မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ကျောင်းသားတပ်မတော်) – ABSDF ၊ အမှတ် ၃ စစ်ကြောင်း လှုပ်ရှားနယ်မြေမှာ ပြည်သူတွေနဲ့ တော်လှန်ရေး ရဲဘော်တွေ စုပေါင်းကျင်းပပြုလုပ်တဲ့ မြန်မာ့ရိုးရာ စုပေါင်းဘုံကထိန်ပွဲတော် ပုံရိပ်တွေကို ABSDF အမှတ် ၃ စစ်ကြောင်းက ဒီနေ့ ထုတ်ပြန်ဖော်ပြထားပါတယ်။
— Previous article
မုံရွာကနေ စစ်ကိုင်းကိုလာတဲ့ အကြမ်းဖက်စစ်သားတွေ တင်ဆောင်လာတဲ့ သံပြားကာယာဉ် ၁ စီးကို မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)
Next article —
စစ်ကောင်စီလက်အောက်ခံ ဗိုလ်မှူး ၂ ယောက် အပါအဝင် အရာရှိနဲ့ စစ်သည် ၆၁ ယောက် အလင်းဝင်ရောက်လာခဲ့ကြောင်း NUG ထုတ်ပြန် (ရုပ်/သံ)
You May Also Like
စစ်အာဏာရှင်ဆန့်ကျင်သူ ကျောင်းသားဟောင်းများဖြစ်သည့် ကိုပိုင်ဖြိုးမင်းနှင့် ကိုရှိန်းဝေအောင် ထောင်ဒဏ် နှစ် (၂၀) စီ ချမှတ်ခံရ
- July 10, 2025
တကသကျောင်းသားဟောင်းများ အင်အားစုရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်သူ ကိုပိုင်ဖြိုးမင်း (ခ) ဒီရေနဲ့ ကိုရှိန်းဝေအောင် (အလုပ်အမှုဆောင်ဟောင်း၊ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ) တို့ကို စစ်ကောင်စီကနေ ထောင်ဒဏ် နှစ်(၂၀) အထိ ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း သိရှိရတယ်လို့ တကသကျောင်းသားဟောင်းများ အင်အားစုက သတင်းထုတ်ပြန်လာပါတယ်။
တော်လှန်ရေးတပ်များ ဆုတ်ခွာထားသည့် မော်လိုက်ကလေးရွာကို ကလေး (ဒု) ဒကစမှူးအမိန့်ဖြင့် စစ်အုပ်စု မီးရှို့ဖျက်ဆီး
- December 7, 2025
စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်မှာ ကလေး (ဒု)ဒကစမှူး အမိန့်နဲ့ အကြမ်းဖက်ခြေမြန်တပ်ရင်းတွေက မော်လိုက်ကလေးကျေးရွာအတွင်း မွှေနှောက်ခိုးယူကာ စစ်ရှောင်နေအိမ်တွေကို စိတ်ကြိုက် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ မော်လိုက်တော်လှန်ရေးအင်အားစုများ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
ဒီဇင်ဘာလ ၆ရက် မနေ့က ညနေပိုင်းမှာ စစ်အုပ်စုက မော်လိုက်လေးကျေးရွာထဲ ဝင်ရောက် မွှေနှောက်ရှာဖွေရင်း အရပ်သားပိုင် တန်ဖိုးကြီးတဲ့ပစ္စည်းတွေ၊ အသုံးအဆောင်တွေကို ခိုးယူသယ်ဆောင်ခဲ့သလို နေအိမ်တွေကိုလည်း မီးရှို့ခဲ့တယ်လို့ သိရပါတယ်။
မိုင်းလုံမြို့နယ်၊ မန်ဟုန်းကျေးရွာကို အကြမ်းဖက်စစ်အုပ်စု လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၁ ဦးအပါ ပြည်သူ ၁၀ ဦး သေဆုံးခဲ့ဟု NUG တရားဝင် ထုတ်ပြန်
- October 9, 2025
ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တအာင်းတပ်မတော် - (PSLF/TNLA) ထိန်းချုပ်ထားတဲ့ မိုင်းလုံမြို့နယ်ကို အကြမ်းဖက်စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ ယောက် အပါအဝင် ပြည်သူ ၁၀ ယောက် သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။
တမူးမှာ ပြည်သူ့ကာကွယ်ရေးရဲဘော်တွေရဲ့ ကာကင်းစခန်း တိုက်ခိုက်ခံရပြီး အပြန်အလှန် ပစ်ခတ်မှုတွေဖြစ်ကာ နှစ်ဖက်ထိခိုက်သေဆုံးမှုတွေ ရှိခဲ့
- October 25, 2024
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ အဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေကြား ထိတွေ့တိုက်ပွဲတွေဖြစ်ပြီး နှစ်ဖက်ထိခိုက်မှုတွေရှိခဲ့ကြောင်း သိရပါတယ်။
NUG ၏ လမ်းညွှန်မှုနှင့်အတူ ကနီ ပအဖ တာဝန်ရှိသူများကို ငွေအလွဲသုံးစားလုပ်မှု သံသယဖြင့် ဖမ်းဆီးထိန်းသိမ်းထား
- August 25, 2025
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတွေအနေနဲ့ ပြည်သူပိုင်ငွေကြေးတွေကို စီမံခန့်ခွဲရာမှာ အလွဲသုံးစားလုပ်မှုတွေရှိတယ်ဆိုပြီး ဖမ်းဆီးထိန်းသိမ်းထားတဲ့အကြောင်း ပကဖ အသံက ဒီနေ့မှာ သတင်းဖော်ပြထားပါတယ်။
နွေဦးတော်လှန်ရေးကာလအတွင်း ရွှေဘိုပကဖ ရဲ့ ၄ ကြိမ်မြောက် သက်ကြီးပူဇော်ပွဲ (ဓာတ်ပုံသတင်း)
- April 18, 2025
မြန်မာနှစ်သစ်ကူး နှစ်ဆန်း ၁ ရက် မနေ့က ရွှေဘိုမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဟာ နွေဦးတော်လှန်ရေးအတွင်း (၄)ကြိမ်မြောက်အဖြစ် သက်ကြီးပူဇော်ပွဲ ပြုလုပ်ကာ ကုသိုလ်ယူခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။