စစ်ကိုင်းတိုင်း မုံရွာကနေ စစ်ကိုင်းလက်ကို အကြမ်းဖက်စစ်သားတွေ တင်ဆောင်လာတဲ့ သံပြားကာယာဉ် ၁ စီးကို အောက်တိုဘာ ၃၁ ရက် မနက်ပိုင်းက မုံရွာမန္တလေးလမ်းပိုင်း အလက္ကပ္ပအနီး ပျားဂဟောနဲ့ ကုက္ကိုတန်းနားမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ BLDF တပ်ခွဲ အညာမိုင်းအဖွဲ့ထံက သိရပါတယ်။

တိုက်ခိုက်ခံရတဲ့ စစ်သားတချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ချောင်းဦးမြို့ဆေးရုံဆီ ခေါ်ဆောင်သွားကာ ဆေးကုသမှုခံယူလျက်ရှိတယ်လို့ သိရပါတယ်။

အဲဒီစစ်ဆင်ရေးကို BLDF တပ်ခွဲ အညာမိုင်းနဲ့ ဇာမဏီဒေါင်းဘုရင်အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

သြစတြေးလျနိုင်ငံ ဘွန်ဒီကမ်းခြေမှာ အကြမ်းဖက်သမားတွေရဲ့ ပစ်ခတ်မှုကြောင့် လူ ၁၅ ဦး သေဆုံး (ရုပ်/သံ)

သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ ဂျူး ဟာနူကာပွဲတော်ကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုအတွင်း လူ ၁၀ ဦးသေဆုံးခဲ့ပါတယ်။
Read More

အာဏာသိမ်းစစ်တပ်ထံက သိမ်းဆည်းရရှိထားတဲ့ ဘက်ဖိုးယာဉ်နဲ့ မြောင်မြို့နယ်အတွင်း လမ်းများ ပြုပြင်ပေး (ရုပ်/သံ)

စစ်ကိုင်းတိုင်း မြောင်မြို့နယ်အတွင်းက တော်လှန်ရေးတပ်တွေ စိုးမိုးထားတဲ့ နယ်မြေတွေမှာ အများပြည်သူသွားလာရေး အဆင်ပြေစေဖို့အတွက် အာဏာသိမ်းစစ်တပ်ထံ သိမ်းဆည်းရရှိထားတဲ့ ဘက်ဖိုးယာဉ်ကို အသုံးပြုပြီး လမ်းနဲ့ အထွေထွေပြုပြင်ရေး ပြုလုပ်ပေးခဲ့တယ်လို့ Myingyan Black Tiger (MBT) က ထုတ်ပြန်ထားပါတယ်။
Read More

ထိုင်း-မြန်မာနယ်စပ်ရှိ ထီးကလယ်စခန်းမှ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်သား ၄ ဦးအား ဖမ်းဆီးရမိ (ရုပ်/သံ)

ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ်၊ မြဝတီမြို့၊ ထီးကလယ်စစ်စခန်းကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်ပြီးနောက် ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတွေထဲက ၄ ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ ရှေ့တန်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

အကြမ်းဖက်စစ်တပ်က ပြည်သူ့စစ်မှုထမ်းများအား သံပြားအပါးများကို ကျည်ကာအဖြစ် တပ်ဆင်ပေးနေ (ရုပ်/သံ)

အကြမ်းဖက်စစ်တပ်ဟာ ပြည်သူ့စစ်မှုထမ်းတွေ အတွက်သံပြားအပါးတွေကို ကျည်ကာပြားအဖြစ် တပ်ဆင်ပေးထားတယ်လို့ Southern Eagle PDF က အသိပေးထားပါတယ်။
Read More

ဂန့်ဂေါခရိုင် ဒရုန်းတပ်ဖွဲ့မှာ ဆုံးရှုံးသွားတဲ့ဒရုန်းတွေ ပြန်လည်ဖြည့်တင်းနိုင်ဖို့နဲ့ ဗုံးသီးတွေ ထုတ်လုပ်နိုင်ဖို့ SKY HUNTER ပရောဂျက်ပြုလုပ် (ရုပ်/သံ)

ယောဒေသရဲ့ စခန်းသိမ်းတိုက်ပွဲတွေမှာ ပါဝင်တိုက်ခိုက်နေတဲ့ ဂန့်ဂေါခရိုင် ဒရုန်းတပ်ဖွဲ့မှာ ဆုံးရှုံးသွားတဲ့ ဒရုန်းတွေနဲ့ ဗုံးသီးတွေ ထုတ်လုပ်နိုင်ဖို့ SKY HUNTER ပရောဂျက်ပြုလုပ်ထားတယ်လို့ သိရပါတယ်။
Read More

မြောင်မြို့နယ်အတွင်း အကြမ်းဖက်စစ်ကား၂ စီးကို ကြားဖြတ်တိုက်ခိုက်၊ စစ်သား ၁၃ ဦး သေပြီး သေနတ် ၂ လက် ရရှိ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ မြောင်လမ်းခွဲကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်သားတွေ စီးနင်းလာ တဲ့ ကား ၂ စီးကို တော်လှန်ရေးပူးပေါင်းတပ်တွေ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁၃ ယောက် သေဆုံးပြီး သေနတ် ၂ လက်သိမ်းဆည်းရရှိခဲ့တယ်လို့ Black Eagle Defence Force - MMU က သတင်းထုတ်ပြန်ထားပါတယ်။