ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ ဆမ္မဆယ်ကျေးရွာမှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ (၃)ကြိမ် လာရောက်ပြီး ဗုံး(၆)လုံး ကြဲချတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ (၃) ယောက် သေဆုံးပြီး (၆) ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။
နိုဝင်ဘာလ(၁)ရက် မနေ့က မနက်အစောပိုင်းမှာ ၂ ကြိမ်တိုင်အောင် စစ်ကောင်စီတပ်က နောင်ချိုမြို့နယ်၊ ဆမ္မဆယ်ကျေးရွာနဲ့ သကြားစက်ရုံတို့မှာ ဂျက်ဖိုက်တာနဲ့ ဗုံး (၆) လုံး လာရောက် ကြဲချတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်က အခုလို ပြည်သူတွေကို ဦးတည်ပြီး ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ကလေးမွေးဖွားပြီး (၃)ရက်သာရှိသေးတဲ့ က​လေးမိခင်(မီးနေသည်)(၁) ယောက်၊ အသက်(၇၀)နှစ်အရွယ်အဖိုးအို(၁)ယောက်နဲ့ အသက်(၅၀)နှစ်ဝန်းကျင်ရှိ အမျိုးသား(၁) ယောက် စုစုပေါင်း(၃) ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဒါ့အ​ပြင် သံဃာတော်(၂)ပါးနဲ့ ဒေသခံပြည်သူ (၄) ယောက် စုစုပေါင်း(၆) ယောက် ထိခိုက်ဒဏ်ရာရရှိကာ သကြားစက်ရုံနဲ့ နေအိမ်တွေလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ TNLA က ဆိုပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ(၂၇)ရက်ကလည်း စစ်ကောင်စီတပ် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် နောင်ချိုမြို့နယ်၊ သပြေရပ်ကွက်နေ အသက်(၆၀)နှစ်အရွယ် အမျိုးသား(၁) ယောက် သေဆုံးခဲ့ပြီး အသက်(၅၀)ဝန်းကျင်ရှိ အမျိုးသမီး(၁) ယောက် ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် (၃)လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

အကြမ်းဖက်စစ်ကြောင်းကို ကြားဖြတ်တိုက်တဲ့ ရေတာရှည် ပူးပေါင်းစစ်ဆင်ရေးအတွင်း စစ်ကောင်စီဘက်က အရာရှိအပါ ၂၀ ကျော် သေကာ အထိနာ

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ် အနောက်ဖက်ကမ်းမှာ ဖြစ်ပွားခဲ့တဲ့ တစ်ရက်တာ ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အရာရှိအပါအဝင် ၂၄ယောက်သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ၂၆ယောက်နဲ့ အထိနာသွားခဲ့တယ်လို့ နေပြည်တော် PDF တပ်ရင်း ၈၀၄ သတင်းပြန်ကြားရေးတာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

မင်းတပ်မြို့နယ် ကျေးရွာစာသင်ကျောင်းကို စစ်တပ် လေကြောင်းတိုက်ခိုက်၊ စစ်ရှောင်ကလေးငယ် ၃ ဦးနှင့် မသန်စွမ်းအမျိုးသမီး ၁ ဦး သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရ

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်က ကျေးရွာ ၂ ရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်တွေအပါအဝင် အရပ်သာပြည်သူ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။
Read More

ဖယ်ခုံကို မီးရှို့ပစ်မည်ဟု ကြွေးကြော်ထားသည့် PNA ပြည်သူ့စစ် တပ်ခွဲမှူး ဆိုသူ ဒရုန်းဗုံးထိပြီး သေဆုံး

"သူက အာကျယ်အာကျယ်နဲ့ အာဏာပြတက်တယ်။ အခြားလူမျိုးမှမဟုတ်ဘူး။ ပအို့ဝ်လူမျိုးအချင်းချင်းကြားလည်းဒုက္ခပေးတယ်။ တော်လှန်ရေးနဲ့ပက်သက်ပြီး ​ပြောလို့မရတဲ့ကိစ္စတော်တော်များများကို သူလုပ်ထားတယ်။ အမြတ်ထုတ်စားနေတဲ့လူပေါ့။ သူအဖေကလည်း PNO ပဲ။ အဲ့တာ ၂၀၂၂တော်လှန်ရေးအစ PDF တွေတူမီးပဲကိုင်ရသေးတယ်။ တိုက်ပွဲမှာသေသွားတယ်။ အဲ့တော့ သူ့အဖေအတွက် လက်စားချေမယ်ဆိုပြီး ဖယ်ခုံကိုသိမ်းပြီးသွားရင်အိမ်သာပါမချန် မီးရှို့မယ်လို့ကြုံးဝါးထားတဲ့သူပေါ့။"လို့ ဖယ်ခုံဒေသခံ တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

“လေယာဉ်တစ်စီးနဲ့ မင်းတို့နဲ့ မလဲနိုင်ဘူး” ဆိုပြီး စစ်ကောင်စီ သူ့တပ်ဖွဲ့ဝင်တွေကို စွန့်ပစ်

အာဏာသိမ်းစစ်တပ်က လေယာဉ်ဆုံးရှုံးမှာစိုးလို့  လာရောက်ကယ်တင်ခြင်း မပြုလုပ်ခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့၀င် ၅၀ကျော်ကို ချင်းအမျိုးသားကာကွယ်ရေးတပ် (CNO/CNDF) က စစ်သုံ့ပန်း စည်းကမ်းတွေနဲ့အညီ ထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့ အသိပေးထုတ်ပြန်ပါတယ်။
Read More

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဟန်ချက်ညီ ထိုးစစ်ပြင်နေဟု NUG ပြော၊ PDF တပ်မတော် အဓိကကြုံတွေ့နေသည့် စိန်ခေါ်မှု (၇) ချက်ရှိဟု ဆို

တော်လှန်ရေးရဲ့ အရေးကြီး အလှည့်အပြောင်း ဖန်တီးနိုင်ရေးအတွက် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဒေသတိုင်းမှာ ဟန်ချက်ညီစစ်ဆင်ဖို့ရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ပြည်သူ့ခုခံတွန်းလှန်စစ် ၄ နှစ်ပြည့် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
Read More

မင်းအောင်လှိုင်က သူ့စစ်တပ်ကို အမွှန်းတင်၊ ဒီချုပ်အစိုးရကာလကို အပြစ်တင်ပြီး တိုင်းရင်းသားလက်နက်ကိုင်တွေကို ကတိမတည် အခွင့်အရေးသမားတွေအဖြစ် စွပ်စွဲ

ပြီးခဲ့တဲ့ ဒီချုပ်အစိုးရဟာ တိုင်းတစ်ပါးသားတွေကို ယုံကြည်မှုလွန်ကဲလို့ တိုင်းပြည်ဘဏ္ဍာတွေ ဆုံးရှုံးခဲ့ရပြီး ပြည်တွင်းရေးလျှို့ဝှက်ချက်တွေလည်း ပေါက်ကြားခဲ့ရတယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။