ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ပြားသားကျေးရွာက စစ်ဘေးရှောင်တွေခိုလှုံနေတဲ့ ဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်တပ်က လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့လို့ စစ်ဘေးရှောင် ၄ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

နိုဝင်ဘာလ ၂ရက် မနေ့က ညပိုင်းမှာ စစ်ကောင်စီက လေကြောင်းကနေ ၂ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပြီး စစ်ရှောင် ၄ ယောက် သေဆုံးခဲ့တဲ့အပြင် သက်တော် ၇၂ နှစ်ရှိတဲ့ ခန်းနီဆရာတော် အသျှင်တေဇောဘာသနဲ့ အခြားစစ်ရှောင်တစ်ယောက်လည်း ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဗုံးစထိမှန် သေဆုံးခဲ့သူ ၄ယောက်ဟာ မောင်တောမြို့ အမှတ် ၁ ရပ်ကွက်က ၃ယောက်နဲ့ အမှတ် ၃ ရပ်ကွက်က တစ်ယောက် ဖြစ်တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ မနေ့ညက ၂ကြိမ် လေကြောင်းဗုံးကြဲရာမှာ ပထမ ကြဲချထဲဗုံးက ရွာအပြင်ဘက်မှာ ကျရောက်ပေါက်ကွဲခဲ့ပြီး ဒုတိယအကြိမ် ကြဲချတဲ့ဗုံးက စစ်ရှောင်တွေရှိနေတဲ့ ဘုန်းကြီးကျောင်းကို ထိမှန်ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။

အကြမ်းဖက်စစ်ကောင်စီဟာ ဒီနှစ်ထဲမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်ရေးအရ တိုက်ခိုက်မှုအပြင် နိုင်ငံရဲ့နေရာအနှံံ့မှာ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ပိုမိုလုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ပဲခူးခရိုင်အမှတ် ( ၂ ) တပ်ရင်းဆီ စစ်ကောင်စီတပ်သား ၂ ယောက် လက်နက်နဲ့ အလင်းဝင်လာ…

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပဲခူးခရိုင်အမှတ် ( ၂ ) တပ်ရင်း - P2 3702 ဆီကို အကြမ်းဖက်စစ်ကောင်စီတပ်သား ၂ ယောက် လက်နက်နဲ့ အလင်းဝင်လာတယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဘောလခဲနှင့် ဖားဆောင်းစစ်ဆင်ရေးအတွင်း KNDF တပ်ရင်း ၁၅ မှ ရဲဘော် ၂ ဦး ကျဆုံးခဲ့

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ရင်းအမှတ် (၁၅) က ရဲဘော် ခွန်းဟဲဒီလင်း(ခ)ဂျေဆန်နဲ့ ရဲဘော် စောဆာဘွယ်မူး(ခ)ခူးထျိုးရယ်တို့ဟာ ကရင်နီပြည်နယ်၊ ဘောလခဲမြို့နယ်နဲ့ ဖားဆောင်းမြို့နယ် ရှေ့တန်းစစ်မြေပြင်တွေမှာ တာဝန်ထမ်းဆောင်ရင်း ကျဆုံးခဲ့တယ်လို့ KNDF တပ်ရင်း ၁၅ က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

လန်ဒန်ရောက်မြန်မာတွေ ဆန္ဒပြပွဲမှာ ပူးပေါင်းပါဝင်ဖို့ Myanmar Unity Movement တိုက်တွန်း

အမှန်တရားအတွက် ဆက်လက်တိုက်ပွဲဝင်နိုင်ဖို့ လန်ဒန်ရောက်မြန်မာတွေအနေနဲ့ ဆန္ဒပြပွဲတွေမှာ ပူးပေါင်းပါဝင်ကြဖို့ Myanmar Unity Movement (MUM) က တိုက်တွန်းလိုက်ပါတယ်။ နွေဦးတော်လှန်ရေးတိုက်ပွဲမှာ ‘လွတ်လပ်ခွင့်’ အတွက် ဘယ်တော့မှ နောက်မဆုတ်ဘဲ ဆက်လက်ဆန္ဒပြနေရမှာဖြစ်တဲ့အတွက် လန်ဒန်ရောက်မြန်မာတွေ ပူးပေါင်းပါဝင်ဖို့ Myanmar Unity Movement (MUM) က အခုလို တိုက်တွန်းလိုက်တာပဲဖြစ်ပါတယ်။
Read More

ဂျပန်ရောက် မြန်မာတော်လှန်ရေး အင်အားစုတွေက NUG အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနကို ဂျပန် ယန်း ၆၇၀၀၀၀ ကျော် လှူဒါန်း

ဂျပန်နိုင်ငံရောက် မြန်မာတော်လှန်ရေး အင်အားစုတွေက အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနကို ဂျပန် ယန်း ၆၇၀၀၀၀ ကျော် လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
Read More

ကလေးမြို့နယ်တောင်ပိုင်းရှိ စစ်ကောင်စီတပ်စခန်း ၅ ခုကို တော်လှန်ရေးတပ်များ တိုက်ခိုက်သိမ်းပိုက်

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းက စစ်ကောင်စီတပ်စခန်း ၅ ခုကို တော်လှန်ရေးအင်အားစုတွေ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ တော်လှန်ရေး ရှေ့တန်းသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

ဆောမှာ စစ်ကောင်စီတပ် ဖမ်းဆီးသွားသည့် ဘုန်းကြီးတစ်ပါး ဒဏ်ရာဒဏ်ချက်များနှင့် ပြန်လွတ်လာပြီးနောက် ပျံလွန်တော်မူ

မကွေးတိုင်း၊ ဆောမြို့နယ်၊ ကျောက်ထုတိုက်နယ်၊ တပြင်းကျေးရွာက သံဃာတစ်ပါးဟာ စစ်ကောင်စီတပ်တွေရဲ့ ရိုက်နှက် စစ်ဆေးမှုကြောင့် ပြန်လည်လွတ်မြောက်ပြီး နောက်တစ်ရက်မှာပဲ ပျံလွန်တော်မူသွားတယ်လို့ ယောအလင်းတန်းအဖွဲ့ထံက သိရပါတယ်။