အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီဟာ အာဏာရှင်စနစ်အမြစ်ပြတ်ရေး ကြိုးပမ်းနေကြတဲ့ ပြည်သူတွေနဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေကို အဓမ္မဖမ်းဆီးချုပ်နှောင်လျက်ရှိပြီး သူတို့လက်အောက်ခံ ထောင်အာဏာပိုင်တွေကလည်း နိုင်ငံရေးအကျဉ်းသားတွေကို လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးပမ်းနေကြတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) က နိုဝင်ဘာလ၃ရက်နေ့မှာထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့‌လလယ်ခန့်မှာမြောင်းမြအကျဉ်းထောင်အတွင်းထောင်အာဏာပိုင်တွေရဲ့လက်ကိုင်တုတ်သေဒဏ်ကျအကျဉ်းသားကနိုင်ငံရေးအကျဉ်းသားကိုရဲရင့်အောင်ကိုလုပ်ကြံသတ်ဖြတ်ဖို့ကြိုးပမ်းခဲ့ပြီးနောက်အခုလိုထုတ်ပြန်လာတာဖြစ်ပါတယ်။

PPNM ရဲ့ထုတ်ပြန်ချက်အရအောက်တိုဘာ၁၆ရက်ညနေ၅နာရီဝန်းကျင်မှာမြောင်းမြထောင်အာဏာပိုင်တွေရဲ့လက်ကိုင်တုတ်သေဒဏ်ကျရာဇဝတ်အကျဉ်းသားလင်းလင်းကရန်ငြှိုးဆိုလို့ခိုက်ရန်တောင်မဖြစ်ဖူးတဲ့နိုင်ငံရေးအကျဉ်းသားကိုရဲရင့်အောင်ကိုသေချာပြင်ဆင်ပြုလုပ်ထားတဲ့သံချွန်နဲ့နောက်ကျောဘက်ကနေအလစ်အငိုက်ဝင်ရောက်ထိုးသွင်းပြီးသတ်ဖြတ်ဖို့ကြိုးပမ်းခဲ့တယ်လို့သိရပါတယ်။

ဒါပေမယ့်ကိုရဲရင့်အောင်အချိန်မီရှောင်တိမ်းနိုင်လိုက်တဲ့အတွက်သံချွန်ဟာအုတ်နံရံသာထိုးမိကြောင်း၊အဲဒီနောက်လုံးထွေးခိုက်ရန်ဖြစ်ပွားပြီးလင်းလင်းကအနားမှာရှိတဲ့ကွပ်ပျစ်ကြမ်းခင်းကပြုတ်နေတဲ့သစ်သားချောင်းကိုနှုတ်ယူပြီးကိုရဲရင့်အောင်ရဲ့ဦးခေါင်းကိုရိုက်နှက်ခဲ့ကြောင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

PPNM ရဲ့စုံစမ်းချက်အရဖြစ်စဉ်မတိုင်ခင်တစ်ရက်မှာထောင်အာဏာပိုင်ဒုတာဝန်ခံတင့်ဆွေကနိုင်ငံရေးအကျဉ်းသားတွေဖြစ်တဲ့ကိုရဲရင့်အောင်နဲ့ဒေါက်တာပြည့်ဖြိုးတို့ကိုရိုက်နှက်ဖို့နဲ့နောက်ဆက်တွဲပြဿနာတွေကိုလည်းရှင်းလင်းပေးမယ်လို့လင်းလင်းကိုနှုတ်နဲ့ညွှန်ကြားခဲ့ကြောင်းအတည်ပြုနိုင်ခဲ့တယ်လို့သိရပါတယ်။

မြောင်းမြထောင်အာဏာပိုင် ဒုတာဝန်ခံ တင့်ဆွေနဲ့ ကြီးကြပ်ရေးမှူး ကျော်ဇေယျတို့ဟာ လူသတ်မှုကျူးလွန်ဖို့ ကြိုးပမ်းခဲ့တဲ့ လင်းလင်းကို ထိရောက်တဲ့ အရေးယူမှုမရှိသလို ကျူးလွန်ခံရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကိုလည်း ဟန်ပြဆေးဝါးကုသမှုတွေသာ ပေးခဲ့တယ်လို့ PPNM ကအသိပေးထုတ်ပြန်ထားပါတယ်။

အိမ်မဲပြည်သူ့လွတ်တော်ကိုယ်စားလှယ်နိုင်ငံရေးအကျဉ်းသားဒေါက်တာပြည့်ဖြိုးဟာလည်းထောင်အာဏာပိုင်တွေရဲ့လုပ်ကြံသတ်ဖြတ်ဖို့ကြိုးပမ်းခံနေရပြီးတီဗီရောဂါသည်အကျဉ်းသားတွေထားရာအကျဉ်းခန်းမှာပဲအသက်အန္တရာယ်အတွက်ထပ်မံကျူးလွန်ခံရနိုင်တဲ့ရည်ရွယ်ချက်နဲ့ထည့်ထားခံထားရဆဲဖြစ်တယ်လို့လည်းထုတ်ပြန်ချက်အရသိရပါတယ်။

PPNM အနေနဲ့ နိုင်ငံရေးအကျဥ်းသားတွေကို ရည်ရွယ်ချက်ရှိရှိ လုပ်ကြံသတ်ဖြတ်နေတဲ့ ဒုတာဝန်ခံ တင့်ဆွေအပါအဝင် တရားဝင် အရေးယူမှုမရှိတဲ့ ကြီးကြပ်ရေးမှူး ကျော်ဇေယျတို့ကို အခုလို အကျဉ်းထောင်အတွင်း လူ့အခွင့်အရေး ချိုးနေဖောက်မှုကိစ္စတွေနဲ့ ပတ်သက်ပြီး တာဝန်ခံမှု တာဝန်ယူမှုအပြည့်နဲ့ ဆက်လက်ဆောင်ရွက်နိုင်အောင် ကြိုးပမ်းသွားမှာဖြစ်သလို နိုင်ငံရေးအကျဉ်းသားတွေအရေးကိုလည်း လက်ပိုက်ကြည့်နေမှာမဟုတ်ကြောင်း အသိပေးထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ပြည်မြို့တွင် စစ်တပ်၏ ရွေးကောက်ပွဲအတုကို ဆန့်ကျင်ကန့်ကွက်ကြောင်း ကမ်ပိန်းပြုလုပ်

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ ပြည်မြို့မှာ အကြမ်းဖက်စစ်ကော်မရှင် ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲကို မြို့ခံပြည်သူတွေက ဆန့်ကျင်ကန့်ကွက်ကြောင်း ကမ်ပိန်းလုပ်ခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
Read More

လမ်းပေါ်မှာ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ယာဉ်ထိန်းရဲမေတစ်ယောက် မိုင်းခွဲခံရပြီး စိုးရိမ်လူနာအဖြစ် ဆေးရုံရောက်

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်မှာ ငွေတောင်းကြမ်းတဲ့ ယာဥ်ထိန်းရဲမေ သဲသဲ ဆိုသူ မိုင်းခွဲတိုက်ခံရပြီး ထိခိုက်ဒဏ်ရာ​ပြင်းထန်တာကြောင့် နေပြည်တော် စစ်ဆေးရုံမှာ တက်ရောက်ကုသနေရကြောင်း မင်းဘူးခရိုင်၊ အမှတ် ၄ တပ်ရင်းတာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

စစ်ကောင်စီက ငွေစက္ကူကျပ် ၃၁ ထရီလီယံအထိ အလွန်အကျွံ ရိုက်ထုတ်ပြီး တိုင်းပြည်စီးပွားရေးကို ဖျက်ဆီးနေ

စစ်ကောင်စီက ကျပ်ငွေ ၃၁ ထရီလီယံအထိ  ငွေစက္ကူ အလွန်အကျွံ ရိုက်ထုတ်ကာ တိုင်းပြည်ရဲ့ စီးပွားရေးတစ်ခုလုံးကို ဖျက်ဆီးနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောက ပြောကြားလိုက်ပါတယ်။
Read More

ဘားအံ တောင်ကလေးအကျဉ်းထောင်တွင် နိုင်ကျဉ်း (၂) ဦး သတ်ဖြတ်ရန် ကြံစည်ခံရ

ကရင်ပြည်နယ်၊ ဘားအံမြို့၊ တောင်ကလေးမြို့နယ် အကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသားဖြစ်သူ ကိုကျော်ကျော်မြင်နဲ့ ကိုမင်းသူစိုးတို့ကို တခြား ရာဇဝတ်အကျဉ်းသားအုပ်စုက သတ်ဖြတ်ဖို့ ကြံစည်ခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဉ်းသားများကွန်ရက် (PPNM) က သတင်းထုတ်ပြန်ပါတယ်။
Read More

တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ) ကို ၁၀၇ မမရှော့ဒုံးတွေနဲ့ တိုက်ခိုက်မှု အရာရှိ ၂ ဦးအပါ စစ်ကောင်စီတပ်သား ၁၀ ဦး သေ

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်က အကြမ်းဖက်စစ်ကောင်စီရဲ့တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ) ကို ၁၀၇ မမရှော့ဒုံးတွေ ပစ်ခတ်တိုက်ခိုက်မှု​မှာ စစ်ဦးစီးဌာန စစ်ဆင်ရေးရုံးခန်း ထိမှန် မီးလောင်ခဲ့ပြီး အရာရှိအဆင့် ၂ ယောက်အပါ စုစုပေါင်း ၁၀ ယောက် သေဆုံးခဲ့တယ်လို့ Brave Warriors For Myanmar (BWM) က သတင်းထုတ်ပြန်လာပါတယ်။ 
Read More

ကျိုက်ထို-ဘီးလင်းလမ်းပိုင်းမှာ စစ်ကောင်စီယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်၊ အရာရှိ(၁)ဦးအပါ စစ်ကောင်စီတပ်သား (၄)ဦးသေဆုံး…

ရန်ကုန်-မော်လမြိုင်လမ်းမကြီးပေါ်က ကျိုက်ထို-ဘီးလင်း လမ်းပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ ယာဉ်တန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က အရာရှိ (၁)ယောက် အပါအဝင် စစ်ကောင်စီတပ်သား (၄) ယောက် သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသက ဒီနေ့ တရားဝင်ထုတ်ပြန်ပါတယ်။