မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ တာဝန်ကျနေတဲ့ စစ်ကောင်စီတပ်သား ၂ ယောက်ဟာ လက်နက်ကိုယ်စီနဲ့ တပြိုင်နက်တည်း အလင်းဝင်ရောက်လာတယ်လို့ Southern YSO PDF တာဝန်ခံ ကိုအောင်မောင်းက မောင်းကိုပြောပါတယ်။

ပခုက္ကူ စက်မှုဇုန်စစ်ဆေးရေးဂိတ်ထဲ တာဝန်ကျနေတဲ့ ပခုက္ကူအခြေစိုက် ခလရ ၂၅၉ က တပ်သား ပြည့်ဖြိုးအောင် ဆိုသူနဲ့  မြောက်လူးကန် အထိုင်စခန်းက စလင်းအခြေစိုက် ခလရ ၂၅၅ တပ်သား ကောင်းမင်းခန့် တို့ဟာ အောက်တိုဘာ ၂၇ရက်နေ့မှာ Southern YSO PDF အဖွဲ့ထံ MA1 သေနတ် ၁လက်စီနဲ့အတူ ကျည်ဘောက် ၆ ဘောက်၊ ကျည်ဆံ  ၁၂၀ တောင့် တို့ကို ယူဆောင်ပြီး အလင်းဝင်ရောက်လာတာလို့ သိရပါတယ်။

အလင်းဝင်ရောက်လာသူတွေကို အဖွဲ့ တာဝန်ခံက ဆုငွေပေးအပ်နေစဥ် (ဓာတ်ပုံ Southern YSO PDF)
အလင်းဝင်ရောက်လာသူတွေကို အဖွဲ့ တာဝန်ခံက ဆုငွေပေးအပ်နေစဥ် (ဓာတ်ပုံ Southern YSO PDF)

အလင်းဝင်ရောက်လာသူတွေကို ငွေကျပ် သိန်း ၄၀ စီ  ပေးအပ်ခဲ့တယ်လို့လည်း ကိုအောင်မောင်းက ပြောပါတယ်။

အာဏာရှင်လက်အောက်မှာ တာဝန်ထမ်းဆောင်နေကြတဲ့ ရဲဘော်ညီကိုတွေအနေနဲ့ အာဏာရှင်မျိုးဆက်၊ အာဏာရှင်ခိုင်းဖတ် အဖြစ်မခံကြဘဲ ပြည်သူရင်ခွင်ခိုလူံကြဖို့ တောင်းဆိုအပ်ပါတယ်။ Southern YSO PDF အဖွဲ့ကလည်း နွေးထွေးစွာ ကြိုဆိုသွားပါမယ်လို့ တိုက်တွန်းထားပါသေးတယ်။

လက်ရှိအချိန်ထိ Southern YSO PDF အဖွဲ့ထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သား အများအပြားရှိပြီး အာဏာရှင်တော်လှန်ရေး လုပ်ငန်းစဉ်အတွက် ရေစကြိုတောင်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Southern YSO PDF နဲ့ ပူးပေါင်းလုပ်ကိုင်နေသူတွေလည်းရှိတယ်လို့ သိရပါတယ်။

အလင်းဝင်ရောက်လာသူတွေကို အဖွဲ့ တာဝန်ခံက ဆုငွေပေးအပ်နေစဥ် (ဓာတ်ပုံ Southern YSO PDF)

0 Shares:
You May Also Like
Read More

ပွင့်ဖြူမှာ စစ်ရေး​အခြေအနေတင်းမာမှုတွေကြောင့် လမ်းပိုင်းများ အသုံးမပြုဖို့ ပြည်သူ့ကာကွယ်ရေးတပ်များ တိုက်တွန်းအသိပေး…

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်မှာ စစ်ရေးအခြေအနေတင်းမာမှုတွေ ရှိနေတဲ့ လမ်းပိုင်းတစ်ချို့ကို အရပ်သားပြည်သူတွေ အသုံးမပြုကြဖို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက တိုက်တွန်းပါတယ်။
Read More

မုံရွာ-ပုသိမ် ကားလမ်းပေါ်မှာ အကြမ်းဖက်စစ်တပ် ကြားဖြတ်တိုက်ခိုက်ခံရလို့ ကားတွေပြန်လာသယ်တဲ့ စစ်အုပ်စု ထပ်မံတိုက်ခိုက်ခံရပြီး ၄ ယောက်သေ

စစ်ကိုင်းတိုင်း၊ မင်းဘူးမြို့နယ် ပုသိမ်-မုံရွာကားလမ်းပေါ်မှာ အကြမ်းဖက်စစ်တပ်စစ်ယာဥ်တန်း ကြားဖြတ်တိုက်ခိုက်ခံရပြီးနောက် ကျန်နေခဲ့တဲ့ ကားတွေလာသယ်တဲ့ စစ်အုပ်စုကို ထပ်မံတိုက်ခိုက်ခဲ့တယ်လို့  တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
Read More

မင်းမော်ကွန်းပါ၀င်ထားတဲ့ ဖြတ် တော်လှန်ရုပ်ရှင် နယူးယောက်မှာ ရုံတင်ပြသမယ်

တော်လှန်အနုပညာရှင် မင်းမော်ကွန်းပါ၀င်ထားတဲ့ ဖြတ် တော်လှန်ရုပ်ရှင်ဇာတ်ကားကို အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ ရုပ်တင်ပြသတော့မှာဖြစ်ပါတယ်။
Read More

ရွှေကုက္ကိုလ်ရှိ ၁၂ ထပ် ကျားဖြန့် အဆောက်အအုံကို အကြမ်းဖက် စစ်ကော်မရှင် ဖြိုချပြ

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တစ်ဖက်ကမ်း ရွှေကုက္ကိုလ်နယ်မြေရှိ အွန်လိုင်းလိမ်လည်လုပ်ငန်းတွေ လုပ် ဆောင်ရာမှာ အသုံးပြုခဲ့တဲ့ ၁၂ ထပ်အဆောက်အအုံတစ်ခုကို အကြမ်းဖက်စစ်တပ်က ဒီနေ့မှာ ဖောက်ခွဲဖြိုချပြခဲ့ပါတယ်။
Read More

ငလျင်ဒဏ်ကြောင့် လူ ၃၀ ကျော် သေဆုံးထားသည့် စဉ့်ကူးကို အကြမ်းဖက်စစ်တပ် တိုက်ပွဲမရှိဘဲ ဗုံးကြဲ

ငလျင်ဒဏ်ကြောင့် အရပ်သား ၃၀ ကျော် ၄၀ နီးပါးသေဆုံးထားတဲ့ မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်ကို စစ်​ကောင်စီက လေကြောင်းတိုက်ခိုက်မှုလုပ်ဆောင်ခဲ့ရာ စာသင်ကျောင်းနဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးပြီး အရပ်သား ၂ယောက် ထိခိုက်ဒဏ်ရာအပြင်းအထန်ရခဲ့ကြောင်း ပြင််ဦးလွင်ခရိုင် ပကဖ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

မှော်ဘီလေတပ်က စစ်လေယာဥ်အချို့ကို ဧရာဝတီတိုင်းကို ပြောင်းရွှေ့ထားရှိ…

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်မှာရှိတဲ့ စစ်ကောင်စီ လေတပ်စခန်းက အကြမ်းဖက်စစ်တပ်ရဲ့ တိုက်လေယာဥ်နဲ့ ဗုံးကြဲလေယာဥ်အချို့ကို ဧရာဝတီတိုင်း၊ ပုသိမ်မြို့ကို လုံခြုံရေးအရ ပြောင်းရွှေ့ထားတယ်လို့ တပ်တွင်းသတင်းရင်းမြစ်ဆီက သိရပါတယ်။