တရုတ်မြန်မာနယ်စပ်မှာရှိတဲ့ ဖီမော်မြို့ကို KIA ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်တယ်လို့ ကချင်စစ်ရေးသတင်းအရင်းအမြစ်က ဖော်ပြလာပါတယ်။

ဇခုန်တိန့်ယိန်းရဲ့ ကချင်အထူးဒေသ ၁ က အုပ်စိုးထားတဲ့ တရုတ်မြန်မာနယ်စပ်မြို့ဖြစ်တဲ့ ဖီမော်မြို့ကို KIA နဲ့ PDF ပူးပေါင်းတပ်တွေက မနေ့က နို၀င်ဘာလ ၂ရက်နေ့မှာ ပူးပေါင်းတိုက်ခိုက် သိမ်းပိုက်လိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့် BGF နဲ့ ပြည်သူ့စစ်တွေက အပြင်းအထန် ခုခံနေတဲ့ကြားက တပ်စခန်းတွေအားလုံးကို ဆက်တိုက် သိမ်းပိုက်ခဲ့တာလို့ စစ်ရေးသတင်းအရင်းအမြစ်က ဆိုပါတယ်။

တပ်စခန်းတွေကို သိမ်းပိုက်မှုအတွင်း BP 7 တပ်ဂိတ်စခန်းကို  မနေ့က နေ့လည် ၁ နာရီအချိန်မှာ သိမ်းပိုက်ရရှိခဲ့ပြီး အဲဒီတပ်စခန်းက ဒုတိယတပ်ရင်းမှူး ဗိုလ်မှူး ရှင်းသန့်အောင်ကို အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

KIA ဟာ အောက်တိုဘာလ ၁၄ ရက်နေ့ ကစတင်ကာ အမှတ် ၁၀၀၂ နယ်ခြားစောင့်တပ်ဌာနချုပ်စခန်းကိုလည်း ကောင်း၊ အောက်တိုဘာလ ၂၁ ရက်နေ့မှာ အမှတ်၁၀၀၃ BGF ဌာနချုပ်စခန်းကုန်းကိုလည်းကောင်း ဆက်တိုက်သိမ်းပိုက်ရရှိခဲ့တာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

PDF စစ်ဆင်ရေးနယ်မြေ (၂) က အခြေခံစစ်သင်တန်း အပတ်စဉ်  (၁/၂၀၂၅)  သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ စစ်ဆင်ရေးနယ်မြေ (၂) မှာ အခြေခံစစ်သင်တန်း အပတ်စဉ်  (၁/၂၀၂၅)  သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တယ်လို့ PDF စစ်ရုံးချုပ်က ဒီနေ့ ညပိုင်းမှာ မှတ်တမ်းဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ပါတယ်။
Read More

တိုင်းရင်းသားတွေနဲ့ငြိမ်းချမ်းရေး ဆွေးနွေးလိုတယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကဆိုပြန်

တိုင်းရင်းသားတွေရဲ့ နယ်မြေတွေကို ပစ်မှတ်ထားပြီး နည်းမျိုးစုံနဲ့တိုက်ခိုက်နေတဲ့စစ်ကောင်စီက တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေးအရ ဆွေးနွေးလိုတယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကပြောပါတယ်။
Read More

အပစ်ရပ်ကြေညာထားသည့် စစ်ကောင်စီတပ် နောင်ချိုမြို့နယ်၊ နောင်တောကျေးရွာအတွင်း လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ ပြည်သူလူထု နေထိုင်ရာ နောင်တောကျေးရွာအတွင်း စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ပွားဘဲ လက်နက်ကြီးတွေ ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (DPLF)/ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စလင်းမြို့နယ်အတွင်း ခရီးသွားပြည်သူများကို လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ မျှဝေ… (ဓာတ်ပုံသတင်း)

မကွေးတိုင်း၊ စလင်းမြို့နယ်ရှိ တော်လှ‌‌န်ရေးစိုးမိုးနယ်မြေအတွင်း စလင်း(ပကဖ) ရဲဘော်တွေက ခရီးသွားပြည်သူတွေကို လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်တွေ မျှဝေပြီး အသိပညာပေးခဲ့တယ်လို့ ဒီနေ့ မနက်ပိုင်းမှာ ဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

သာယာဝတီခရိုင် အမှတ်-၃ တပ်ရင်းရဲ့ အပတ်စဉ် (၂) အခြေခံစစ်သင်တန်း ပုံရိပ်များ (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ သာယာဝတီခရိုင် အမှတ်-၃ တပ်ရင်းရဲ့ အခြေခံ စစ်သင်တန်းအပါတ်စဉ် (၂) သင်တန်း ဓာတ်ပုံမှတ်တမ်းတွေကို အဆိုပါတပ်ရင်းက ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

စစ်ကိုင်းမှာ စစ်ကောင်စီ ရဲတပ်ကြပ်ကြီးကို PDF က နေအိမ်ထဲ ဝင်ရောက်ဖမ်းဆီး၊ ခဲယမ်းတွေပါ သိမ်းဆည်းရရှိ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ပေါ်မှာ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ကြပ်ကြီး ၁ ယောက်ကို နေအိမ်အထိ ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ ရတနာပုံတပ်ဦးက ဒီဇင်ဘာ ၉ ရက် ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။