၂၀၂၄ ဇန်နဝါရီလအတွင်း ဗိုလ်မှူး အောင်မျိုးသွင် ဦးစီးတဲ့ အရာရှိ၊ စစ်သည် ၃၅ ယောက်နဲ့ ဗိုလ်မှူး အောင်ကိုထွေး ဦးစီးတဲ့ အရာရှိ၊ စစ်သည် ၂၆ ယောက် စုစုပေါင်း စစ်ကောင်စီဘက်သား ၆၁ ဟာ  ပြည်သူ့ရင်ခွင် ခိုလှုံဝင်ရောက်လာခဲ့ကြတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ 

ပြည်သူ့ရင်ခွင်ခိုလှုံလာတဲ့ အရာရှိစစ်သည်တွေကို NUG ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)နဲ့ ယောကာကွယ်ရေးတပ် (YDF) တို့က ပူးပေါင်းစောင့်ရှောက်ထားတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ပွင့်ဖြူမြို့နယ် မုန်းဇလဲကျေးရွာမှာ မီးလောင်မှု ဖြစ်ပွား၊ အိမ်ခြေ ၄၀၀ ခန့် ပျက်စီးဆုံးရှုံး (ရုပ်/သံ)

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ မုန်းဇလဲကျေးရွာမှာ မတ်လ ၁၂ ရက် မနေ့ညနေပိုင်းက မီးလောင်မှု ဖြစ်ပွားပြီး အိမ်ခြေ ၄၀၀ ခန့် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
Read More

သထုံခရိုင်အတွင်း KNLA ပူးပေါင်းတပ်နှင့် အကြမ်းဖက်စစ်တပ် တိုက်ပွဲဆက်တိုက်ဖြစ်ပွား (ရုပ်/သံ)

မွန်ပြည်နယ်၊ သထုံခရိုင်၊ သထုံမြို့နယ်နဲ့ ဘီးလင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို ကရင်အမျိုးသားများကာကွယ်ရေးတပ် KNLA ပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲဆက်တိုက် ဖြစ်ပွားနေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

အသက် (၁၈) နှစ်မပြည့်သေးပေမယ့် ပေါ်တာဆွဲကာ မှတ်ပုံတင်အသစ်လုပ်ပြီး စစ်တပ်ထဲ ပို့ခံခဲ့ရတဲ့ စစ်ကောင်စီတပ်သား (ရုပ်/သံ)

''လူဝင်မှုကြီးကြပ်ရေး ( လဝက )ဆိုတဲ့ ဌာနက အသက်မပြည့်သေးတဲ့ နိုင်ငံသားကို စစ်ကောင်စီအမိန့်အတိုင်း မှတ်ပုံတင်အတုထုတ်ပြီး စစ်မှုထမ်းစေဖို့ ဆောင်ရွက်ပေးတယ်။ အကြောင်းအမျိုးမျိုးကြောင့် စစ်မှုထမ်းအသက်မပြည့်သေးတဲ့ ကလေးတွေက အဖမ်းခံရ၊ ပေါ်တာအဆွဲခံရနဲ့ စစ်သင်တန်းကျောင်းဆီ အတင်းအဓမ္မအပို့ခံရပါတယ်''လို့ နည်းဗျူဟာ ၃၃မှ ဆိုပါတယ်။
Read More

တနင်္သာရီမြို့နယ် လေးမိုင်ရွာမှာ ခြေကုပ်ယူထားတဲ့ အကြမ်းဖက်စစ်တပ်ကို တော်လှန်ရေးတပ်တွေ ဝင်ရောက် တိုက်ခိုက်၊ စစ်သားအများအပြား သေဆုံး

တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် လေးမိုင်ရွာမှာ ခြေကုပ်ယူထားတဲ့ အကြမ်းဖက်စစ်တပ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သားအများအပြားသေဆုံးခဲ့တယ်လို့ ဗိုလ်ခရမ်းတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဆိပ်ဖြူမှာ ကင်းပတ်လာတဲ့ စစ်ကောင်စီတပ်သားတွေကို စောင့်ကြိုတိုက်ခိုက်မှု ၃ ယောက်သေ (ရုပ်/သံ)

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ တပေါင်းပျူစခန်းကနေ ကင်းပတ်လာတဲ့ အကြမ်းဖက်စစ်ကောင်စီ တပ်သားတွေကို ဇန်နဝါရိ ၁၄ ရက်က တော်လှန်ရေးတပ်တွေ သတင်းကြိုတင်ရရှိပြီး စောင့်ကြို တိုက်ခိုက်ခဲ့တယ်လို့ Young Revolution Front အဖွဲ့ထံက သိရပါတယ်။
Read More

ကျောက်မဲမြို့ မြောက်ကုန်းရပ်ရှိ မြို့နယ်ဆောက်လုပ်ရေးဝန်းနှင့် ခရိုင်ဆောက်လုပ်ရေးဧည့်ရိပ်သာကို စစ်ကောင်စီက လေကြောင်းဗုံးကြဲဖျက်ဆီး (ရုပ်/သံ)

ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ပေါ် မြောက်ကုန်းရပ်ရှိ ဆောက်လုပ်ရေးဝန်းနဲ့ ခရိုင်ဆောက် လုပ်‌ရေးဧည့်ရိပ်သာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။