အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၁) စစ်ဒေသ ကွပ်ကဲမှုအောက်ရှိ စစ်ကိုင်းတိုင်းအခြေစိုက် မုံရွာခရိုင် ပြည်သူ့ ကာကွယ်ရေးတပ်မတော် တပ်ရင်း (၂) – အနောက်မြောက်လွင်ပြင် တော်လှန်ရေး အင်အားစု က စိုးမိုးနယ်မြေအတွင်း အခွန်ကောက်ခံတာ လုံးဝမရှိဘူးလို့ ထုတ်ပြန်လာပါတယ်။
မုံရွာခရိုင် တပ်ရင်း (၂) – အနောက်မြောက်လွင်ပြင် တော်လှန်ရေး အင်အားစုရဲ့ ထိန်းချုပ်နယ်မြေအတွင်း လူထုလုံခြုံရေးအတွက် တာဝန်ယူပေးနေတဲ့ တော်လှန်ရေးရဲဘော်တွေရဲ့ ပုံရိပ်တွေနဲ့အတူ အဆိုပါတပ်ရင်းက ထုတ်ပြန်ထားတာပါ။
ပြည်သူကာကွယ်ရေးတပ်မတော်ရဲ့ တာဝန်အတိုင်း စိုးမိုးနယ်မြေအတွင်း ဒေသကို ကာကွယ်ပေးနေတာသာဖြစ်ပြီး တပ်ရင်းအနေနဲ့ အခွန်ငွေ ကောက်ခံတာမျိုး လုံးဝမလုပ်ဘူးလို့ မုံရွာခရိုင် တပ်ရင်း (၂) က ဆိုပါတယ်။
0 Shares:
You May Also Like
Read More

တန့်ဆည်မြို့နယ် ကံထူးမရွာကို စစ်တပ် လေကြောင်းတိုက်ခိုက်၊ ဒေသခံ ၈ဦး သေဆုံးပြီး ၁၂ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် ကံထူးမရွာကို အကြမ်းဖက်စစ်တပ်က အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၈ ယောက် သေဆုံးခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့နဲ့ နီးစပ်သူတွေထံက သိရပါတယ်။
Read More

မင်္ဂလာဒုံဆေးရုံ တစ်ခေါက်လိုက်ပို့ရင် ဓာတ်ဆီ ၁၅ ဂါလံ ပေးမယ်လို့ ပရဟိတအသင်းတွေကို စစ်ကောင်စီ ကမ်းလှမ်း

ပဲခူးတိုင်း၊ ပြည်ခရိုင်အတွင်း ပရဟိတအဖွဲ့အစည်းတွေကို စစ်ကောင်စီက သူတို့ရဲ့ ဒဏ်ရာရစစ်သားတွေကို  ရန်ကုန် မင်္ဂလာဒုံဆေးရုံ တစ်ခေါက်ပို့ပေးရင် ဆီ ၁၅ ဂါလံ ပေးမယ်လို့ ကမ်းလှမ်းပြောဆိုမှုတွေ ရှိနေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။ 
Read More

မင်းတုန်းမြို့အဝင် ဆက်ကြေးကောက်ရန် ထွက်လာသည့် ရဲ ၂ ဦး တိုက်ခိုက်ခံရပြီး သေ

မကွေးတိုင်း၊ မင်းတုန်းမြို့အဝင်လမ်းပိုင်းမှာ ဆက်ကြေးကောက်ဖို့ထွက်လာတဲ့ စစ်ကော်မရှင်လက်အောက်ခံ ရဲ ၂ ယောက်ကို တိုက်ခိုက်ရာ သေဆုံးသွားကြောင်း သရက်ခရိုင် အမှတ် ၄ တပ်ရင်း သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံဆီက သိရပါတယ်။
Read More

Urban Task Force Aung Ban – UTF က ရဲဘော် ၂ ယောက်နဲ့ အမှတ်(၁၀၀၈) တပ်ရင်း (SSRY) က ရဲဘော် ၁ ယောက် မိုးဗြဲတိုက်ပွဲအတွင်း ကျဆုံး

ကရင်နီပြည်နယ်၊ မိုးဗြဲမြို့တိုက်ပွဲအတွင်း ရှမ်းပြည်တောင်ပိုင်း ဒေသခံတော်လှန်ရေး တပ်ပေါင်းစု (SSLRU) ၊ တပ်ခွဲ ၂ ၊ Urban Task Force Aung Ban က ရဲဘော် ၂ ယောက်နဲ့ အမှတ်(၁၀၀၈) တပ်ရင်း (SSRY) က ရဲဘော် ၁ ယောက် ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ခွဲက ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

KNU ညောင်လေးပင်ခရိုင် လယ်ယာစိုက်ပျိုးရေးဌာနက ရေကြီးရေလျှံမှုကြောင့် ပျက်စီးခဲ့တဲ့ လယ်ယာတွေမှာ ပြန်လည်စိုက်ပျိုးမယ့် လယ်သမားတွေကို မျိုးစပါးတွေ ထောက်ပံ့ပေးအပ်

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်အတွင်း ကရင်အမျိုးသားအစည်းအရုံး - KNU ညောင်လေးပင်ခရိုင် လယ်ယာစိုက်ပျိုးရေးဌာနက ရေကြီးရေလျှံမှုကြောင့် ပျက်စီးခဲ့တဲ့ လယ်ယာတွေမှာ ပြန်လည်စိုက်ပျိုးမယ့် လယ်သမားတွေကို မျိုးစပါးတွေ ထောက်ပံ့ပေးအပ်ခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။
Read More

မောင်တော နခခ ၅ တိုက်ပွဲတွေ ပြင်းထန်နေပြီး မအူပင်မြို့ကနေ စစ်မှုထမ်းဥပဒေနဲ့ စစ်ကူအပို့ခံရတဲ့ စစ်သားသစ် ၇ ယောက်လည်း သေတဲ့အထဲပါသွား

ရခိုင်ပြည်နယ် မောင်တောမြို့မှာရှိတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ နောက်ဆုံးခံတပ်ဖြစ်တဲ့ နခခ ၅ မှာ ရခိုင့်တပ်တော် AAနဲ့ အကြမ်းဖက်စစ်တပ်တို့ကြား ထိတွေ့တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ကောင်စီဘက်က သေဆုံးသူတွေထဲမှာ ဧရာဝတီတိုင်း မအူပင်မြို့ကနေ စစ်မှုထမ်းဥပဒေကြောင့် စစ်သင်တန်းတက်ခဲ့ရတဲ့ လူငယ် ၇ ယောက်လည်း သေဆုံးသွားကြောင်း မိသားစုဝင်တွေနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။