ရန်ကုန်မြို့ Yango Ug People Army မြို့ပြတော်လှန်ရေးတပ်ဖွဲ့အနေနဲ့ မြို့ပြပြောက်ကျားစစ်ဆင်ရေးတွေ ပြုလုပ်ရာမှာ ရန်ကုန်အရှေ့ပိုင်း ဒဂုန်မြို့နယ်အတွင်း အခြေစိုက်ကာ ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းလုပ်ဆောင်သွားမှာဖြစ်ကြောင်း အသိပေး ကြေငြာချက်ကို နိုဝင်ဘာလ ၁ ရက်မှာ ထုတ်ပြန်ခဲ့တယ်လို့ YUPA မြို့ပြပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိ​သူတွေဆီက သိရပါတယ်။
မြို့ပြပြောက်ကျား တော်လှန်ရေးကို ထိရောက်စွာ ပိုမိုလုပ်ဆောင်သွားမှာဖြစ်ပြီး ရန်ကုန်တိုင်းအတွင်းက တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းလုပ်ဆောင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
“တော်လှန်ပြည်သူနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို အသိပေးထုတ်ပြန်ကြေငြာတဲ့သဘောပါ၊ တော်လှန်ပြည်သူတွေရဲ့ ကူညီပံပိုးမှု့နဲ့ မြိုပြပြောက်ကျား တော်လှန်ရေးကို စစ်အာဏာရှင်ကျဆုံးတဲ့အထိ လုပ်ဆောင်သွားမှာပါ၊ အရှိန်ဟုန်မြင့်ကာ UG လုပ်ငန်းစဥ်တွေနဲ့ ဆက်လက်လုပ်ဆောင်သွားမှာမလို့ တော်လှန်ပြည်သူတွေအနေနဲ့ တော်လှန်ရေးသတိအမြဲရှိစေဖို့ ပြည်သူကို အသိပေးရတာဖြစ်ပါတယ်”လို့ YUPA တာဝန်ခံ ဂျိုးက မောင်းသတင်းဌာနကို ပြောပါတယ်။
နယ်မြေအနေအထားအရ မြေပြင်မှာရှိတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းလုပ်ဆောင်သွားမှာဖြစ်ပြီး စစ်အာဏာရှင် အမြစ်ပြတ်ချေမှုန်းသွားမှာဖြစ်လို့ တော်လှန်ပြည်သူတွေအနေနဲ့လည်း တတ်နိုင်တဲ့ဘက်က ပူးပေါင်းပါဝင်ပေးစေလိုတယ်လို့ အထက်ပါ YUPA တာဝန်ခံက ဆက်ပြောပါတယ်
YUPA မြို့ပြပြောက်ကျားတပ်ဖွဲ့အနေနဲ့ ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ အကြမ်းဖက်စစ်တပ် ဂိတ်စခန်းတွေ၊ အကြမ်းဖက်ရဲစခန်းနဲ့ ဂိတ်အစောင့်ချထားတဲ့နေရာတွေ၊ အကြမ်းဖက်စစ်တပ်လက်အောက်ခံ အုပ်ချုပ်ရေးရုံးတွေနဲ့ အကြမ်းဖက်စစ်တပ်ရဲ့ လက်ဝေခံသတင်းပေး ထောက်တိုင်တွေကို ပြတ်ပြတ်သားသား ရှင်းလင်းလုပ်ဆောင်နေတာဖြစ်ပြီး နယ်မြေခံ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ချိတ်ဆက်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ YUPA တပ်ဖွဲ့ဆီက သိရပါတယ်။
ပုံစာ – YUPA အဖွဲ့တံဆိပ်အမှတ်သားနဲ့ YUPA ရဲ့ထုတ်ပြန်စာ
0 Shares:
You May Also Like
Read More

တနင်္သာရီမြို့နယ်က လမ်းပိုင်းတစ်နေရာမှာ လက်နက်တွေတင်ဆောင်လာတဲ့ စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်

စစ်ကောင်စီရဲ့ ရိက္ခာနဲ့ လက်နက်ခဲယမ်းတင်ဆောင်လာတဲ့ ယာဉ်တန်းအပါအ၀င် လမ်းကင်းယူပေးတဲ့ အကြမ်းဖက်စစ်သားတွေကို မိုင်းဆွဲ တိုက်ခိုက်ခဲ့တယ်လို့ တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပ.က.ဖ)က ထုတ်ပြန်ပါတယ်။
Read More

NUG ၏ အထူးစုံစမ်းထောက်လှမ်းရေးဦးစီးဌာနက ဦးစီးဆောင်ရွက်သည့် ပစ်မှတ်ဆိုင်ရာ ထောက်လှမ်းရေး သင်တန်း အပတ်စဉ် (၂) သင်တန်းဆင်းပွဲအခမ်းအနား…

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ အထူးစုံစမ်းထောက်လှမ်းရေးဦးစီးဌာနက ဦးစီးဆောင်ရွက်တဲ့ ပစ်မှတ်ဆိုင်ရာ ထောက်လှမ်းရေးသင်တန်း အပတ်စဉ် (၂) သင်တန်းဆင်းပွဲအခမ်းအနားကို စက်တင်ဘာလ (၂၅) ရက်က စစ်ကိုင်းတိုင်းရှိ NUG စိုးမိုးနယ်မြေအတွင်း တစ်နေရာမှာ ပြုလုပ်ကျင်းပခဲ့တယ်လို့ NUG က မနေ့က ထုတ်ပြန်ပါတယ်။
Read More

အမှတ် ၁ စစ်ဒေသမှာ နှစ်ရက်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၅) ယောက် လက်နက်တွေနဲ့အတူ အလင်းဝင်လာ…

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁) စစ်ဒေသ ကွပ်ကဲမှုအောက်ရှိ တပ်ရင်းတွေဆီကို နှစ်ရက်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၅) ယောက်က လက်နက်တွေနဲ့ အလင်းဝင်လာတယ်လို့ အမှတ် ၁ စစ်ဒေသက ထုတ်ပြန်ထားပါတယ်။
Read More

မောင်ရွှေလေးရေတပ်စခန်းကို ဆုံးရှုံးသွားခဲ့တဲ့ စစ်ကောင်စီရေတပ်နဲ့ ပူးတွဲစစ်ရေးလေ့ကျင့်ဖို့ ရုရှားရေတပ်သင်္ဘောများ မြန်မာနိုင်ငံကို ရောက်ရှိနေဟုဆို

စစ်ကောင်စီရေတပ်နဲ့ ရေကြောင်းစစ်ရေးလေ့ကျင့်မှု လုပ်ဆောင်ဖို့ မြန်မာနိုင်ငံကို ရုရှားရေတပ်သင်္ဘောအုပ်စုတစ်စု ရောက်ရှိနေကြောင်း စစ်ကောင်စီရဲ့မီဒီယာကနေ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ထုတ်ပြန်ခဲ့ပါတယ်။
Read More

မြဝတီမြို့ထဲ အကြမ်းဖက်စစ်တပ် ပေါ်တာဆွဲရင်း အရပ်ဝတ်နဲ့ BGF တစ်ပွင့်အဆင့် အရာရှိကို မှားခေါ်သွား

ကရင်ပြည်နယ် မြဝတီမြို့အတွင်းမှာ အကြမ်းဖက်စစ်တပ်က ပေါ်တာဆွဲမှုတွေ လုပ်နေပြီး ဒီဇင်ဘာ ၁၉ ရက် မနက်ပိုင်းက အမှတ် ၁ ရပ်ကွက်မှာ အရပ်ဝတ်နဲ့ သွားလာနေတဲ့ နယ်ခြားစောင့်တပ် BGF က တစ်ပွင့်အဆင့်ရှိ ဒုဗိုလ်တစ်ယောက်ကိုပါ မှားပြီး ပေါ်တာဆွဲခေါ်သွားတယ်လို့ BGF နဲ့ နီးစပ်သူတွေက ပြောပါတယ်။
Read More

မြောင်မြို့နယ်ရှိ ကျောက်ရစ်ရဲစခန်းနှင့် စစ်တပ်တပ်စွဲထားသည့် ဆေးရုံတို့ကို ဒရုန်းဖြင့် ဗုံးကြဲ၊ ဒရုန်း ၁ စီး ပျက်စီးဆုံးရှုံး

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ရှိ အကြမ်းဖက်စစ်တပ် အထိုင်ချ တပ်စွဲထားတဲ့ ကျောက်ရစ်ရဲစခန်းနဲ့ ဆေးရုံတို့ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ Peacock Drone Team-Myaung က မနေ့က ထုတ်ပြန်ပါတယ်။