MNDAA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် အထူးဒေသ ()မှာ ၄ လအတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၃၈ ယောက်နဲ့ စစ်သုံ့ပန်း ၅ ယောက်သေဆုံးပြီး ၁၂၄ ယောက် ဒဏ်ရာရခဲ့တယ်လို့  MNDAA က အသိပေးထုတ်ပြန်ပါတယ်။   

၂၀၂၄ ခုနှစ် ဇူလိုင်လကနေ အောက်တိုဘာလအထိ စစ်ကောင်စီက  အထူးဒေသ ၁ မှာ စစ်ရေးပစ်မှတ်မဟုတ်တဲ့ နယ်မြေတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု အကြိမ်ပေါင်း ၅၀ ကျော် ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

စစ်မြေပြင်မှာ ရှုံးနိမ့်တဲ့အခါတိုင်း စစ်ကောင်စီဟာ ခွဲခြားမှုမရှိတဲ့ တိုက်ခိုက်မှုတွေ၊ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုတွေနဲ့အတူ လက်တုံ့ပြန်ခြင်းဟာ မင်းအောင်လှိုင် အာဏာသိမ်းတပ်ရဲ့ လုပ်ရိုးလုပ်စဉ်တစ်ခုပဲ ဖြစ်တယ်လို့ MNDAA က ပြောပါတယ်။

လားရှိုးစစ်ပွဲမှာ မကြာခဏ ရှုံးနိမ့်မှုတွေကြောင့် မင်းအောင်လှိုင်ရဲ့ အာဏာသိမ်းတပ်ဟာ အထူးဒေသ ၁ က စစ်ရေးပစ်မှတ်မဟုတ်တဲ့ နေရာတွေကို ဗုံးကြဲတိုက်ခိုက်ဖို့ တိုက်လေယာဉ်တွေကို အဆက်မပြတ် စေလွှတ်ခဲ့တယ်လို့လည်း ဆိုပါတယ်။

လေကြောင်းတိုက်ခိုက်ခံရတဲ့ ဧရိယာတွေထဲမှာ အထူးဒေသရဲ့မြို့တော် လောက်ကိုင်မြို့၊ သိန္နီခရိုင်နဲ့ အခြားနယ်မြေတွေ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

လူနေအိမ်၊ ဟိုတယ်၊ စာသင်ကျောင်း၊  စက်ရုံနဲ့ ဘုရားကျောင်းကဲ့သို့ မရေမတွက်နိုင်တဲ့ အများသူငှာ အဆောက်အအုံတွေ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပြီး ပြည်သူတွေရဲ့ ပိုင်ဆိုင်မှုတွေ ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ဂွမြို့မှာ AA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေနဲ့ အကြမ်းဖက်စစ်တပ် တိုက်ပွဲပြင်းထန်နေ…

ရခိုင်ပြည်နယ်၊ ဂွမြို့မှာ အကြမ်းဖက်စစ်တပ်နဲ့ ရက္ခိုင့်တပ်တော် AA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအကြား ထိတွေ့တိုက်ပွဲတွေ ပြင်းထန်လာနေပြီး ဧရာဝတီတိုင်းအစပ်ကပါ သေနတ်သံနဲ့ လက်နက်ကြီး ပစ်ခတ်သံတွေပါ ကြားနေရတယ်လို့ ဧရာဝတီတိုင်းနဲ့ ရခိုင်ရိုးမအစပ်မှာ နေထိုင်သူတွေဆီက သိရပါတယ်။
Read More

ရွှေဘို-မန္တလေးလမ်းပိုင်းရှိ စစ်အုပ်စုတပ်စွဲရာ ရွာကို ပကဖတပ်များ ဝင်ရောက်တိုက်ခိုက်၊ စစ်အုပ်စု ၄ ဦး သေပြီး ပကဖတပ်ဖွဲ့ဝင် ၁ ဦး ကျဆုံး

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ရွှေဘို-မန္တလေးလမ်းပိုင်းမှာ စစ်အုပ်စုအထိုင်ချနေရာကို ဝင်ရောက်တိုက်ခိုက်ရင်း နှစ်ဖက်တိုက်ပွဲဖြစ်ပွားရာ စစ်အုပ်စုဘက်က ၄ ယောက်ထက်မနည်း သေဆုံးပြီး ပကဖတပ်ဖွဲ့ဝင် ၁ ယောက် ကျဆုံးခဲ့တယ်လို့ ကြောင်ရိုင်း-ရွှေဘို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဘဏ္ဍာရှာဖွေရေးတာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

စလင်းမှာ စျေးသည်တွေဆီက ဆက်ကြေးကောက်ငွေညှစ်သည့် ဒုရဲအုပ်အမျိုးသမီး ပစ်ခတ်ရှင်းလင်းခံရ

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ စျေးသည်တွေဆီက ဆက်ကြေးကောက်ငွေညှစ်နေတဲ့ ဒုရဲအုပ် လဲ့လဲ့စိုးပစ်ခတ်ရှင်းလင်းခံရပြီး နေရာမှာတင် သေဆုံးသွားကြောင်း သိရပါတယ်။
Read More

NUG ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေ နေပြည်တော် PDF တပ်ရင်း (၉၀၁) ရဲဘော်များ၊ တပ်ရင်းတာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့…

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ နေပြည်တော်တိုင်းစစ်ဌာန၊ တပ်ရင်း(၉၀၁)ရဲဘော်တွေ၊ တပ်ရင်းမှူးနဲ့ တပ်ရင်းတာဝန်ရှိသူတွေကို တွေ့ဆုံခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အာရှလမ်းပိုင်းအချို့မှာ အကြမ်းဖက်စစ်တပ် မြေပြင်စစ်ရေး မလှုပ်ရှားနိုင်ဘဲ မိုင်းထောင်တာနဲ့ ဒရုန်းဗုံးကြဲတာသာ လုပ်ဆောင်နေ

ကရင်ပြည်နယ် မြဝတီ-ကော့ကရိတ် အာရှလမ်းပိုင်းမှာ အကြမ်းဖက်စစ်တပ်ရဲ့ စစ်ရေးလှုပ်ရှားမှု ပြုလုပ်ရာ နေရာတွေကို KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက ပိတ်ဆို့တိုက်ခိုက်မှုတွေ လုပ်နေတာကြောင့် အကြမ်းဖက်စစ်တပ်က မိုင်းထောင်တာတွေ၊ ဒရုန်းနဲ့ဗုံးကြဲတာတွေ ပိုမိုလုပ်ဆောင်လာတယ်လို့ သိရပါတယ်။
Read More

ပခုက္ကူမြို့နယ်မှ ကုန်ပစ္စည်းများ သယ်ဆောင်ခွင့် ကန့်သတ်လိုက်တာကြောင့် ပြည်သူများ အခက်တွေ့နေ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်ကနေ ကုန်ပစ္စည်းသယ်ယူခွင့်တွေကို အရေအတွက် ကန့်သတ်လိုက်တာကြောင့် ပခုက္ကူမြို့နယ်က ကုန်စည်စီးဆင်းမှုကို မှီခိုနေရတဲ့ ခရိုင်အတွင်းက ပြည်သူတွေဟာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။