ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ဆင်ရိုးခင်ကျေးရွာက အကြမ်းဖက်စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ  ၃ ယောက် သေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသက  ထုတ်ပြန်ထားပါတယ်။

ဆင်ရိုးခင်ကျေးရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၂ စစ်ဒေသခွဲ၊ တပ်ရင်း ၃၇၀၂၊ အထူးကွန်မန်ဒိုတပ်ရင်း ရိုးမ ၂ စစ်ကြောင်းနဲ့ KNLA တပ်ရင်း ၉ ပူးပေါင်းတပ်ဖွဲ့တို့က နိုဝင်ဘာ ၁ ရက်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၃ ယောက် သေဆုံးခဲ့တာပါ။

(ဓာတ်ပုံ ပဲခူးခရိုင် ၊ အမှတ် – ၂ တပ်ရင်း ၊ P2-3702)
(ဓာတ်ပုံ ပဲခူးခရိုင် ၊ အမှတ် – ၂ တပ်ရင်း ၊ P2-3702)

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဆီက G3 ၁ လက်၊ G3 ကျည် ၁၇၄ တောင့်၊ G3 ကျည်ဘောက် ၃ ခု၊ ကိုးလုံးကျည် (၂၉) တောင့် နဲ့ အခြားလက်လုပ်သေနတ်တွေကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲဖြစ်ပွားပြီးနောက် အထိနာသွားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဟာ ဆင်ရိုးခင်ကျေးရွာထဲ လက်နက်ကြီးတွေ ပစ်ခတ်ခဲ့ရာ ပြည်သူ ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

(ဓာတ်ပုံ ပဲခူးခရိုင် ၊ အမှတ် – ၂ တပ်ရင်း ၊ P2-3702)
(ဓာတ်ပုံ ပဲခူးခရိုင် ၊ အမှတ် – ၂ တပ်ရင်း ၊ P2-3702)
0 Shares:
You May Also Like
Read More

အာဏာသိမ်းစစ်အုပ်စု၏ ရွေးကောက်ပွဲမှာ ထောက်ပံ့ကူညီမှုများ မလုပ်ဆောင်ကြဖို့ ချင်းပြည်သူများကို ICNCC သတိပေး

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲမှာ မပါဝင်ဘဲ ထောက်ပံ့ကူညီခြင်းတွေလည်း မလုပ်ဆောင်ဖို့ ချင်းပြည်သူတွေကို ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ ICNCC က သတိပေး ပြောဆိုလိုက်ပါတယ်။
Read More

ကျားသစ်နက်တပ်မတော် တပ်တည်ထောင်ခြင်း (၃) နှစ်ပြည့် အဖြစ် နွေဦးရွက်ကြွေဇရပ်

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကျားသစ်နက်တပ်မတော်ရဲ့ တပ်တည်ထောင်ခြင်း (၃) နှစ်ပြည့် အဖြစ် နွေဦးရွက်ကြွေ ဇရပ်ဆောက်လုပ်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
Read More

ရွှေပြည်သာတွင် မဲရုံလုပ်မည့် အမှတ်(၁၃) ရပ်ကွက်ရုံးအား ပြောက်ကျားတပ်ဖွဲ့မှ ဗုံးခွဲတိုက်ခိုက်

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်က အကြမ်းဖက်စစ်ကော်မရှင်ရဲ့အတုအယောင်ရွေးကောက်ပွဲလုပ်ဆောင်ရာ အမှတ် (၁၃) ရပ်ကွက်ရုံးကို ဇန်နဝါရီ လ ၇ ရက်၊ ဒီနေ့ညနေပိုင်းမှာ လက်ပစ်ဗုံးတွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ The Blood Line အဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ဝမ်းတွင်းတွင် ဘော်ဒါနေ ကျောင်းသားပါမချန် စစ်ကောင်စီ ပေါ်တာဆွဲဖမ်းဆီး၊ စစ်ရှောင်လာသူများကို လက်မခံကြဖို့လည်း စစ်တပ်နှင့် ရပ်ကွက်အာဏာပိုင်များက လိုက်လံအမိန့်ပေးနေ

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်မှာ စစ်ကောင်စီက မြို့အနှံ့ပတ်ပြီး ပေါ်တာဆွဲဖမ်းဆီးတာတွေ နေ့စဥ်ရက်ဆက် လုပ်ဆောင်နေသလို စစ်ဘေးရှောင်လာသူတွေကိုလည်း မြို့နယ်အတွင်း လက်မခံဘဲ မောင်းထုတ်နေကြောင်း Voice Of Wundwin အဖွဲ့တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

စစ်ဒေသတွေတိုးချဲ့နေတဲ့ BPLA က အညာဒေသအတွက် တပ်သားသစ်တွေ ခေါ်ယူ

စစ်ဒေသတွေတိုးချဲ့နေပြီး အညာဒေသမှာအခြေစိုက်မယ့် BPLA ကတပ်သားသစ်များ ခေါ်ယူ နေတယ်လို့ အသိပေးထုတ်ပြန်ပါတယ်။
Read More

ကျိုင်းတုံ-တောင်ကြီးလမ်းမပေါ် ခရီးသည်တင်ယာဉ်တစ်စီး ချောက်ထဲထိုးကျပြီး ၇ဦးသေဆုံး

ရှမ်းပြည်နယ်၊ ကျိုင်းတုံ - တောင်ကြီးလမ်းမပေါ် စပါယ်ရှယ်တောင်အဆင်းမှာ ခရီးသည်တင်ကား ချောက်ထဲကျလို့ လူ ၂၀ ကျော်ဒဏ်ရာရရှိပြီး သေဆုံးသူတွေ ၇ ယောက်ရှိခဲ့တယ်လို့ သိရပါတယ်။