ်ရိက္ခာ လိုအပ်ချက်တွေရှိနေ

ကရင်ပြည်နယ်၊ ဝေါလေကျေးရွာအနီးမှာရှိတဲ့ ထီဘောဂေါ်စစ်ဘေးရှောင်စခန်းက မိဘမဲ့ကလေးငယ်တွေအတွက် စားနပ်ရိက္ခာ အခက်အခဲတွေရှိနေကြောင်း စစ်ဘေးရှောင်အရေး ကူညီနေသူတွေဆီက သိရပါတယ်။ ကရင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် မိဘမဲ့ဖြစ်နေကြရပြီး စစ်ဘေးရှောင်ရင်း မူလတန်းပညာသင်ကြားနေရတဲ့ ဒီကလေးငယ်တွေဟာ ရေဘေးဒဏ်တွေကိုပါ ထပ်မံခံစားနေရတာ ဖြစ်ပါတယ်။
Read More

အတင်းအဓမ္မ တပ်သားစုဆောင်းခံခဲ့ရသည့် ခမရ ၅၅၈ က တပ်ကြပ်ကြီး အပါအဝင် တပ်သား (၇) ဦး လက်နက်များနှင့် အလင်းဝင်

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်အခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ ခမရ ၅၅၈ မှာ  တာဝန်ကျနေတဲ့ တပ်ကြပ်ကြီး ၁ ယောက် အပါအဝင် စစ်ကောင်စီတပ်သား ၇ ယောက် လက်နက်တွေနဲ့ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဒေါနစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။
Read More

ရှင်ပြုပွဲလုပ်မည့်နေအိမ် စက်တပ်လေထီးဖြင့် ဗုံးကြဲခံရ၊ မောင်ရှင်လောင်းနှင့် အလှူ့ဒါယိကာ သားအဖ အပါအဝင် ၃ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ စက်တပ်လေထီးနဲ့ ဗုံးသီးကြဲတိုက်ခိုက်မှုကြောင့် ရှင်ပြုအလှူလုပ်မယ့် မိသားစုထိခိုက်ကာ ၁၂နှစ်အရွယ် ကလေးငယ် ၁ယောက်အပါအဝင် ၃ယောက်သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ ၃ယောက်ရှိခဲ့ကြောင်း Chaung U Revolution ထံက သိရပါတယ်။