စစ်ကာင်စီရဲ့ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီတချို့နဲ့ အပစ်ရပ် လက်နက်ကိုင်အဖွဲ့တချို့ဟာ အိန္ဒိယနိုင်ငံကို လေ့လာရေးခရီးစဉ် တစ်ခု သွားရောက်နေတယ်လို့ စစ်ကောင်စီ ဝါဒဖြန့်မီဒီယာတွေမှာ ဖော်ပြပါတယ်။

နိုင်ငံရေးပါတီ ၁၁ ခုနဲ့ အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်တွေဟာ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ ပြုလုပ်မယ့်ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ဖက်ဒရယ်စနစ်ဆိုင်ရာဆွေးနွေးပွဲကို သွားရောက်တာလည်း ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာလုပ်မည့် “ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ဖက်ဒရယ်စနစ်ဆိုင်ရာ” ဆွေးနွေးပွဲကို တက်ရောက်ဖို့ သွားရောက်ကြသူများအား ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်နေ့က တွေ့ရစဥ် (ဓာတ်ပုံ ပြည်သူ့ပါတီ)

နိုဝင်ဘာ ၄ရက်နေ့ကနေ ၇ ရက်နေ့အထိ ကြာမြင့်မယ့် အိန္ဒိယနိုင်ငံခရီးစဉ်မှာ ပြည်သူ့ပါတီက ဦးကိုကိုကြီး၊ အရပ်သားအစိုးရလက်ထက်မှာ ငြိမ်းချမ်းရေးအကျိုးဆောင်အဖြစ် ဆောင်ရွက်ခဲ့သူ ဦးလှမောင်ရွှေတို့လို လူသိများတဲ့သူတချို့ အဓိက ပါဝင်သွားတယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ထောက်ခံပြီး စစ်ကောင်စီနဲ့ ပတ်သက်ဆက်နွယ်နေသူတွေကို အိန္ဒိယက အလေးပေး ဖိတ်ကြားခဲ့တာဖြစ်လို့ အရပ်ဘက်အဖွဲ့အစည်းတချို့က ဝေဖန်ကန့်ကွက်ထားကြပါတယ်။

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာလုပ်မည့် “ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ဖက်ဒရယ်စနစ်ဆိုင်ရာ” ဆွေးနွေးပွဲကို တက်ရောက်ဖို့ သွားရောက်ကြသူများအား ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်နေ့က တွေ့ရစဥ် (ဓာတ်ပုံ ပြည်သူ့ပါတီ)
အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာလုပ်မည့် “ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ဖက်ဒရယ်စနစ်ဆိုင်ရာ” ဆွေးနွေးပွဲကို တက်ရောက်ဖို့ သွားရောက်ကြသူများအား ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်နေ့က တွေ့ရစဥ် (ဓာတ်ပုံ ပြည်သူ့ပါတီ)
0 Shares:
You May Also Like
Read More

ကျားဖြန့်ဆိုတာ ဘာမှန်းသေချာမသိကြောင်းနှင့် မိမိ လုံး၀မပတ်သက်ကြောင်း စောချစ်သူ ငြင်းဆို

ကျားဖြန့်လုပ်ငန်းတွေနဲ့ မိမိဟာ လုံး၀ပတ်သက်ခြင်းမရှိဘူးလို့  ကရင်နယ်ခြားစောင့်တပ် (BGF/KNA) အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီးစောချစ်သူက ပြောပါတယ်။
Read More

စစ်ကိုင်းမှာ လုံလောက်သည့် ကယ်ဆယ်ရေးများ မရောက်ရှိသေးတာကြောင့် အခက်အခဲများနှင့် ရင်ဆိုင်နေရ

ငလျင်ဒဏ်ကြောင့် အသေအပျောက် များပြားနေတဲ့ စစ်ကိုင်းမြို့မှာ လူနာအရေအတွက်နဲ့ ဆေးရုံတွေ လုံလောက်မှု မရှိသလို လုံလောက်တဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေလည်း မဆောင်ရွက်နိုင်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
Read More

အညာဒေသမှာ လေကြောင်းအန္တရာယ်နှင့် လက်နက်ကြီးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဆွေးနွေးမှုများ ပြုလုပ်… (ဓာတ်ပုံသတင်း)

ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး - BLDF နဲ့ မုံရွာ-အမြင့်လမ်း သပိတ်ဦးဆောင်ကော်မတီက တော်လှန်ရဲဘော်တွေ ပူးပေါင်းပြီး လေကြောင်းအန္တရာယ်နဲ့ လက်နက်ကြီးအန္တရာယ်ဆိုင်ရာ ကြိုတင်ပြင်ဆင်ကာကွယ်ဖို့၊ ဗုံးခိုကျင်းတွေ စနစ်တကျတူးဖို့နဲ့ ဆောင်ရန်၊ ရှောင်ရန်တွေကို စိုးမိုးနယ်မြေရှိ စစ်ရှောင်ပြည်သူတွေနဲ့အတူ အသိပညာပေး ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

နမ့်ပေါင်ရွာကို စစ်ကောင်စီ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်

လားရှိုးမြို့နယ်၊ နမ့်ပေါင်ရွာကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်လို့ အရပ်သားတစ်ယောက် ဒဏ်ရာရပြီး စာသင်ကျောင်း ပျက်စီးခဲ့တယ်လို့ MNDAA က အသိပေးထုတ်ပြန်ပါတယ်။
Read More

မတ္တရာမြို့နယ်ကို စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၅ဦး ဒဏ်ရာရ၊ အိမ်မွေးတိရစ္ဆာန်များ သေဆုံး

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ကို အကြမ်းဖက်စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ ၅ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ Voice Of Mandalay ထံက သိရပါတယ်။
Read More

မတ်လ နောက်ဆုံးရက်သတ္တပတ်အတွင်း စစ်ကောင်စီတပ်သား ၁၄ ဦး အလင်းဝင်လာ

ပြီးခဲ့တဲ့ မတ်လနောက်ဆုံစရက်သတ္တပတ်အတွင်း အကြမ်းဖက်စစ်ကောင်စီကို စွန့်ခွာကာ တော်လှန်ရေးတပ်တွေဆီ ဘက်ပြောင်းခိုလှုံလာတဲ့ စစ်ကောင်စီတပ်သား ၁၄ ယောက်ရှိတယ်လို့ ပြည်သူ့ပန်းတိုင်က ဒီနေ့ ထုတ်ပြန်ပါတယ်။