မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ထဲက KNU ထိန်းချုပ်နယ်မြေမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က ၄ယောက်သေကာ ၈ယောက် ထိခိုက်ဒဏ်ရာရသွားတယ်လို့ ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့() သတင်းနှင့်ပြန်ကြားရေးတာဝန်ခံရဲဘော်ကိန်းက မောင်းကိုပြောပါတယ်။

နိုဝင်ဘာ ၂ရက်၊  မနေ့က နေ့လည်ပိုင်းမှာ ကျိုက်ထိုမြို့နယ်၊  KNU ထိန်းချုပ်နယ်မြေအတွင်း စစ်ကြောင်းထိုးလာတဲ့ အင်အား၂၀၀ ခန့်ပါ အကြမ်းဖက်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေ ပိန္ဒဲကုန်းကျေးရွာအနီး ထိတွေ့မှု ၂ကြိမ်ဖြစ်ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေရှိခဲ့တာ ဖြစ်ပါတယ်။

၂ရက်နေ့မတိုင်ခင်တည်းက ဒီကောင်တွေ စစ်ကြောင်းထိုးနေလို့ ဝင်လာနိုင်တဲ့ လမ်းတွေမှာ ကြိုစောင့်တယ်ပေါ့။ အဲ့ဒါနဲ့ ၂ရက်နေ့ မွန်းလွဲပိုင်း ၁နာရီလောက်မှာ ကျနော်တို့စောင့်နေတဲ့ ပိန္ဒဲကုန်းကျေးရွာဆီ စစ်ကြောင်းလိုက် တိုးလာလို့ တိုက်ပွဲစဖြစ်တယ်ပေါ့။ လက်နက်ကြီးလက်ငယ်တွေနဲ့ အပြန်အလှန် ပစ်ကြတာ ၂၅မိနစ်လောက်ပဲကြာတယ်။ အဲ့ဒီနောက်တော့နာရီဝက်လောက်ငြိမ်သွားပြီး တစ်နေရာမှာတိုက်ပွဲ ဆက်ဖြစ်ကြပါတယ်ဗျ။ ကျနော်တို့ဘက်က လက်နက်ကြီးလက်နက်ငယ်အပြင် ဒရုန်းနဲ့ပါ ဗုံးကြဲခဲ့ပါတယ်။လို့ ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့() သတင်းနှင့်ပြန်ကြားရေးတာဝန်ခံရဲဘော်ကိန်းက မောင်းကိုပြောပါတယ်။

ဒီထိတွေ့မှုထဲ KNLA နဲ့အတူ ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့() ၊ ကျေးနယ်ကာကွယ်ရေးတပ်ဖွဲ့တွေက ပါဝင်တိုက်ခိုက်ခဲ့ပြီး တော်လှန်ရေး ရဲဘော်တွေ ထိခိုက်မှုမရှိခဲ့ဘူးလို့ သိရပါတယ်။

ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ၁ ၏ ထုတ်ပြန်ချက်

တစ်ဖက်မှာတော့စစ်ကောင်စီကထိခိုက်သေဆုံးခဲ့တဲ့စစ်သားတွေကိုဖောကားနဲ့ပြန်ပြီးသယ်သွားတယ်လို့လည်းသိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီက တိုက်ပွဲဖြစ်နေချိန်အတွင်း လက်နက်ကြီး ၁၂၀ မမနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် အရပ်သားနေအိမ် ၁လုံးနဲ့ ဘုန်းကြီးကျောင်း ဇရပ် ၁ခု ထိခိုက်ပျက်စီးသွားခဲ့ပါသေးတယ်။

လက်ရှိမှာလည်း တိုက်ပွဲဲဖြစ်ပွားရာ ပတ်ဝန်းကျင်မှာ စစ်ကောင်စီနဲ့ တော်လှန်ရေးအင်အားစုတွေကြား နှစ်ဖက်စစ်ရေး တင်းမာနေတယ်လို့ သိရပါတယ်။

အခုထိတော့ စစ်ရေးက မငြိမ်သေးပါဘူး။ ဒီကောင်တွေက အလုံးစုံပြန်မဆင်းသေးဘူးပြောရမယ်။ တပ်စွဲထားတာမျိုးမဟုတ်ဘဲ ဒီနယ်မြေထဲပဲ အရွေ့ပုံစံမျိုးဆိုတော့ စစ်ရေးတင်းမာနေတုန်းပါ။လို့ ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့() သတင်းနှင့်ပြန်ကြားရေးတာဝန်ခံရဲဘော်ကိန်းက မောင်းကိုပြောပါတယ်။

0 Shares:
You May Also Like
Read More

ငလျင်ကြောင့် ဘာသာရေးအဆောက်အအုံ တစ်သောင်းထက်မနည်း ထိခိုက်ပျက်စီးခဲ့ကြောင်း စစ်ကောင်စီ ထုတ်ပြန်၊ ရဟန်း ၁၅၉ ပါးနှင့် သီလရှင် ၅၅ ပါး ပျံလွန်တော်မူခဲ့သည်ဟု ဆို

အင်အားပြင်းထန်တဲ့ ငလျင်လှုပ်ခတ်မှုကြောင့် နိုင်ငံတစ်ဝန်းမှာ ဘာသာရေးအဆောက်အအုံ တစ်သောင်းနီးပါး ပျက်စီးခဲ့ရတယ်လို့ စစ်ကောင်စီရဲ့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
Read More

ဘော်စတွန်မှာ ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် ကိုထိန်လင်း မြန်မာမိသားစုများနှင့် တွေ့ဆုံခဲ့

အမေရိကန်ပြည်ထောင်စု၊ ဘော်စတွန်မြို့မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကင်မ်အဲရစ် (ခ) ကိုထိန်လင်းက အမေရိကန်ရောက် မြန်မာမိသားစုတွေနဲ့ တွေ့ဆုံခဲ့တယ်လို့  ပြည်သူ့ဂုဏ်ရည်အသင်း New England ထံက သိရပါတယ်။
Read More

ချောက်မှာ နယ်မြေရှင်းလင်းရေးထွက်သည့် စစ်ကောင်စီတပ်သားများကို မိုင်း ၂ ဆင့်ဆွဲ တိုက်ခိုက်၊ ၄ ဦးသေပြီး ၇ ဦး ဒဏ်ရာရ

မကွေးတိုင်း ၊ ချောက်မြို့နယ်မှာ နယ်မြေရှင်းလင်းရေးလုပ်ဖို့ ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို မိုင်း ၂ ဆင့်ဆွဲကာ တိုက်ခိုက်ရာ ၄ ယောက်သေက ၇ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Chauk Revolution Army အဖွဲ့တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ဆောမြို့ပေါ် ၁၃ နှစ်အရွယ် မိန်းကလေးအား မုဒိမ်းကျင့် သတ်ကာ အလောင်းဖျောက်ခဲ့သူကို နယ်မြေခံတပ်ဖွဲ့ ဖမ်းဆီးထိန်းသိမ်းထား၊ သေဒဏ်ပေးရန် ပြည်သူများ ဆန္ဒပြနေ

မကွေးတိုင်း၊ ဆောမြို့ပေါ်မှာ အသက် ၁၃နှစ်အရွယ် မိန်းကလေးကို မုဒိမ်းကျင့်သတ်ဖြတ်ကာ အလောင်းဖျောက်ခဲ့တဲ့ တရားခံကို နယ်မြေခံ တော်လှန်ရေးတပ်ဖွဲ့တွေက ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ယောအလင်းတန်းအဖွဲ့ထံက သိရပါတယ်။
Read More

ဘုတလင်က စစ်ရှောင်ပြည်သူတွေကို ရွေ့လျားဆေးပေးခန်း (mobile clinic) နဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေး

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်က ပြင်းထန်စွာ စစ်ကြောင်းထိုးမှုတွေကြောင့် ရှောင်တိမ်းနေထိုင်နေရတဲ့ စစ်ရှောင်ပြည်သူတွေကို တက္ကသိုလ်ကျောင်းသားများသမဂ္ဂ - တကသများ-ရန်ကုန်/ ကျောင်းသားလက်ရုံးတပ်တော်က ရွေ့လျားဆေးပေးခန်း (mobile clinic) ဖွင့်လှစ်ကာ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ယာယီအပစ်ရပ်မည်ဟု ကြေညာထားသည့် အကြမ်းဖက်စစ်အုပ်စုက ကချင်ပြည်နယ်အတွင်းမှာ စစ်ကြောင်းထိုးတာ၊ လက်နက်ကြီးပစ်တာ နဲ့ လေကြောင်းတိုက်ခိုက်တာတွေ ပြုလုပ်နေ 

အကြမ်းဖက်စစ်အုပ်စုက အပစ်ရပ်စဲကြောင်း မနေ့က ကြေညာချက်ထုတ်အပြီး ဒီနေ့မနက်ပိုင်းမှာ ကချင်ပြည်နယ်အတွင်း စစ်ကြောင်းထိုးတာ ၊ လက်နက်ကြီးပစ်တာနဲ့ လေကြောင်းတိုက်ခိုက်တာတွေ ပြုလုပ်နေတယ်လို့ KIO ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော်က တိုက်ခိုက်ခံရတဲ့နေရာရဲ့ မြေပုံနဲ့အတူ အသိပေးထုတ်ပြန်ထားပါတယ်။