တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ဘုရားမဲစစ်ဆေးရေးဂိတ်အနီး အခိုင်အမာတပ်စွဲပြီး စစ်ရှောင် ပြည်သူတွေရဲ့ တန်ဖိုးရှိပစ္စည်းတွေကို ခိုးယူနေတဲ့ အကြမ်းဖက်စစ်တပ် ကာကင်းစခန်းကို အောက်တိုဘာ ၂၉ ရက် မနက်ပိုင်းက တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF)ထံက သိရပါတယ်။

တိုက်ပွဲ ၄ နာရီကြာ အပြင်းအထန်ဖြစ်ပွားခဲ့ပြီး စစ်သားအများအပြားသေဆုံးကာ MA3 သေနတ် ၂လက်၊ 5.56 ကျည် အတောင့် ၄၀၀၊ ကျည်ဘောက်  ၇ ခု၊ ဦးထုပ် ၂ လုံး၊ လက်ပစ်ဗုံး ၁ လုံး၊ လက်ကိုင်ဖုန်း ၃ လုံး၊ အီကွေ့မန့်ခါးပတ် ၁ ခု၊ စစ်သုံးပုခတ် ၁ ခု၊ ကင်မရာ ၁ လုံး၊ ဟင်းကော ၁ လုံးတို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် ဘုရားမဲစစ်ဆေးရေးဂိတ်ကို အကြမ်းဖက်စစ်တပ် စစ်ကူတွေ ရောက်လာတဲ့အတွက် တော်လှန်‌ရေးပူးပေါင်းတပ်တွေ ပြန်လည်ဆုတ်ခွာခဲ့ကြတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF)နဲ့ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA)တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

အဖမ်းဆီးခံပြည်သူများ ကိုယ်စားပြုသပိတ်စစ်ကြောင်း၏ (၃၇) နှစ်မြောက် ၈ လေးလုံး အထိမ်းအမှတ်အကြို ထီးသပိတ်လှုပ်ရှားမှု (ရုပ်/သံ)

(၃၇)နှစ်မြောက် ၈ လေးလုံးနေ့ အထိမ်းအမှတ်အကြို ထီးသပိတ်လှုပ်ရှားမှုအတွက် အဖမ်းဆီးခံပြည်သူများ ကိုယ်စားပြုသပိတ်စစ်ကြောင်းက ပေးပို့တဲ့ မှတ်တမ်းရုပ်သံကို ရန်ကုန်လူထုသပိတ်က မျှဝေထားပါတယ်။
Read More

ကန့်ဘလူမြို့နယ်အတွင်း ဆက်ကြေးကောက်ဖို့ ထွက်လာသည့် ပျူစောထီးများ တိုက်ခိုက်ခံရပြီး ၈ ဦး သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ဝက်တိုးရွာကနေ ဆက်ကြေးကောက်ဖို့ ထွက်လာတဲ့ ပျူစောထီးတွေကို တိုက်ခိုက်ခဲ့ရာ ၈ ယောက် သေဆုံးခဲ့တယ်လို့ စိန်ဗေဒါတပ်ဖွဲ့ထံက သိရပါတယ်။ 
Read More

ABSDF ဖွဲ့စည်းတည်ထောင်ခြင်း (၃၇) နှစ်မြောက်အခမ်းအနားကျင်းပ (ရုပ်/သံ)

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ကျောင်းသားတပ်မတော်) ABSDF ဖွဲ့စည်းတည်ထောင်ခြင်း ၃၇ နှစ်မြောက်အထိမ်းအမှတ်အခမ်းအနားကို အမှတ် - ၁ စစ်ကြောင်းမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ ABSDF က နိုဝင်ဘာ ၂ ရက်မှာ ထုတ်ပြန်ထားပါတယ်။
Read More

မန္တလေးမြို့မှာ ငလျင်ဒဏ်သင့် ၃ ထပ်တိုက်တစ်လုံး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပြိုကျ (ရုပ်/သံ)

မန္တလေးမြို့ ၂၆ လမ်း ၈၀x ၈၁ လမ်းမှာ ဧပြီ ၁၅ ရက် မနေ့ညနေပိုင်းက လေပြင်းများတိုက်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ၃ ထပ်တိုက်တစ်လုံး ပြိုကျပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။
Read More

ငွေတွင်းပျူစခန်း ကင်း ၂ ခုကို တော်လှန်တပ်တွေ စီးနင်းတိုက်ခိုက်မှု ပျူစောထီး ၁ ယောက်သေပြီး ၅ ယောက် ဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း အရာတော်မြို့နယ် ငွေတွင်းပျူစခန်း ကင်း၂ ခုကို တော်လှန်ရေးတပ်တွေ စီးနင်းတိုက်ခိုက်ခဲ့ရာ ပျူစောီး ၁ ယောက်သေဆုံးပြီး ၅ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ Ngwe Dwin Revolution Force အဖွဲ့မှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

Sky Villa ကွန်ဒိုအောက်တွင် ပိတ်မိနေသည့် သမီးကို မိဘများ အော်ဟစ်အားပေးစကားပြော (ရုပ်/သံ)

မန္တလေးမြို့ Sky Villa ကွန်ဒို အဆောက်အအုံအောက်မှာ ပိတ်မိနေတဲ့ သမီးကို မိဘတွေက အော် ဟစ်အားပေးစကား‌ပြောနေတဲ့ ရုပ်သံဖိုင်ကို လူမှုကွန်ရက်အသုံးပြုသူတွေက မျှဝေလျက်ရှိပါတယ်။