ရခိုင်ပြည်နယ် ဂွမြို့တိုက်ပွဲထဲကနေ သေနတ် ၂လက်နဲ့အတူ ဧရာဝတီတိုင်းထဲ ထွက်ပြေးသွားတဲ့ စစ်သား ၃ ယောက်ထဲက ၂ ယောက်ကို အကြမ်းဖက်စစ်တပ်က ပြန်လည်ဖမ်းဆီးသွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။

ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သားတွေဟာ ဂွမြို့နယ် ဂျိုင်းကောက်ကျေးရွာမှာ ဆိုင်ကယ် ၂ စီးလုယူကာ ဧရာဝတီတိုင်းထဲ ဝင်ပြေးသွားတာဖြစ်ပြီး အောက်တိုဘာလ ၃၁ရက် မနေ့က ဇင်းလှကျေးရွာမှာ ၂ ယောက် ဖမ်းမိသွားတယ် လို့ သိရပါတယ်။

ဇင်းလှကျေးရွာမှာ ဖမ်းမိတာ။ သာပေါင်းမြို့နယ်က ဇင်းလှကျေးရွာ အုပ်ချုပ်ရေးမှုး နေဇင်လတ်က  သာပေါင်းရဲစခန်းကို သတင်းလှမ်းပို့ပြီး လာဖမ်းခိုင်းလိုက်တာလို့ ရဲတပ်ဖွဲ့နဲ့ နည်းစပ်သူတစ်ယောက်က မောင်းကို ပြောပါတယ်။

သာပေါင်းမြို့မ ရဲစခန်းမှူး ဝင်းနိုင်ဦးကိုယ်တိုင် ဆင်းဖမ်းတာ။ ထန်းကြို့ကုန်း စက်လှေဆိပ်မှာ စက်လှေစောင့်နေတဲ့အချိန်မှာ ဖမ်းမိသွားပြီး သာပေါင်းရဲစခန်းကိုခေါ်ဆောင်လာတာလို့ အထက်ပါ သတင်းရင်းမြစ်က ဆက်ပြောပါတယ်။

ရခိုင်ပြည်နယ် ဂမြို့နယ်မှာ ရခိုင့်တပ်တော် AA နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ပွားနေရာကနေ ထွက်ပြေးလာ စစ်သား ၃ ယောက်ထဲက ၂ ယောက်ကို ဖမ်းမိပေမယ့် ကျန်တဲ့ ဒဏ်ရာရ စစ်သားတစ်ယောက်နဲ့ သေနတ် ၂လက်ကတော့ ပျောက်နေတယ်လို့ သိရပါတယ်။ ရခိုင်တိုက်ပွဲထဲကနေ ထွက်ပြေးလွတ်မြောကိလာတဲ့ တခြားစစ်သားအများအပြားလည်း ရှိနေတယ်လို့ စစ်တပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

0 Shares:
You May Also Like
Read More

နှစ်သစ်လက်ဆောင်အဖြစ် မီးဘေးသင့် အိမ်ထောင်စု (၇၀) ကျော်ကို စောင်များလှူဒါန်း (ဓာတ်ပုံသတင်း)

ရေဦးမြို့က မီးဘေးသင့်ခဲ့ရတဲ့ အိမ်ထောင်စု (၇၀) ကျော်ကို နှစ်သစ်လက်ဆောင်အဖြစ် ပြည်ပရောက် ကက်သလစ်ဘုန်းတော်ကြီးတစ်ပါးရဲ့ ကူညီထောက်ပံ့မှုနဲ့အတူ တခြားအလှူရှင်တွေကိုယ်စား ရေဦးမြို့နယ် စစ်ရှောင်ပြည်သူ ထောက်ပံ့ရေးအဖွဲ့က သွားရောက်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
Read More

ကယန်းလက်ဝှေ့မယ် ဘရော်နီကာ နိုင်ပြီ…

ဒီကနေ့ညမှာ ကျင်းပတဲ့ One Championship မွေထိုင်းပွဲစဥ်မှာ ကယန်းလက်ဝှေ့မယ် ဘရော်နီကာ က ထိုင်းဖိုက်တာ ဂျူနီယာဖဲတက်စ်ကို ဒုတိယအချီမှာ အလဲထိုးအနိုင်ယူသွားပါတယ်။
Read More

“အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့” လှုပ်ရှားမှုဖော်ဆောင်ခဲ့တဲ့ ရဲဘော် ၂ ဦး ဖမ်းဆီးစစ်ကြောခံနေရ

ဒီဇင်ဘာ ၁၀ ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ လှုပ်ရှားမှု ဖော်ဆောင်ခဲ့တဲ့ ရွှေပြည်သာသပိတ်ကော်မတီက ရဲဘော် ၂ယောက်ကို စစ်ကောင်စီတပ်တွေက ဖမ်းဆီးလိုက်တယ်လို့ New Generation Youth Strike Committee ထံက သိရပါတယ်။ 
Read More

ကျောက်ကြီးမြို့နယ်မှာ တစ်ပတ်အတွင်း စစ်ကောင်စီတပ် ဒရုန်းနဲ့ လက်နက်ကြီး တိုက်ခိုက်မှုတွေကြောင့် ပြည်သူ (၆) ယောက် ထိခိုက်ဒဏ်ရာရကာ ပြည်သူ (၁) ယောက်ကိုလည်း စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီး…

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်မှာ နိုဝင်ဘာလ (၂၀) ရက်ကနေ (၂၆) ရက်အတွင်း စစ်ကောင်စီတပ်က ကျေးရွာတွေအတွင်း လက်နက်ကြီး(၁၈)လုံး၊ ဒရုန်းနဲ့ အကြိမ် (၂၀)ကြိမ် ပစ်ခတ်မှုကြောင့် ဒေသခံပြည်သူ (၆) ယောက် ထိခိုက် ဒဏ်ရာရရှိခဲ့တဲ့အပြင် အပြစ်မဲ့ ပြည်သူ (၁) ယောက်ကို စစ်ကောင်စီတပ် အကြောင်းမဲ့ဖမ်းဆီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

ရေဖြူတွင် စစ်ကောင်စီတပ်များ ယာယီတပ်စွဲထားသည့် စခန်း ၃ ခုကို PDF ပူးပေါင်းတပ်များ တိုက်ခိုက်၊ စစ်ကောင်စီဘက်က ၆ဦး သေဆုံးပြီး အများအပြားထိခိုက်

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသက အကြမ်းဖက်စစ်တပ် ယာယီတပ်စခန်းတွေကို သွားရောက်တိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်သား ၆ ယောက်သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ အများအပြားရှိခဲ့တယ်လို့ Launglone Peninsula Force- LPF တာဝန်ရှိသူ ၁ ယောက်က မောင်းကို ပြောပါတယ်။
Read More

အကြမ်းဖက်မှုများရှိနေဆဲ မြန်မာနိုင်ငံတွင် နိုင်ငံရေးတိုးတက်မှုမရှိဘဲ ရွေးကောက်ပွဲကျင်းပမည့်အပေါ် စိုးရိမ်ကြောင်း ဂျပန် ပြော

မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်တပ် အာဏာပြီးနောက်ပိုင်း ၄ နှစ်ခွဲကြာမြင့်ချိန်မှာ အကြမ်းဖက်မှု ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး နိုင်ငံရေးတိုးတက်မှုမရှိဘဲ ရွေးကောက်ပွဲ ကျင်းပမယ့်အပေါ် စိုးရိမ်ကြောင်းနဲ့ ရှုတ်ချကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး အိဝါယ တာကဲရှိ က ဒီနေ့မှာ ပြောကြားလိုက်ပါတယ်။