မန္တလေးတိုင်း၊ ​​မြင်းခြံခရိုင်၊ငါန်းဇွန်မြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုတွေ ရှိနေတဲ့ မင်းနေကုန်းရဲစခန်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခံရပြီးစစ်သား ၄ ယောက်သေဆုံးခဲ့ကြောင်းသိရပါတယ်။

ဒီတိုက်ခိုက်မှုကို နိုဝင်ဘာ ၁ရက်နေ့ မနက်အစောပိုင်းမှာ မြင်းခြံခရိုင် တပ်ရင်း အမှတ် ၇ Column 4 အမှောင်စစ်သည်အဖွဲ့က လုပ်ဆောင်ခဲ့တာဖြစ်ပြီး လက်နက်ကြီး ၈၀ မမ၂လုံး ပစ်ခတ်တိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။

မင်းနေကုန်းစခန်းကို၈၀မမ၂လုံးပစ်ခဲ့တာ။ရဲစခန်းအဆောက်အဦးပေါ်တည့်တည့်ကျပြီး၄ယောက်သေတယ်။၃ယောက်ဒဏ်ရာရပါတယ်။

မနက်၁၁နာရီ ပစ်ခဲ့တာ ကိုယ့်ဘက်တော့ အထိအခိုက်မရှိပါဘူး။ အဲ့ရဲစခန်းက ၇လပိုင်းလောက်ကတည်းက  ရဲတွေမရှိတော့ဘူး။ စခန်းစွန့်သွားတာ။  နောက်မှ စစ်သားတွေပြန်ရောက်လာတာလို့ မြင်းခြံခရိုင် တပ်ရင်း အမှတ် ၇ 2IC ကိုဗညားက မောင်းကိုပြောပါတယ်။

ဒါ့အပြင် နိုဝင်ဘာ ၂ရက် မနေ့ကလည်း အဲ့ဒီမင်းနေကုန်းရဲစခန်းဆီကိုပဲ လက်နက်ကြီးတွေနဲ့ ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ရက်ကလည်း မြင်းခြံခရိုင်ထဲက တောင်သာမြို့နယ်၊ ရုံးစင်ကြီးရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်တွေက ဒရုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ရဲအရာရှိအပါဝင် ၃ယောက်ထိခိုက်ပြီး စခန်းပျက်စီးခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

ဆေးရုံနဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်နေတဲ့ လူ့ဘီလူးဝါဒသုံး စစ်ကောင်စီ

စစ်ကောင်စီက ဆေးရုံနဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ပစ်မှတ်ထားတိုက်ခိုက်နေမှုဟာ လူ့ဘီလူးဝါဒလုပ်ရပ်လို့ NUG ရဲ့ ကျန်းမာရေးဝန်းကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။
Read More

လောင်းလုံး မြို့မရဲစခန်းနှင့် စ.ရ.ဖရုံး ဒရုန်းဖြင့် ၃ ရက် ဆက်ဗုံးကြဲခံရပြီး ဒုရဲအုပ်အပါ ၆ ဦးသေဆုံး

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့မ ရဲစခန်းနဲ့ စ.ရ.ဖ ရုံးတွေကို ၃ ရက်ဆက် ဒရုန်းနဲ့ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ဒုရဲအုပ်အဆင့်ရှိသူ အပါအဝင် ၆ ယောက်သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရ သွားတယ်လို့ လောင်းလုံး သံမဏိလိပ်ပြာတပ်ဖွဲ့ ( L.L.S.B.F) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ကန့်ဒေါင့်စခန်းကို စစ်ကူပို့ခံရသည့် စစ်ကောင်စီတပ်သားသစ်တစ်ဦး လက်နက်နှင့်တကွ အလင်းဝင်ရောက်

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန့်ဒေါင့်စခန်းကို စစ်ကူပို့ခံရတဲ့ စစ်ကောင်စီတပ်သားသစ်တစ်ယောက် လက်နက်နဲ့တကွ တော်လှန်ရေးတပ်ဖွဲ့ထံ ဇွန်လ ၇ ရက်နေ့မှာ အလင်းဝင်ရောက်ခဲ့တယ်လို့ ယင်းမာပင်ခရိုင် အမှတ် (၁၂) တပ်ရင်းဆီက သိရပါတယ်။
Read More

ကျောက်မဲနှင့် မိုးကုတ်မြို့ကို စစ်ကောင်စီတပ် လေကြောင်း ဗုံးကြဲတိုက်ခိုက်၊ ပြည်သူ (၄) ဦး သေဆုံးပြီး (၁၂) ဦး ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နဲ့ မန္တလေးတိုင်း၊ မိုးကုတ်မြို့တို့ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ (၄) ယောက် သေဆုံးခဲ့ပြီး (၁၂) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရေးမြို့တွင် တာဝန်ကျနေသည့် ခရိုင်နယ်ထိန်း တပ်ကြပ်ကြီး ဘုန်းမြင့် ပစ်ခတ်ရှင်းလင်းခံရ

မွန်ပြည်နယ်၊ ရေးမြို့မှာ တာဝန်ကျနေတဲ့ အကြမ်းဖက်စစ်ကော်မရှင် လက်အောက်ခံ ခရိုင်နယ်ထိန်း တပ်ကြပ်ကြီးတစ်ယောက်ကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ရေးဘီလူးတပ်ဖွဲ့က ပြောပါတယ်။
Read More

NUG ရဲ့ နွေဦးဘဏ် အစုရှယ်ယာရောင်းချမှု ဒေါ်လာ ၁၀ သန်း ပြည့်မီသွားပြီး ရှယ်ယာဝယ်ယူခွင့် ၃ ရက် ထပ်တိုး၊ ပြည်တွင်းက တော်လှန်ပြည်သူတစ်ဦး ကျပ် သိန်း ၄၀၀၀ ကျော်ဖိုး တစ်ဦးတည်း ဝယ်ယူ

အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ဗဟိုဘဏ်ဖြစ်တဲ့နွေဦးဘဏ်က  ICO Round 2 အိမ်ပြန်ခရီးစဉ်အဖြစ် အစုရှယ်ယာရောင်းချမှု ဒေါ်လာ ၁၀ သန်းပြည့်မီသွားတာကြောင့် ရှယ်ယာဝယ်ယူခွင့်ကို ၃ ရက်ထပ်မံ တိုးမြှင့်လိုက်တယ်လို့ နွေဦးဘဏ်က ထုတ်ပြန်ကြေညာပါတယ်။