လက်ရှိတော်လှန်ရေးမှာ မြေပြင်ရဲဘော်တွေရဲ့ တိုက်ခိုက်နိုင်စွမ်းနဲ့အတူ ဒရုန်းစစ်ဆင်ရေးတွေကလည်း မရှိမဖြစ် အရေးပါလှပါတယ်။

Federal Wings ဟာ တော်လှန်ရေးတပ်ဖွဲ့တွေအတွက် ဒရုန်းတွေကို ဖန်တီးထောက်ပံ့ပေးနေပြီး ဒရုန်းတွေကို ရောင်းချတာမျိုး မလုပ်ဘဲ ပြည်သူတွေရဲ့ ထောက်ပံ့မှုနဲ့သာ ရပ်တည်နေတာပါ။

Federal Wings ၏ ဒရုန်းအသစ် FW (Hercules) (ဓာတ်ပုံ Federal Wings)

လက်ရှိမှာ တိုက်ပွဲအတွင်း မာလှပါတယ်ဆိုတဲ့ စခန်းကုန်းတွေအတွက် လက်ဆောင်သစ်ဆိုတဲ့ Federal Wings ရဲ့ FW (Hercules) မကြာခင် လာတော့မယ်လို့ သိရပါတယ်။

FW (Hercules) နဲ့ ပတ်သက်ပြီး အသေးစိတ်တော့ ထုတ်မပြောသေးပါဘူး။

မြေပြင်က ရဲဘော်ရဲဘက်တွေအတွက် အားကိုးရတဲ့ကောင်ကြီး ဖြစ်မှာ အသေအချာပါလို့ ဆိုထားပါတယ်။

0 Shares:
You May Also Like
Read More

နတ်ရေကန်စခန်းကုန်းတွင် တာဝန်ကျနေသည့် စစ်မှုထမ်းဆင်းစစ်သား ၁ ဦး လက်နက်ခဲယမ်းများနှင့် အလင်းဝင်လာ

မကွေတိုင်းနဲ့ ရခိုင်ပြည်နယ်အစပ်ရှိ စစ်ကောင်စီရဲ့ နတ်ရေကန်စခန်းကုန်း ကာကင်းစခန်းမှာ တာဝန်ကျနေတဲ့ စစ်မှုထမ်းသင်တန်းဆင်း စစ်သား ၁ ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ သရက်ခရိုင်အမှတ် ၄ တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မန္တလေးမြို့ရှိ၊ Golden City Hotel အဆောက်အအုံအောက်ကနေ အလောင်း ၂ လောင်း ထပ်မံတူးဖော်ရရှိ

စစ်ကိုင်း ငလျင်ကြီးဒဏ်ကြောင့် ပြိုကျခဲ့တဲ့ မန္တလေးမြို့ရှိ Golden City Hotel အဆောက်အအုံကနေ အလောင်း ၂ လောင်း ထပ်မံတူးဖော်ရရှိခဲ့တယ်လို့ စစ်ကောင်စီရဲ့ မီးသတ်တပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်တပ်လက်အောက်ခံ Army Rum အရက်စက်ရုံကို ဗုံးသီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်…

စစ်အာဏာသိမ်းမှု (၄) နှစ်မြောက် အထိမ်းအမှတ်အဖြစ် စစ်တပ်လက်အောက်ခံ Army Rum အရက်စက်ရုံကို ဗုံးသီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ အနောက်ပိုင်းခရိုင် (ရန်ကုန်တိုင်း) က သတင်းထုတ်ပြန်ထားပါတယ်။
Read More

နတ်တလင်းနှင့် ညောင်လေးပင်တွင် ၃ ရက်အတွင်း ရာအိမ်မှူး ၂ ဦးနှင့် စစ်တပ်သတင်းပေး ၃ ဦး ရှင်းလင်းခံရ

ပဲခူးတိုင်း၊ နတ်တလင်းနဲ့ ညောင်လေးပင်မြို့နယ်တို့မှာ အကြမ်းဖက်စစ်တပ်နဲ့ ပက်သက်ဆက်နွယ်နေတဲ့ ရာအိမ်မှူးတွေနဲ့ သတင်းပေးဒလန်တွေ ၃ ရက်ဆက်တိုက် ပစ်ခတ်ရှင်းလင်းခံခဲ့ရကြောင်း စစ်တပ်သတင်းရင်းမြစ်နဲ့ တော်လှန်ရေးအဖွဲ့တွေဆီက သိရပါတယ်။
Read More

ဖယ်ခုံ PDF ၄ နှစ်တာအတွင်း ရဲဘော် ၁၆ ဦးကျဆုံး၊ ၁၇ ဦး ကိုယ်လက်အင်္ဂါ စွန့်လွှတ်ခဲ့ရ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ၁၀၀၂ တပ်ရင်း (ဖယ်ခုံ PDF) က တပ်ရင်းတည်ထောင်တာ ၄ နှစ်ပြည့်ချိန်တွင် ရဲဘော် ၁၆ ယောက် ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ရင်းက မနေ့က ထုတ်ပြန်ပါတယ်။
Read More

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို ရှော့တိုက်ဒုံးများဖြင့် တိုက်ခိုက်မှု စစ်ကောင်စီ အရာရှိ ၂ ဦးအပါ ၅ ဦး သေဆုံးဟု ဆို

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာရှိတဲ့ စစ်ကောင်စီရဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ကို ‌၁၀၇ မမ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီဘက်က ၅ ယောက် သေဆုံးခဲ့တယ်လို့ Brave Warriors For Myanmar (BWM) ကနေ သတင်းထုတ်ပြန်လာပါတယ်။