မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်က အကြမ်းဖက်စစ်ကောင်စီရဲ့ ပျူစောထီးစခန်းကို တိုက်ခိုက်သိမ်းပိုက်ရာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိပြီး ပျူစောထီးတွေ စခန်းစွန့်ခွာထွက်ပြေးသွာစခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ၊ အမှတ် ၈၁၅ တပ်ဖွဲ့၊ အနောက်မြောက်စစ်ဒေသက ထုတ်ပြန်ပါတယ်။
နိုဝင်ဘာ ၁ ရက် မနေ့က တောင်သာမြို့နယ် တလိုင်းရပ် (ရွာသစ်) ပျူစောထီးအထိုင်စခန်းချထားတဲ့ ကျေးရွာကို PLA တပ်က ဝင်ရောက်တိုက်ခိုက်စီးနင်း သိမ်းပိုက်ခဲ့ရာ မနက်အစောပိုင်းမှာ တိုက်ပွဲစတင်ဖြစ်ပွားပြီး နာရီဝက်အကြာမှာ ပျူစောထီးတွေ စခန်းစွန့်ခွာထွက်ပြေးသွားကာ PLA တပ်ဖွဲ့က စခန်းသိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။
တ်ိုက်ပွဲအတွင်း သိမ်းဆည်းရမိတဲ့ ပစ္စည်းတွေမှာ ကာဘိုင် ၁ လက်၊ ရှော့ဂန်း ၁ လက်၊ 7.62ကျည်
၁၉၅ တောင့်၊ ကာဘိုင်ကျည် ၆၅ တောင့်၊ ရှော့ဂန်းကျည် ၃၇ တောင့်၊ MG1 လက်ပစ်ဗုံး တစ်လုံး၊ ကျည်ကာ Equipment တစ်ထည် ၊ ယူနီဖောင်းအများအပြားနဲ့ ပ်ိုက်ဆံ တစ်သိန်းငါးထောင်ကျပ် သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

ကင်းပုန်းဝပ်ဖို့ ထွက်လာသည့် စစ်ကော်မရှင်တပ်သား ၅ ဦး တိုက်ခိုက်ခံရပြီး ၃ ဦး သေ

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ စစ်ကိုင်း-မုံရွာလမ်းမပေါ် ကင်းပုန်းဝပ်ဖို့ ထွက်လာတဲ့ စစ်ကော်မရှင်တပ်သားတွေကို တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ မြောင်မြို့နယ် T.G.R ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။
Read More

တော်လှန်ရေးပူးပေါင်းတပ်များ သိမ်းပိုက်နိုင်ခဲ့သည့် ဗန်းမောက်မြို့မှ စစ်ရှောင်ပြည်သူများကို ဗန်းမောက် ပကဖ ကူညီစောင့်ရှောက်

စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ ဗန်းမြောက်မြို့အတွင်း စစ်ပွဲကြောင့် စစ်ရှောင်လာတဲ့ ပြည်သူတွေကို ဗန်းမောက်မြို့နယ် ပကဖ တပ်ဖွဲ့က စက်တင်ဘာလ ၂၅ ရက်မှာ ဆေးကုသပေးပြီး ကူညီစောင့်ရှောက်ထားတယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။
Read More

နေပြည်တော်တိုင်းစစ်ဌာန၊ PDF တပ်ရင်းအမှတ် ၈၀၃ ၏ တပ်ရင်းမှူး ကျဆုံးရဲဘော်အတွက် ဂုဏ်ပြုအလေးပြုခြင်း အခမ်းအနား ပြုလုပ်

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ နေပြည်တော်တိုင်းစစ်ဌာန၊ တပ်ကုန်း PDF (တပ်ရင်းအမှတ် ၈၀၃) ရဲ့ တပ်ရင်းမှူး ရဲဘော် ရက်(ဂ်)နာ (ခ) ရဲဘော် C Jadeအတွက် ဂုဏ်ပြုအလေးပြုခြင်း အခမ်းအနားကို အောက်တိုဘာ ၁ ရက် မနေ့က စစ်မြေပြင်တစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ပါတယ်။
Read More

နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူအဖြစ်မှ ဦးကျော်ဇော် အနားယူ

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

ပခုက္ကူခရိုင်းအတွင်းရှိ ကျေးရွာများကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်လို့ ဒေသခံ ၁၀ ဦးထက်မနည်း သေဆုံး

မကွေးတိုင်း၊ ပခုက္ကူခရိုင်ထဲက ကျေးရွာတွေကို အကြမ်းဖက် စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံတွေ ထိခိုက်သေဆုံးမှု ရှိခဲ့ကြောင်း အညာမြေတပ်ပေါင်းစုထံက သိရပါတယ်။
Read More

ကျောက်တံခါးမြို့နယ်မှာ အထိုင်ချတပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းကို ဝင်ရောက်တိုက်ခိုက်၊ အကြမ်းဖက်စစ်သား ၁၂ ဦး သေပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်ရမိ

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ စဉ့်အိုးလဟာကျေးရွာမှာ အထိုင်ချတပ်စွဲထားတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ရာ အကြမ်းဖက်စစ်သား ၁၂ ယောက် သေဆုံးပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်ရမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အထူးကွန်မန်ဒိုတပ်ရင်း (P-P29914) က ဒီနေ့ ထုတ်ပြန်ပါတယ်။