စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်မှာ လျှပ်စီးတပ်ခွဲစခန်းကို လေကြောင်းတိုက်ခိုက်ခံရပြီး ထိခိုက်ပျက်စီးမှုတွေရှိခဲ့သလို ရဲဘော် ၁ ယောက်လည်း ထိခိုက်ဒဏ်ရာရသွားတယ်လို့ မုံရွာခရိုင်၊ အမှတ် ၁၂ တပ်ရင်း၊ တပ်ခွဲ ၃ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
အောက်တိုဘာ ၃၀ ရက် ညပိုင်းမှာ မုံရွာခရိုင်၊ တပ်အမှတ် ၁၂တပ်ရင်း ၊ တပ်ခွဲ ၃ လျှပ်စီးတပ်ခွဲရဲ့ စခန်းကို ဂျက်ဖိုက်တာ​ပေါ်ကနေ ရော့ကတ်တွေ ပစ်ခတ်တိုက်ခိုက်သွားတာဖြစ်တယ်လို့ သိရပါတယ်။
ပစ်ခတ်လိုက်တဲ့ ရော့ကတ်တွေထဲက ၂လုံးမှာ စခန်းထဲ တိုက်ရိုက်ကျရောက်ပေါက်ကွဲခဲ့ပြီး ကြီးကြီးမားမားထိခိုက်တာမျိုးမရှိပေမယ့်လည်း စခန်းသုံးကား ၁ စီးနဲ့ လျှပ်စီးတပ်ဖွဲ့ဝင် ၁ ယောက် အဓိက ထိခိုက်ဒဏ်ရာရသွားတာဖြစ်တယ်လို့ သိရပါတယ်။
” ၃၀ရက်နေ့ ညနေ ၃နာရီခွဲလောက်မှာ ဂျက်ဖိုက်တာနဲ့ လာပစ်တာ ရော့ကတ်၁၀လုံးပစ်တာမှာစခန်းထဲ ၂လုံးကွဲတယ်။ ရဲဘော်တစ်ယောက်ခြေထောက်ထိတယ်။စိုးတော့မစိုးရိမ်ရဘူး။ နောက် ကားတစ်စီးပျက်စီးပါတယ်။” လို့ မုံရွာခရိုင်၊ အမှတ် ၁၂ တပ်ရင်း၊ တပ်ခွဲ ၃ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
လျှပ်စီးတပ်ခွဲရဲ့ စခန်း အခုလိုသတင်းပေါက်နေတာကြာပြီဖြစ်ပေမယ့်လည်း စခန်းနေရာတစ်ခုလုံးရွှေ့နိုင်ဖို့အတွက် အထွေထွေကုန်ကျစရိတ်တွေကို ငဲ့ပြီး မရွှေ့ဖြစ်သေးတာလို့လည်း သိရပါတယ်။
” စခန်းနေရာက သတင်း ပေါက်နေတာတော့ ကြာပါပြီ။ ရွေ့ပြောင်းရမယ့် ကုန်ကျစရိတ်တွေ၊ ပြန်ပြီးတည်ဆောက်ရမယ့် စရိတ်တွေကို ငဲ့ပြီး မရွေ့ဖြစ်ခဲ့တာပါ။ နေရာသစ်မှာ ကတုတ်ကျင်းတူးရမယ်။ ရေ၊ မီး စသဖြင့် ပြန်ပြီးတည်ဆောက်ရမှာတွေရှိသေးတယ်။ နောက်ပြီးအခြေတကျ ဖြစ်နေတဲ့ နေရာတစ်ခုကနေ တခြားနေရာတခု ကို ရွေ့ဖို့ဆိုတာကလည်း အတော်လေးစဉ်းစားရပါတယ်။ နောက်ပြီး ရန်ပုံငွေအခက်အခဲလည်းရှိနေသေးလို့ပါ” လို့ မုံရွာခရိုင်၊ တပ်ရင်း၁၂၊ တပ်ခွဲ ၃ တာဝန်ရှိသူက ဆက်ပြောပါတယ်။
ပုံစာ – လေကြောင်းတိုက်ခံထားရတဲ့ လျှပ်စီးတပ်ခွဲ စခန်းပုံရိပ်များ
0 Shares:
You May Also Like
Read More

ဘောလခဲ စခန်းကုန်းတိုက်ပွဲအတွင်း ဘောလခဲ PDF ရဲဘော် သက်ပိုင်ဦး ကျဆုံးခဲ့

ဘောလခဲခရိုင်မှာ ဖြစ်ပွါးခဲ့တဲ့ စစ်ကောင်စီနဲ့ ထိတွေ့တိုက်ပွဲအတွင်း ဘောလခဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရဲဘော်တစ်ယောက် ကျဆုံးခဲ့ရတယ်လို့  ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (BPDF) က ဒီနေ့ အောက်တိုဘာ ၁၃ ရက်မှာ ထုတ်ပြန်ပါတယ်။
Read More

ကျောက်ကြီးမြို့နယ်၊ တောင်စုကျေးရွာတိုက်ပွဲမှာ ကျဆုံးခဲ့သည့် အသက် ၂၅ နှစ်အရွယ် တော်လှန်ရဲဘော်ရဲ့ စျာပနအခမ်းအနား…

ပဲခူးတိုင်း ၊ ကျောက်ကြီးမြို့အနီး တောင်စုကျေးရွာအနီး စစ်ကောင်စီတပ်နဲ့ တိုက်ပွဲအတွင်း ကျဆုံးခဲ့တဲ့ ရဲဘော်ရဲ့ စျာပနအခမ်းအနားပြုလုပ်ခဲ့တဲ့ ပုံရိပ်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပဲခူးတိုင်းစစ်ဌာန ကွပ်ကဲမှုအောက်ရှိ ဖာပွန်ခရိုင် တပ်ရင်း ၁ (တပ်ရင်း-၇၀၀၁) Spring Warriors Column က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ပုလဲမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်တပ်ကို ၈၀ မမ၊ ၆၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်…

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို ၈၀ မမ၊ ၆၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Black Vote Fighter Local PDF အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဒိုက်ဦး ခမရ ၄၄၀ မှ စစ်မှုထမ်းဆင်းစစ်သား ၂ ဦး လက်နက်ခဲယမ်းများနှင့် အလင်းဝင်လာ

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

ဆီးရီးယားလိုပဲ မြန်မာပြည်သူတွေ အောင်ပွဲခံနိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း NUG ယာယီသမ္မတ ပြော၊ “လူထုအသက်နဲ့ ရင်းထားတဲ့ တော်လှန်ရေးခရီးမှာ ရေသာခိုလို့ မရဘူး” ဟု ဆို

ဆီးရီးယားနိုင်ငံမှာ အာဏာရှင်သမ္မတ ဘာရှားအာဆတ် ပြုတ်ကျသွားပြီး တော်လှန်ရေးအင်အားစုတွေ အောင်ပွဲခံခဲ့သလို မြန်မာနိုင်ငံရဲ့ နွေဦးတော်လှန်ရေးမှာလည်း အာဏာရှင် စစ်ကောင်စီကို ပြည်သူတွေ ဖြုတ်ချနိုင်မယ်လို့ ယုံကြည်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလက ၃၀/၂၀၂၄ အစိုးရအဖွဲ့အစည်းအဝေးမှာ ပြောကြားလိုက်ပါတယ်။​
Read More

တံတားဦးမှ ငါန်းဇွန်သို့ ထွက်လာသည့် အင်အား ၄၀ ခန့်ပါ စစ်ကောင်စီတပ် ဖောကားကို မိုင်းဆွဲတိုက်ခိုက်၊ စစ်သား ၄ ဦးသေပြီး ၁၉ ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ တံတားဦးမြို့နယ်ကနေ ငါန်းဇွန်မြို့နယ်ဆီ ထွက်ခွာလာတဲ့ အင်အား ၄၀ ခန့်ပါ စစ်ကောင်စီတပ်ရဲ့ ဖောကားကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်က ၄ ယောက် သေဆုံးပြီး ၁၉ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြင်းခြံခရိုင်အမှတ် ၆ တပ်ရင်း၊ တပ်ခွဲ ၂ က ဒီနေ့ ထုတ်ပြန်ပါတယ်။