စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်ထဲက အကြမ်းဖက်စစ်တပ် မီးရှို့ခဲ့လို့ မီးဘေးသင့်နေတဲ့ ကျေးရွာ ၅ ရွာက ဒေသခံတွေကို စစ်ကိုင်း ပြည်သူ ဖေးမကူ ကွန်ယက် အလှူရှင်တွေကိုယ်စား The Helpers For Spring အဖွဲ့က အခြေခံစားသောက်ကုန်တွေ သွားရောက်လှူဒါန်းခဲ့တယ်လို့ စစ်ဘေးရှောင်အရေးကူညီနေသူတွေဆီက သိရပါတယ်။
မီးဘေးသင့် ကျေးရွာ ၅ ရွာက အိမ်ထောင်စု ၃၈၆ အိမ်ထောင်စုအတွက် ဆန်၊ ဆီ၊ ဆား၊ အသားတု၊ ကြက်သွန်၊ ဟင်းချိုမှုန့် အစရှိတာတွေ လှုဒါန်းပေးခဲ့တယ်လို့ သိရပါတယ်။
“အကြမ်းဖက်စစ်တပ် စစ်ကြောင်းထိုးဝင်ရောက်ပြီး မီးရှို့ခဲ့လို့ မီးဘေးသင့်ခဲ့ရသလို စစ်ဘေးရှောင်နေရသူအများအပြားရှိလာနေတယ်၊ မီးဘေးသင့်ခဲ့ရသူတွေအတွက် လှူဒါန်းပေးခဲ့တာဖြစ်တယ်” လို့ စစ်ဘေးရှောင်အရေးကူညီပေးသူတစ်ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
ဘုတလင်နယ်ထဲမှာ အကြမ်းဖက်စစ်တပ် စစ်ကြောင်းထိုးဝင်ရောက်မှုကြောင့် ဘေးလွတ်ရာတွေ ထွက်ပြေးတိမ်းရှောင်နေရသူ အများအပြားရှိနေပြီး စားဝတ်နေရေးအခက်ခဲပြသာနာတွေ ရင်ဆိုင်နေရတယ်လို့ စစ်ဘေးရှောင်နေသူတွေဆီက သိရပါတယ်။
ပုံစာ – မီးဘေးသင့်ပြည်သူတွေကူညီနေတဲ့ THFS အဖွဲ့ပုံ
0 Shares:
You May Also Like
Read More

စလေမြို့တွင် ပျူစောထီးခေါင်းဆောင် ဘီယာသောက်နေစဥ် ပစ်ခတ်ရှင်းလင်းခံရ

မကွေးတိုင်း၊ ချောက်မြို့နယ်၊ စလေမြို့အဝင်က ဘီယာဆိုင်မှာ ဘီယာသောက်နေတဲ့ စလေပျူစောထီးခေါင်းဆောင် မိုးအောင်ကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း မကွေးခရိုင် အမှတ် (၁) တပ်ရင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်ထံက သိရပါတယ်။
Read More

ကျောက်မဲခရိုင် အထူးတိုက်ခိုက်ရေးအဖွဲ့ထံ စစ်ကော်မရှင်တပ်သားတစ်ဦး လက်နက်မဲ့ အလင်းဝင်လာ

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တအာင်းတပ်မတော် TNLA နဲ့အတူ တိုက်ပွဲဝင်နေတဲ့ ကျောက်မဲခရိုင် အထူးတိုက်ခိုက်ရေးအဖွဲ့ထံကို စစ်ကော်မရှင်တပ်သား ၁ ယောက် အလင်းဝင်လာတယ်လို့ အဆိုပါအဖွဲ့က အောက်တိုဘာလ ၂၂ ရက် မနေ့က ထုတ်ပြန်ထားပါတယ်။
Read More

မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့၏ အခြေခံ စစ်ပညာသင်တန်း အမှတ်စဉ်(၄)သင်တန်းဆင်းပွဲ…

မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ/ မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့က ပြုလုပ်တဲ့ အခြေခံ စစ်ပညာသင်တန်း အမှတ်စဉ်(၄)သင်တန်းဆင်းပွဲ အခမ်းအနားကို ဇွန်လ(၁၁)ရက်မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ငလျင်ဒဏ် အပြင်းအထန်ခံစားခဲ့ရသည့် စစ်ကိုင်းတွင် သေဆုံးသူ ၆၀၀ နီးပါး ရှိလာပြီ၊ စစ်ကောင်စီ ကူညီကယ်ဆယ်ရေးများ ထိထိရောက်ရောက် မလုပ်ဆောင်နိုင်

ငလျင်ဒဏ်ကို အပြင်းအထန်ခံစားခဲ့ရတဲ့ စစ်ကိုင်းမြို့မှာ မတ်လ ၃၀ရက်၊ ဒီနေ့အထိ ထိခိုက်သေဆုံးသူ ၆၀၀ ခန့်အထိရှိလာပြီလို့ သိရပြီး လူမှုကယ်ဆယ်ရေးအဖွဲ့တွေနဲ့ မီးသတ်အဖွဲ့တွေက ခက်ခက်ခဲခဲ ရှာဖွေကယ်ဆယ်ရေး လုပ်နေရကြောင်း တော်လှန်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
Read More

စစ်ကောင်စီ၏ ယာယီအပစ်ရပ်ရေးဟာ BIMSTEC အစည်းအဝေး တက်ဖို့နှင့် နိုင်ငံတကာ ထောက်ခံမှုရဖို့ ဟန်ပြကြေညာချက်သာ ဖြစ်သည်ဟု KNU ပြော

ရက် (၂၀) ကြာ ယာယီအပစ်အခတ်ရပ်စဲတယ်လို့ ထုတ်ပြန်ကြေညာထားတဲ့ အကြမ်းဖက်စစ်ကောင်စီက ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်အတွင်း  လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား ၁ ယောက် ထိခိုက်ဒဏ်ရာရပြီး နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။