မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်းမှာ ပျူရွာက ထွက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်အုပ်စုဘက်က ဒုရဲအုပ် ၁ယောက် အပါအဝင် ၂ ယောက် သေပြီး အများအပြားထိခိုက်သွားကြောင်း ယောအလင်းတန်းအဖွဲ့ထံက သိရပါတယ်။

အောက်တိုဘာ ၁ရက်၊ ညနေပိုင်းက ဂန့်ဂေါမြို့မြောက်ပိုင်း၊ မြောက်ခင်ရန်းရွာကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်ကြောင်းနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ သင်တောရွာအနီးမှာ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပါတယ်။

အဲ့ဒီထိတွေ့မှုထဲ ပြည်သူ့ကာကွယ်ရေးတပ်တွေထောင်ထားတဲ့ မိုင်းတွေပေါက်ကွဲခဲ့တာကြောင့် ဒုရဲအုပ်၁ယောက်နဲ့ ပျူစောထီး၁ယောက်သေဆုံးပြီး ၉ယောက်ထက်မနည်းထိခိုက်သွားကြောင်း သိရပါတယ်။

သေတဲ့ ဒုရဲအုပ်က ကုက္ကားရွာက ပျူခေါင်းဆောင်ရဲ့သားလို့ သိရတယ်။ သူရယ် နောက်တစ်ယောက်ရယ် သေပါတယ်။ နာမည်တွေတော့မသိဘူး။ ထိတာတော့ ၉ယောက်ထက်မနည်းထိပါတယ်။ ကုက္ကားရွာက ပျူတွေပါ။လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ယောက်က မောင်းကိုပြောပါတယ် ။

အဲဒီပျူစောထီးစစ်ကြောင်းဟာ အောက်တိုဘာ ၁ရက် မနက်အစောပိုင်းမှာ မြောက်ခင်ရန်းပျူရွာကနေမြောက်ခင်ရန်းဂန့်ဂေါ အာရှလမ်းမကြီးအတိုင်း အင်အား၂၀၀နီးပါးနဲ့ စစ်ကြောင်း၂ခုခွဲပြီး ထွက်ခဲ့တာလို့ သိရပါတယ်။

အဲ့ဒီနောက် သင်တောရွာနဲ့ မြောက်ခင်ရန်းရွာအကြားမှာ ဒေသကာကွယ်ရေးတပ်နဲ့ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး သင်တောရွာကို နေ့လည်ပိုင်းမှာ ဝင်ရောက်ခဲ့တာလို့လည်း ယောအလင်းတန်းက ဆိုပါတယ်။

ဒါ့အပြင် ဒီနေ့မနက်(နိုဝင်ဘာ ၃) အစောပိုင်းကလည်း မြောက်ခင်ရန်းရွာကနေ  အနောက်တောလေးရွာသစ်ကိုသွားတဲ့ ပျူစောထီးတွေ ပြည်သူ့ကာကွယ်ရေး တပ်တွေထောင်ထားတဲ့ တိုက်မိုင်းမိပြီး ၄ယောက်ထက်မနည်းထိခိုက်သွားတယ်လို့ ယောအလင်းတန်းက ပြောပါတယ်။

မြောက်ခင်ရန်း ပျူစောထီးရွာဟာ စစ်အုပ်စုအခြေပြုအားကောင်းရာ ရွာတစ်ရွာဖြစ်ပြီးမကြာခဏဆိုသလို အနီးနားကျေးရွာတွေဆီ စစ်ကြောင်းထိုးဝင်ရောက် မီးရှို့တတ်တယ်လို့လည်း သိရပါတယ်။

ယောအလင်းတန်းအဖွဲ့ရဲ့ ပြောပြချက်အရ ဂန့်ဂေါမြို့မြောက်ပိုင်းက မြောက်ခင်ရန်း၊ ကုက္ကား၊ ဟံသာဝတီ စတဲ့ ပျူစောထီးအားကောင်းရာ ကျေးရွာတွေမှာ ဒုရဲအုပ်အဆင့်ရှိသူတွေကို တစ်ရွာတစ်ယောက်စီပြောင်းရွှေ့တာဝန်ထမ်းဆောင်ထားခိုင်းကြောင်းလည်း သိရပါတယ်။

0 Shares:
You May Also Like
Read More

ပေါ်တာဆွဲကာ ကပစ ၁၄ ပို့ခံထားရသည့် စစ်ကော်မရှင်တပ်သား ၄ ဦး အလင်းဝင်

အကြမ်းဖက် စစ်ကော်မရှင်တပ် ပေါ်တာဆွဲ ဖမ်းဆီးထားသည့် စစ်မှုထမ်းတပ်သား ၄ယောက် မင်းဘူးခရိုင် အမှတ် (၆) တပ်ရင်းထံ အလင်းဝင်လာကြောင်း အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

နွားထိုးကြီးမြို့နယ်အတွင်း တပ်စွဲထားသည့် စစ်အုပ်စုကို တော်လှန်ရေးတပ်များတိုက်ခိုက်၊ ခဲယမ်းအများအပြား သိမ်းဆည်းရရှိ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်မှာ စစ်အုပ်စုတပ်စွဲထားတဲ့ ညောင်ပင်သာရွာ ဘုန်းကြီးကျောင်းကို စီးနင်းတိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြီး ခဲယမ်းအများအပြား သိမ်းဆည်းရှိခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် (၂) တပ်ရင်း သတင်းတာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

စစ်ဘေးရှောင်တွေရှိနေတဲ့ ဘုန်းကြီးကျောင်းကို ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ်နဲ့ သံဃာတော်တွေအပါအဝင် အရပ်သား၁၂ယောက် သေဆုံး

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ မလက်တိုကျေးရွာအုပ်စုမှာ ပြည်သူ့စစ်သင်တန်းပြုလုပ်ဖို့ အကြမ်းဖက်စစ်တပ်နဲ့ ရဲက စီစဥ်နေပြီး ပြည်သူ့စစ်ခေါ်ယူဖို့ အစည်းဝေးလုပ်ချိန်မှာ လူမစုံတာနဲ့အစည်းအဝေး ပျက်သွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

လေးနှစ်တာအတွင်း  စစ်ကောင်စီက ဆေးရုံဆေးခန်း တိုက်ခိုက်ခံရမှု အကြိမ် ၁၅၀၀ အထိရှိခဲ့

စစ်အာဏာသိမ်း လေးနှစ်တာအတွင်း စစ်ကောင်စီက ဆေးရုံ၊ ဆေးခန်းတိုက်ခိုက်ခံရမှု အကြိမ် ၁၅၀၀ ကျော်ရှိခဲ့တယ်လို့  လူသားမျိုးနွယ် လုံခြုံရေးဆိုင်ရာ သုတေသနအဖွဲ့ Insecurity Insight က ထုတ်ပြန်ပါတယ်။
Read More

စစ်ရာဇဝတ်မှုများ ဆိုးဆိုးရွားရွား ဆက်တိုက်ကျူးလွန်နေသည့် စစ်ကောင်စီကို  အရေးယူနိုင်ရေး ပြည်သူတစ်ရပ်လုံး ကြိုးစားဆောင်ရွက်ဖို့ အရေးကြီးဟု ဆို 

စစ်ရာဇဝတ်မှုတွေ ဆိုးဆိုးရွားရွား ဆက်တိုက်ကျူးလွန်နေတဲ့ စစ်ကောင်စီကို  အရေးယူနိုင်ဖို့ တော်လှန်ပြည်သူတွေအားလုံး ကြိုးစားဆောင်ရွက်ကြဖို့  အာဏာရှင်စနစ်ဆန့်ကျင်ရေးပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေးကော်မတီ (မန္တလေး) က ထုတ်ပြန်ပါတယ်။ 
Read More

ကျောက်မဲမြို့တွင် သံဃာ (၁) ပါး ခြုံရှင်းရင်း မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့၊ ရပ်ကွက်(၂)ရှိ  နတ်စစ်လင်းဘုန်းကြီးကျောင်းမှာ သံဃာတော် (၁) ပါး ခြုံရှင်းနေချိန် မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။