စစ်ကိုင်းတိုင်း မုံရွာကနေ စစ်ကိုင်းလက်ကို အကြမ်းဖက်စစ်သားတွေ တင်ဆောင်လာတဲ့ သံပြားကာယာဉ် ၁ စီးကို အောက်တိုဘာ ၃၁ ရက် မနက်ပိုင်းက မုံရွာမန္တလေးလမ်းပိုင်း အလက္ကပ္ပအနီး ပျားဂဟောနဲ့ ကုက္ကိုတန်းနားမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ BLDF တပ်ခွဲ အညာမိုင်းအဖွဲ့ထံက သိရပါတယ်။

တိုက်ခိုက်ခံရတဲ့ စစ်သားတချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ချောင်းဦးမြို့ဆေးရုံဆီ ခေါ်ဆောင်သွားကာ ဆေးကုသမှုခံယူလျက်ရှိတယ်လို့ သိရပါတယ်။

အဲဒီစစ်ဆင်ရေးကို BLDF တပ်ခွဲ အညာမိုင်းနဲ့ ဇာမဏီဒေါင်းဘုရင်အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ပဲခူးတိုင်းစစ်ဌာန နည်းဗျူဟာ ၂၂ ၏ အခြေခံစစ်သင်တန်းဆင်းပွဲ (ရုပ်/သံ)

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ၊အမှတ် (၂) စစ်ဆင်ရေးနယ်မြေ ၊ ပဲခူးတိုင်းစစ်ဌာန ၊ နည်းဗျူဟာ (၂၂) ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ်(၁) သင်တန်းဆင်းပွဲ အခမ်းအနားကို ဒီဇင်ဘာ ၂၁ ရက်က သာယာဝတီခရိုင်အတွင်း ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

မုံရွာ-မန္တလေး ကားလမ်းပေါ်က အကြမ်းဖက် စစ်တပ်၏ ကံတလူ တိုးဂိတ်ကို တော်လှန်ရေးတပ်များ ဝင်ရောက်စီးနင်း ရှင်းလင်း (ရုပ်/သံ)

စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့အထွက် မုံရွာ-မန္တလေး ကားလမ်းပေါ်က ကံတလူ တိုးဂိတ်အား တော်လှန် ရေးတပ်တွေက ညအချိန် ဝင်ရောက်စီးနင်းပြီး စစ်ကော်မရှင် တပ်သားတွေ တပ်စွဲထားတဲ့ နေရာကို ရှင်းလင်းခဲ့တယ်လို့ Sagaing PDF က ထုတ်ပြန်ထားပါတယ်။
Read More

ချောင်းဦးမြို့နယ် ကျီကုန်းရွာကို အကြမ်းဖက်စစ်တပ် မီးရှို့ဖျက်ဆီးခဲ့သည့် မှတ်တမ်းရုပ်သံ

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကျီကုန်းရွာကို အကြမ်းဖက်စစ်တပ် မီးရှို့ဖျက်ဆီးခဲ့တဲ့ မှတ်တမ်းရုပ်သံကို 5/ Commando Force က ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။ ဒီဇင်ဘာ ၂ရက်က ကျီးကုန်းကျေးရွာအတွင်း ဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်တပ်ဟာ ဒေသခံ ပြည်သူ ၃ ယောက်ကို သတ်ခဲ့ပြီး ဒီဇင်ဘာ ၈ရက်မှာလည်း ကျီကုန်းကျေးရွာရှိ ဘုန်းကြီးတစ်ပါးနဲ့ ပြည်သူ ၂ ယောက်ကို သတ်ဖြတ်ခဲ့ပါတယ်။
Read More

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA ထိန်းသိမ်းထားသည့် ဆင်များထဲမှ အကောင် ၆၀ ကို TNLA ထံ လွှဲပြောင်းမှု (ရုပ်/သံ)

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA  ထိန်းသိမ်းထားတဲ့ ဆင် ၁၃၈ ကောင်ထဲက အကောင် ၆၀ ကို တအောင်းတပ်(TNLA) ထံ လွှဲပြောင်းပေးအပ်လိုက်တယ်လို့ သိရပါတယ်။
Read More

တောင်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ ခမရ ၅၉၈ တပ်ရင်းဌာနချုပ်ကို သိမ်းပိုက်ခဲ့သည့် မှတ်တမ်းရုပ်သံ တောင်ညိုစစ်ကြောင်း ထုတ်ပြန်

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ညောင်ခြေထောက်ကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် လက်‌အောက်ခံ ခမရ ၅၉၈ တပ်ရင်းဌာနချုပ်ကို တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံကို တောင်ညိုတပ်ရင်း - P29906 က ထုတ်ပြန်လိုက်ပါတယ်။
Read More

မှန်ချိုကျေးရွာကို စစ်တပ် လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ်ပြုလုပ်၊ ပြည်သူ ၂ ဦး သေဆုံးပြီး ၇ ဦးထက်မနည်း ဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မှန်ချိုကျေးရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တဲ့အတွက် ပြည်သူ ၂ ယောက် သေဆုံးပြီး ၇ ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။