အကြမ်းဖက် စစ်တပ်ရဲ့ စစ်လေယာဉ်နဲ့ ရဟတ်ယာဉ် စုစုပေါင်း ၁၉ စီးကို တော်လှန်ရေးတပ်ဖွဲ့တွေက ထိခိုက်ပျက်စီးအောင် ပျက်ကျအောင်တိုက်ခိုက်ထားနိုင်ခဲ့ပြီ ဖြစ်ကြောင်း စစ်ရေးသတင်းတွေကို သုံးသပ်ဖော်ပြနေတဲ့ PDF Insight က ဖော်ပြလာပါတယ်။

စစ်အာဏာသိမ်းခဲ့တဲ့၂၀၂၁ခုနှစ်မှစတင်ကာလက်ရှိအချိန်အထိထိခိုက်ပျက်စီးခဲ့တဲ့စစ်လေယာဉ်တွေကိုစာရင်းထုတ်ပြန်ချလာခြင်းဖြစ်ပါတယ်။

စစ်ကောင်စီလေတပ်က လေယာဉ်မျိုးစုံ () စီး နဲ့ ရဟတ်ယာဉ် (၁၁) စီး ကို ပြည်သူ့ကာကွယ်ရေး တပ်မတော် နဲ့ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အသီးသီးက ထိခိုက်ပျက်စီးအောင်၊ ပျက်ကျအောင် တိုက်ခိုက်ထားနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

(ဓာတ်ပုံ PDF Insight)

ပွိုင့်၅ စက်သေနတ်ပဲ အကြီးဆုံးလေယာဉ်ပစ် လက်နက်အဖြစ် တပ်ဆင်ထားနိုင်တဲ့ တော်လှန်ရေးအဖွဲ့တွေရဲ့ တိုက်ခိုက်မှု စာရင်းဖြစ်ပြီး လက်တလော ရှမ်းမန်းစစ်ဆင်ရေး နဲ့ ၁၀၂၇ စစ်ဆင်ရေး အပိုင်း () တွေမှာ ပွိုင့်၅ထက်ပြောင်းအချင်းပိုကြီးတဲ့စက်သေနတ်တွေ၊စက်အမြောက်တွေသိမ်းပိုက်ရရှိထားလို့လေကြောင်းတိုက်ခိုက်မှုတွေပိုမိုလုပ်ဆောင်တော့နိုင်မယ်လို့ဆိုပါတယ်။

မြေပြန့် မဟာဗျူဟာ ထိုးစစ်စတင်ပြီးလို့ အမျိုးသားညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက တရားဝင်ပြောကြားထားပြီးဖြစ်လို့ မြေပြန့်ဒေသမှာရှိတဲ့ လေတပ်စခန်းတွေ ဖြစ်တဲ့ ဥပမာတောင်ငူလေတပ်၊ တံတားဦးလေတပ်၊ မိတ္ထီလာလေတပ်၊ ကျောက်ထုလေတပ်တွေ သိမ်းပိုက်ခံရရင်လဲ ရန်သူ့လေတပ်ကို ဝေဟင်မှာ သာမကဘဲ မြေပြင်မှာပါ ချေမှုန်းနိုင်လာမှာဖြစ်တယ်လို့လည်း ရေးသားထားပါတယ်။

ပစ်ချခံထားရလို့ ၊ ထိခိုက်ပျက်စီးသွားတဲ့ စစ်ကောင်စီရဲ့ လေယာဉ် စာရင်းကိုလည်း  အမျိုးအစားနဲ့ နေ့စွဲတွေနဲ့ အသေးစိတ် ထုတ်ပြန်ရေးသားခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

ရွှေတောင်မှာ သန်းခေါင်စာရင်းကောက်နေတဲ့ ထွေအုပ်စာရေး ရှင်းလင်းခံရ

ပဲခူးတိုင်း၊ ရွှေတောင်မြို့နယ်မှာ စစ်ကောင်စီရဲ့ သန်းခါင်စာရင်းကောက်ယူနေမှုကို အားတက်သရော ပါဝင်နေတဲ့ ထွေအုပ်စာရေးဖြစ်သူကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ 3601 PPDF တပ်ရင်းထံက သိရပါတယ်။
Read More

တောင်ဥက္ကလာပ ၁၄ရပ်ကွက်ရုံးကို ပကဖတပ်ဖွဲ့ဝင်တွေ လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်

ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်က အမဗတ် (၁၄) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ပြင်းအားမြင့် လက်ပစ်ဗုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုမှာ စစ်အုပ်စုတွေထိခိုက်နိုင်ကြောင်း မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ပေါင်မြို့နယ် ဇင်ယော်ရွာက လူငယ်၂၀ စစ်မှုထမ်းဖို့ ဖမ်းဆီးခေါ်ဆောင်ခံရ

မွန်ပြည်နယ်၊ ပေါင်မြို့နယ်က လူငယ် ၂ဝ ယောက်ကို စစ်မှုထမ်းဖို့ စစ်ကောင်စီ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း (HURFOM) က အသိပေးထုတ်ပြန်ပါတယ်။
Read More

ကျုံဒိုးမြို့နယ်တွင်းတိုက်ပွဲမှာ အယောက် ၃ဝ ကျော်ထိ သေဆုံးပြီး အထိနာခဲ့သည့် စစ်တပ်  စစ်ကြောင်းပြန်ထိုးလာ၊ “သူတို့ လာပါစေ.. သူတို့ကို အမြဲတမ်း ကြိုဆိုထားပါတယ်” ဟု ဗိုလ်အယ်စေးဝါး ပြော

ကရင်ပြည်နယ်၊ ကျုံဒိုး-ကော့ကရိတ်လမ်းပိုင်း တိုက်ပွဲအတွက် အင်အားဖြည့်တင်းဖို့ ကျုံဒိုးမြို့ကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုနဲ့ မွန်-ကရင် တော်လှန်ရေးပူးပေါင်းတပ်တွေဟာ ဇွန်လ ၁၉ရက်နေ့မှာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်အုပ်စုဘက်က အယောက် ၃၀ ကျော် သေဆုံးခဲ့တယ်လို့ KNLA တပ်မဟာ (၆)၊ တပ်မဟာလုံခြုံရေးစစ်ကြောင်း (၂)၊ Lion Battalion Commando - စစ်ကြောင်းရုံးတပ်ဖွဲ့ဆီက သိရပါတယ်။
Read More

စလင်းမြို့နယ်အတွင်း တပ်ပေါင်းစုအသွင်နှင့် စစ်ရေးဖော်ဆောင်မှုများ အပြန်အလှန်ထိန်းကျောင်းလုပ်ကိုင်သွားနိုင်ဖို့ မြေပြင်မဟာမိတ် ဖွဲ့စည်း

မကွေးတိုင်း၊ စလင်းမြို့နယ်အတွင်း စစ်ရေးဖော်ဆောင်မှုတွေ အရှိန်မြှင့်လုပ်ဆောင်နိုင်ဖို့ တပ်ရင်းတပ်ဖွဲ့ ၆ ခုပူးပေါင်းပြီး မြေပြင်မဟာမိတ်အဖွဲ့အစည်းတစ်ခုကို လက်မှတ်ရေးထိုးဖွဲ့စည်းခဲ့တယ်လို့ ဒေါင်းစစ်အောင် LPDF အဖွဲ့တာဝန်ရှိသူ ကိုထူးလေးက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

နောင်ချိုတွင် စစ်ကောင်စီတပ်၏ ဟောင်ဝစ်ဇာ လက်နက်ကြီးကျည်ကြောင့် နေအိမ် (၂) လုံး ထိမှန်ပျက်စီး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့မှာ တိုက်ပွဲမဖြစ်ပွားဘဲ အကြမ်းဖက်စစ်ကောင်စီတပ်က ဟောင်ဝစ်ဇာနဲ့ လက်နက်ကြီး (၅) လုံး ပစ်ခတ်တိုက်ခိုက်ရာ နေအိမ် (၂) လုံး ထိမှန်ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ တအာင်းတပ်မတော် - TNLA က ဒီနေ့ညပိုင်းမှာ ထုတ်ပြန်ပါတယ်။