ကချင်ပြည်နယ် ချီဖွေမြို့နယ် ဖိမော်ဒေသက စစ်ကောင်စီ လက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) – ၁၀၀၁ တပ်ရင်းဌာနချုပ်ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က သိမ်းပိုက်ထိန်းချုပ်နိုင်ပြီလို့ ကချင်စစ်ရေးသတင်းအရင်းအမြစ်တွေမှာ ဖော်ပြလာပါတယ်။

မနေ့က အောက်တိုဘာ ၃၁ရက်တွင် သိမ်းပိုက်လိုက်တာဖြစ်ပြီး လက်နက်ခဲယမ်းတွေနဲ့ သုံ့ပန်းတွေ ရရှိတယ်လို့ သိရပါတယ်။

ကချင်အထူးဒေသ()နယ်မြေတွင် ဖီမော်ဒေသအခြေစိုက် BGF (၁၀၀၁) တပ်ရင်း၊ ပန်ဝါဒေသ အခြေစိုက် BGF (၁၀၀၂) တပ်ရင်း၊ ကန်ပိုက်တီ စင်ကြိုင်ဒေသ အခြေစိုက် BGF (၁၀၀၃) တပ်ရင်းများရှိရာ အဆိုပါ တပ်ရင်း သုံးခုစလုံး၏ တပ်ရင်းဌာနချုပ်များကို KIA က သိမ်းပိုက်ရရှိထားပြီ ဖြစ်ပါတယ်။

KIA ဘက်ကတော့ BGF စခန်းကို သိမ်းပိုက်နိုင်မှုနဲ့ပတ်သက်ပြီး တရားဝင်ထုတ်ပြန်လာခြင်း မရှိသေးပါဘူး။

ဒါ့ကြောင့် ကန်ပိုက်တီးနဲ့ဖီမော် အနီးမှ စစ်ကောင်စီစခန်း ၂ခုသာ ကျန်ရှိတော့တယ်လို့လည်း စစ်ရေးသတင်းအရင်းအမြစ်က ဆိုပါတယ်။

အခုရက်ပိုင်းအတွင်း KIA က စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်တွေကို ဆက်တိုက်တိုက်ခိုက်သိမ်းပိုက်ထိန်းချုပ်နေပြီး ပန်ဝါဒေသတစ်ခုလုံး စစ်ကောင်စီကင်းစင်နယ်မြေဖြစ်အောင် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

KIA အနေနဲ့ စစ်ကောင်စီတပ်စခန်း ရှိရာကန်ပိုက်တီးဒေသကိုလည်း ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်သွားမယ်လို့လည်း စစ်ရေးသတင်းအရင်းအမြစ်တွေက ဆိုပါတယ်။

0 Shares:
You May Also Like
Read More

လားရှိုးမှာ စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၁ ယောက် သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ မယ်ဟန်ရွာက ရွှေမြင်းနှစ်ကောင် စက်ရုံကို ဗုံးကြဲတိုက်ခိုက်ရာ အရပ်သား ၁ ယောက် သေဆုံးခဲ့တယ်လို့ ကိုးကန့်တပ်မတော် MNDAA က ထုတ်ပြန်ထားပါတယ်။
Read More

NUG ကာကွယ်ရေးဝန်ကြီးဌာနအောက်တွင်မရှိသည့် တပ်ဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ခြင်း လုံးဝ မလုပ်ရန် ပဲခူးတိုင်းစစ်ဌာန အမိန့်ထုတ်

ပဲခူးတိုင်းစစ်ဌာန ကွပ်ကဲမှုအောက်မှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ဗျူဟာတွေ၊ တပ်ရင်းတပ်ဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်‌ရေးအဖွဲ့ (ပကဖ) တွေအနေနဲ့ ကိုယ့်နယ်မြေအတွင်း မဟာမိတ်တွေကလွဲလို့ NUG ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်မှာ မရှိတဲ့ ဘယ်လက်နက်ကိုင်အဖွဲ့အစည်းကိုမဆို လက်ခံထားရှိခြင်းနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းတွေ လုံးဝ မလုပ်ကြဖို့ ပဲခူးတိုင်းစစ်ဌာနက ညွှန်ကြားလိုက်ပါတယ်။
Read More

တိုက်ပွဲပြင်းထန်နေတာကြောင့် ဒီးမော့ဆို – ဖရူဆို – ထားလဲ ကားလမ်းကို အသုံးမပြုကြရန် ကရင်နီပြည်တပ်ပေါင်းစုံစစ်ဦးစီးအဖွဲ့ ထုတ်ပြန်ကြေညာ

ကရင်နီပြည်နယ်ကို အကြမ်းဖက်စစ်အုပ်စုက နေ့စဉ်နဲ့အမျှ စစ်ကြောင်းထိုးနေလို့ ဒီးမော့ဆို-ဖရူဆို-ထားလဲ ကားလမ်းပိုင်းပေါ်မှာ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် အဆိုပါလမ်းပိုင်းကို ပြည်သူတွေ အသုံးပြုသွားလာတာတွေ မလုပ်ဖို့ ကရင်နီပြည်တပ်ပေါင်းစုံစစ်ဦးစီးအဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။
Read More

ယင်းမာပင်မှာ လေကြောင်းအန္တရာယ်ကာကွယ်ရေး လက်ကမ်းစာစောင်များဖြန့်ဝေ (ဓာတ်ပုံသတင်း)

ယင်းမာပင်မြို့နယ်မှာ လေကြောင်းအန္တရာယ်ကာကွယ်ရေးအတွက် ပြည်သူတွေ သိရှိနိုင်ဖို့  လက်ကမ်းစာစောင်တွေ ဖြန့်ဝေခဲ့တယ်လို့ ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး (BLDF) က ထုတ်ပြန်လိုက်ပါတယ်။
Read More

ကန့်ဘလူမြို့နယ်မှာ ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများကို မြို့နယ်ပအဖ မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်မှာ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေကို ခရိုင်၊ မြို့နယ် ရေးရာ တာဝန်ခံတွေနဲ့ အသိသက်သေတွေရှေ့မှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကန့်ဘလူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)က မနေ့က ထုတ်ပြန်ပါတယ်။
Read More

လှိုင်သာယာ(အနောက်ပိုင်း) ရှိ သောင်ကြီးရဲစခန်းကို ပြောက်ကျားတပ်ဖွဲ့များ ဗုံးပစ်တိုက်ခိုက်

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် (အနောက်ပိုင်း)၊ သောင်ကြီးရဲစခန်းကို ပြောက်ကျားတပ်ဖွဲ့ဝင်တွေကအောက်တိုဘာ၂၁ ရက်၊ မနေ့ညပိုင်းမှာ လက်ပစ်ဗုံးတွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။