စစ်ကောင်စီကို ရာနှုန်းပြည့် ထောက်ခံအားပေးနေတဲ့ တရုတ်နိုင်ငံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်က အခုရက်ပိုင်းအတွင်း သွားရောက်မယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြလာပါတယ်။ 

ဒီခရီးစဉ်အတွင်း နိုဝင်ဘာ () ရက်နေ့နဲ့ () ရက်နေ့ ကူမင်းမှာ ပြုလုပ်မယ့် ()ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ(ဂျီအမ်အက်စ်) ထိပ်သီးအစည်းအဝေးကို တက်ရောက်မယ်လို့လည်း ဖော်ပြထားပါတယ်။

ဒါ့အပြင် (၁၀)ကြိမ်မြောက် ဧရာဝတီကျောက်ဖရားမဲခေါင် စီးပွါးရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ ထိပ်သီးအစည်းအဝေးနဲ့ (၁၁) ကြိမ်မြောက် ကမ္ဘောဒီးယားမြန်မာလာအိုဗီယက်နမ် ထိပ်သီးအစည်းအဝေးတွေကို တက်ရောက်မယ်လို့လည်း ဖော်ပြထားပါတယ်။

တက်ကြွလှုပ်ရှားတဲ့ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ တော်လှန်ရေးအင်အားစုတွေ ကန့်ကွက်နေတဲ့ကြားက တရုတ်နိုင်ငံဟာ အာဏာသိမ်းစစ်ခေါင်းဆောင်ကို ပြည်ပခရီးစဉ်အဖြစ် ဖိတ်ခေါ် အသိအမှတ်ပြုလိုက်တာလည်း ဖြစ်ပါတယ်။

တရုတ်နိုင်ငံဟာ ၁၀၂၇ စစ်ဆင်ရေးကြောင့် မြောက်ပိုင်းညီနောင်မဟာမိတ် ၃ဖွဲ့ကိုလည်း အပြင်းအထန် ခေါ်ယူ ဖိအားပေးမှုတချို့ ပြုလုပ်လျက်ရှိပါတယ်။

ဒါ့အပြင် ရှမ်းမြောက်နဲ့ ကချင်က တရုတ်နယ်စပ်ကုန်သွယ်ရေးစခန်းတွေကို တရုတ်ဘက်က ပိတ်လိုက်ပြီး  စစ်ကောင်စီ အသာရဖို့ ကူညီမှုတွေ ပြုလုပ်လျက်ရှိနေပါတယ်။

0 Shares:
You May Also Like
Read More

ကံထူးမရွာ လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း သေဆုံးသူ ၁၂ ယောက် အထိရှိလာပြီး ထိခိုက်ဒဏ်ရာပြင်းထန်သူ အယောက် ၂၀ ကျော် ရှိနေ

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ကံထူးမရွာ လေကြောင်းတိုက်ခိုက်မှုဖြစ်စဥ်မှာ သေဆုံးသူ ၁၂ယောက်အထိ ရှိလာပြီဖြစ်ပြီး ထိခိုက်ဒဏ်ရာပြင်းထန်သူတွေလည်း ရှိထားကြောင်း People's Defense Comrade တာဝန်ရှိသူက မောင်းကို ပြောပါတယ်။ ​
Read More

အုတ်ဖိုတွင် ​​စစ်​ကောင်စီ စစ်ကြောင်းထိုးကာ စီမံချက်ဖြင့် ပေါ်တာဆွဲနေ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက စစ်ကြောင်းထိုးဝင်ရောက်ဖို့ ပြင်ဆင်နေပြီး ကျေးရွာတွေမှာ ပေါ်တာဆွဲဖမ်းဆီးတာတွေ လုပ်ဆောင်နေတယ်လို့ အုတ်ဖိုအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ယောက်က မောင်းကိုပြောပါတယ်။
Read More

မတ္တရာမြို့နယ်အတွင်းမှာ ဖမ်းဆီးရမိထားသည့် မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီး

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်း ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝန်မှုကြီးကြပ်ရေး ဝန်ကြီးဌာနက မေလ ၃၁ ရက် မနေ့က ထုတ်ပြန်ပါတယ်။
Read More

ဆင်ပေါင်ဝဲမှာ စစ်ကြောင်းထိုးလာသည့် စစ်တပ်ကို မိုင်းဆွဲတိုက်ခိုက်၊ ၆ ဦးထက်မနည်း သေပြီး ၁၀ ဦးကျော် ဒဏ်ရာရ

မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်၊ ကိုးပင်-သာဂရလမ်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ခြေလျင်စစ်ကြောင်းကို  မိုင်းဆွဲတိုက်ခိုက်ရာ ၆ ယောက်ထက်မနည်း သေပြီး ၁၀ ယောက် ဒဏ်ရာရသွားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသ၊ သရက်ခရိုင်အမှတ် (၁) တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

အလင်းဝင်မယ့် စစ်သား ၇ ယောက်ကို သွားခေါ်ရင်း ဒဏ်ရာရခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် ၂ ယောက် ပြန်လည်သက်သာလာ…

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်မှာ အဓမ္မစစ်မှုထမ်းခဲ့ရတဲ့ စစ်သား ၇ ယောက် အလင်းဝင်လာတာကို သွားရောက်ခေါ်ဆောင်ချိန် ဒဏ်ရာရခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့က ရဲဘော် ၂ ယောက် ဒဏ်ရာတွေကနေ ပြန်လည်သက်သာလာပြီဖြစ်တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ - နေပြည်တော်က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။