ရခိုင်ပြည်နယ်၊ အမ်းမြို့ကို ဆက်သွယ်ထားတဲ့ လမ်းပိုင်းတွေအပါဝင် ပုသိမ်-မုံရွာ လမ်းပိုင်းကိုပါ ပိတ်ဆို့ဖို့ကြိုးစားတဲ့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ မကွေးတိုင်း၊ သရက်ခရိုင် ၊ အထက် မင်းလှမြို့နယ်မှာ ၂ ရက်ဆက် ထိတွေ့ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ပါတယ်။
အောက်တိုဘာ ၃၀ ရက် မွန်းလွဲပိုင်းမှာ အထက်မင်းလှမြို့နယ်နဲ့ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ကို ဆက်သွယ်ထားတဲ့ လမ်းပိုင်းအပါအဝင် ပုသိမ်-မုံရွာလမ်းပိုင်းကို ပိတ်ဆို့တပ်စွဲထားတဲ့ မလွန်တပ်နယ် ကပစ ၂ (ကာကွယ်ရေးပစ္စည်းစက်ရုံံ)နဲ့ ကုန်းကြီး ကပစ ၁၀ တို့မှ အင်အား ၁၀၀ ပါ အကြမ်းဖက်စစ်ကြောင်းနဲ့ အထက်မင်းလှ ပြည်သူ့ကာကွယ်ရေးတပ်တို့ ထိတွေ့မှုဖြစ်ခဲ့တာလို့ သိရတာပါ။
အဲ့ဒီထိတွေ့မှုထဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေထောင်ထားတဲ့ မိုင်းတွေထိမှန်ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ အထက်မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။
အလားတူ အောက်တိုဘာလ ၃၁ ရက်၊ မနက်အစောပိုင်းမှာလည်း စစ်ကောင်စီဟာ အရပ်သားတွေကို လူသားဒိုင်းလုပ်ဖမ်းဆီးရင်း ပုသိမ်-မုံရွာလမ်းပိုင်းအတိုင်း လက်နက်ကြီးပစ်ခတ်ကာ စစ်ကြောင်းထိုးဝင်ရောက်လာရာ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပဒေသာမိုင်း၊ တိုက်မိုင်း၊ ဆွဲမိုင်းတွေနဲ့ ဟန့်တားတိုက်ခိုက်ခဲ့ရတယ်လို့လည်း သိရပါတယ်။
မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီဘက်က ၁၀ ယောက်သေပြီး ၁၇ ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ကာ အဲ့ဒီ​နေ့ နေလည်ဘက်မှာပဲ သေဆုံးရုပ်အလောင်းတွေနဲ့ ထိခိုက်ဒဏ်ရာရသူတွေကို ကားနဲ့ပြန်ပြီး သယ်သွားတယ်လို့လည်း သိရပါတယ်။
အထက်မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ၄င်းတို့တပ်ဖွဲ့ရဲ့ စခန်းငယ် ၁ ခုကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ပြောပါတယ်။
လက်ရှိအခြေအနေအရ အထက်မင်းလှမြို့နယ်မှာစစ်ကောင်စီရဲ့မကြာခဏ စစ်ကြောင်းထိုးဝင်ရောက်မှုတွေကြောင့် စစ်ရေးတင်းမာနေပြီး စစ်ကြောင်းဟန့်တားနေရတဲ့ အထက်မင်းလှပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေနဲ့ လက်နက်၊ ခဲယမ်းနဲ့ ရိက္ခာလိုအပ်ချက်တွေ ရှိနေတယ်လို့လည်း သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၉ရက်နေ့ကလည်း အဲ့ဒီ ပုသိမ်- မုံရွာလမ်းပိုင်းမှာ စစ်အုပ်စု ကင်းပုန်းနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်များ ထိတွေ့မှုဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က ၂ ယောက်သေကာ ၄ ယောက်ထိခိုက်ခဲ့တယ်လို့ သရက်ခရိုင်၊ အမှတ် ၄ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

KNU တပ်မဟာ ၅ နယ်မြေမှာ (၁၅) ရက်အတွင်းဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်က တပ်ရင်းမှူးနဲ့ ဒုတပ်ရင်းမှူးအပါ ၇၇ ယောက် သေဆုံး

ကရင်အမျိုးသားအစည်အရုံး (KNU) ရဲ့ တပ်မဟာ ၅ နယ်မြေမှာ နိုဝင်ဘာလအတွင်း ၁၅ ရက်တာ တိုက်ပွဲတွေမှာ အကြမ်းဖက်စစ်ကောင်စီတပ်က တပ်ရင်းမှူးနဲ့ ဒုတပ်ရင်းမှူးအပါ ၇၇ ယောက် သေဆုံးခဲ့တယ်လို့ KNU မူတြော်သတင်းစဥ်က ထုတ်ပြန်ပါတယ်။
Read More

လေလံတင်တိုင်း ဝယ်သူမရှိသည့် သမိုင်းဝင် ခြံအမှတ် ၅၄ ကို စျေးထပ်လျှော့ပြီး ရောင်းဦးမည်

၃ကြိမ်တိုင် လေလံတင် ရောင်းချခဲ့ရာ ဝယ်ယူသူမရှိခဲ့တဲ့ တက္ကသိုလ်ရိပ်သာလမ်း ခြံအမှတ် (၅၄) နေအိမ်ကို ကျပ်ငွေ (၂၇၀) ဘီလျံနဲ့ ထပ်မံဈေးလျှော့ ရောင်းချဖို့ ဦးအောင်ဆန်းဦးဘက်က တင်ပြလိုက်ပါတယ်။
Read More

ရန်ကုန်မြို့လယ်မှာ နှစ် ၈၀ ပြည့် ဖက်ဆစ်တော်လှန်ရေးနေ့အထိမ်းအမှတ် “အာဏာရှင် ဗဟိုပြုစနစ် မုချပြိုလဲရမည်” စာသား ချိတ်ဆွဲ (ဓာတ်ပုံသတင်း)

ရန်ကုန်မြို့လယ်ခေါင်မှာ မတ်လ ၂၇ ရက် ဒီနေ့မှာ ကျရောက်တဲ့ နှစ် ၈၀ ပြည့် ဖက်ဆစ်တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် "အာဏာရှင် ဗဟိုပြုစနစ် မုချပြိုလဲရမည်" ဆို စာသားပါ ဗီနိုင်းကို ချိတ်ဆွဲပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ Youth of Anarchy - YOA ဆီက သိရပါတယ်။
Read More

ဖြူဖြူကျော်သိန်းရဲ့ Phyu Phyu in Japan ဖျော်ဖြေပွဲကနေ လက်မှတ်ရောင်းရငွေ ဂျပန်ယန်း သန်း ၆၀  ကျော်ရရှိ

ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ တော်လှန်အနုပညာရှင် ဖြူဖြူကျော်သိန်းရဲ့ Phyu Phyu in Japan တော်လှန်ရေးရံပုံငွေဂီတဖျော်ဖြေပွဲကို မေ ၂၅ ရက်မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ချောင်းဦးမြို့နယ် ကံဇီး ပျူစောထီးကျေးရွာကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်ရရှိ၊ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်သား ၁၅ ယောက်သေကာ စစ်သုံ့ပန်း ၃၀ ကျော်နဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိ

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကံဇီးပျူစောထီးကျေးရွာကို တော်လှန်ရေးတပ်တွေက စက်တင်ဘာ ၁၉ ရက် မနက်ပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ မုံရွာခရိုင် အမှတ်(၅)တပ်ရင်း - Aung San Force -ASF က ထုတ်ပြန်ထားပါတယ်။
Read More

လက်ဖက်ရည်ဆိုင် ထိုင်နေတဲ့ အရပ်ဝတ် စစ်သား ၂ ယောက်ကို PDF ထင်ပြီး ရဲက ဝင်ပစ်၊ နေရာမှာတင် ၂ ယောက်လုံး သေ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်မှာ လက်ဖက်ရည်ဆိုင်ထိုင်နေတဲ့ စစ်ကော်မရှင်တပ်သားတွေကို အကြမ်းဖက်ရဲတပ်ဖွဲ့က ဝင်ရောက်ပစ်ခတ်ရာ စစ်သားတွေ နေရာမှာတင် သေဆုံးခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။