စစ်ကိုင်းတိုင်း ဆား‌တောင်မြို့ရဲစခန်းနဲ့ အထက်ကျောင်းမှာ အထိုင်ချထားတဲ့ ပျူစောထီးတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့  Royal Falcon Guerrilla Force အဖွဲ့ထံက သိရပါတယ်။

အောက်တိုဘာ ၁ ရက် ညနေပိုင်းက ဆားတောင်မြို့ရဲစခန်းမှာ ပြည်သူတွေကို အနိုင်ကျင့်ငွေတောင်းနေတဲ့ ရဲတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ပြီး ဆား‌‌တောင်မြို့အထက်ကျောင်းအတွင်း ဘောလုံးကန်နေတဲ့ ပျူစောထီးတွေကို ဒရုန်းနဲ့ ဗုံးသီး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုအတွင်း ပျူစောထီး ၃ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

ဒါ့အပြင် အောက်တိုဘာ ၂၉ ရက် ညပိုင်းကလည်း ဆား‌တောင်ရဲစခန်းကနေ ကင်းထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို RFGF (Sadaung Falcon) မှ မိုင်းဆွဲတိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုတွေကို Royal Falcon Guerrilla Force(Sadaung Falcon)/ Phoenix -Sagaing/ Unicorn Guerrilla Force| စစ်ကိုင်းခရိုင် အမှတ်()တပ်ရင်း တို့မှ ပူးပေါင်းလုပ် ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

Southern Eagle PDF ရဲ့ တော်လှန် သီတင်းကျွတ်ဆုတောင်း  (ရုပ်/သံ)

စစ်ကောင်စီကို တွန်းလှန်တိုက်ခိုက်နေတဲ့ Southern Eagle PDF ရဲ့ တော်လှန်သီတင်းကျွတ်ဆုတောင်း ရုပ်သံကို အဆိုပါ အဖွဲ့က ထုတ်ပြန်လာပါတယ်။
Read More

ရွှေကျင်မြို့နယ်အတွင်း တော်လှန်ရေးတပ် ကင်းစခန်းကို စစ်ကောင်စီ စစ်ကြောင်းထိုးမှုမှာ ရဲဘော် ၃ ယောက်ကျဆုံး၊ အကြမ်းဖက်စစ်သား ၉ ယောက် သေ (ရုပ်/သံ)

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ညောင်ခြေထောက်ကျေးရွာရှိ တောင်ညိုတပ်ရင်းနဲ့ ပကဖ ပူးပေါင်းတပ်ဖွဲ့ ကင်းပုန်းကို ဧပြီ ၁၁ ရက် မနက်ပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်က စစ်ကြောင်းထိုး တိုက်ခိုက်ခဲ့တယ်လို့ တောင်ညိုစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။
Read More

မြို့သိမ်းတိုက်ပွဲတွေအတွက် အဓိကရည်ရွယ်တဲ့ End Point ကမ်ပိန်းကို တစ်လ ထပ်တိုးသတ်မှတ် (ရုပ်/သံ)

Myingyan Black Tiger (MBT) တပ်ဖွဲ့က ပြုလုပ်ထားတဲ့ End Point ကမ်ပိန်းကို သတ်မှတ်ကာလ တစ်လ ထပ်တိုးသတ်မှတ်ထားတယ်လို့ MBTတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြည်သူတွေထံ အသိပေးလာပါတယ်။
Read More

မတ္တရာမြို့နယ်အတွင်း စစ်ရှောင်များ နေထိုင်သည့်နေရာ ဗုံးကြဲခံရ၊ ပြည်သူ ၄ ဦး သေဆုံး (ရုပ်/သံ)

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ သပြေချောင်းကျေးရွာရှိ စစ်ရှောင်ပြည်သူတွေ နေထိုင်ရာ နေရာကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ပြည်သူ ၄ ယောက် သေဆုံးခဲ့ရတယ်လို့ Voice of Mandalay ထံက သိရပါတယ်။
Read More

မတ္တရာမြို့နယ် စကျင်ရွာအတွင်း စစ်တပ်ပစ်ခတ်တဲ့ လက်နက်ကြီးပေါက်ကွဲပြီး ကလေးငယ် ၁ ယောက် အပါ ပြည်သူ ၃ ယောက် သေဆုံး (ရုပ်/သံ)

မန္တလေးတိုင်း မတ္တရာမြို့နယ် စကျင်ရွာအတွင်း ဒီဇင်ဘာ ၁၁ ရက် ညနေပိုင်းက တုန်ကုန်းရွာ အနောက်ဘက် ယမ်းကုန်းအုတ်စက်က အကြမ်းဖက်စစ်တပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲပြီး ကလေးငယ် ၁ ယောက်အပါအဝင် အမျိုးသား ၁ ယောက်နဲ့ အမျိုးသမီး ၁ ယောက် စုစုပေါင်း ၃ ယောက် သေဆုံးခဲ့ရတယ်လို့ Wetlet Informational Network ထံက သိရပါတယ်။
Read More

မယ်ဆိုင်ချောင်းရေတက်လာမှုကြောင့် တာချီလိတ် အနိမ့်ပိုင်းရပ်ကွက်အချို့ ရေမြုပ် (ရုပ်/သံ)

ထိုင်း-မြန်မာနယ်စပ်ရှိ မယ်ဆိုင်ချောင်းရေတက်လာမှုကြောင့် တာချီလိတ်မြို့ရပ်ကွက်အချို့မှာ ရေကြီးရေလျှံမှုဖြစ်ပွားနေတယ်လို့ သိရပါတယ်။