မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်မှာ  အမျိုးသမီးကိစ္စနဲ့ ကျွံဝင်လာတဲ့ နယ်ထိန်းရဲ ၁ယောက်ကို အသေပစ်ခတ်ဖမ်းဆီးခဲ့ရကြောင်း TTA-People Defense Force က ထုတ်ပြန်ထားပါတယ်။

အောက်တိုဘာ ၃၁ရက်၊ မနေ့က ညနေပိုင်းမှာ တောင်သာမြို့နယ်အတွင်းက ကျေးရွာတစ်ရွာဆီ အမျိုးသမီးကိစ္စနဲ့ နယ်ကျွံလာတဲ့ ရဲတစ်ယောက်ကို တော်လှန်ရေးအဖွဲ့ တွေက ဝင်ရောက်ဖမ်းဆီးရာ လက်မခံဘဲ ပြန်ပြီးခုခံထွက်ပြေးတဲ့အတွက် ပစ်ခတ်ရှင်းလင်းခဲ့တာလို့ သိရပါတယ်။

သေဆုံးသွားသူဟာ တောင်သာမြို့နယ်၊ ရုံးစင်ကြီးရဲစခန်းမှာ တာဝန်ကျနေတဲ့ နယ်ထိန်းရဲ မောင်ချမ်း () အရှည်ကြီးဖြစ်တယ်လို့လည်း TTA-People Defense Force က ဖော်ပြပါတယ်။

ပစ်ခတ်ရှင်းလင်းခံရတဲ့ နယ်ထိန်းရဲ မောင်ချမ်း (ခ) အရှည်ကြီး (ဓာတ်ပုံ TTA-People Defense Force)

ရဲတပ်သားပစ်ခတ်ရှင်းလင်းမှုကို တောင်သာမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နဲ့အတူ နေပြည်တော် ၈၀၁ တပ်ရင်း၊ တောင်သာပလဖ ၊ မိတ္ထီလာပကဖ၊ စဉ့်ကိုင်ပကဖ၊ ကျောက်ပန်းတောင်းပကဖနဲ့ ညောင်ဦးခရိုင်တပ်ရင်း ၁တို့က မြင်းခြံခရိုင် အထူးစစ်ဆင်ရေး (MDSO) အဖြစ် ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့လည်း သိရပါတယ်။

ဒါ့အပြင် အဲ့ဒီနေ့မနက်အစောပိုင်းကပဲ မိတ္ထီလာတောင်သာလမ်းပိုင်း၊ ရုံးစည်ကြီးစခန်းနား ပိုက်ဆံတောင်းနေတဲ့ ရဲတပ်ဖွဲ့ဝင်တွေကိုလည်း တော်လှန်ရေးအဖွဲ့တွေ သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ရဲ၂ယောက်သေတယ်လို့ TTA-People Defense Force က ပြောပါတယ်။

ပစ်ခတ်ရှင်းလင်းခံရတဲ့ နယ်ထိန်းရဲ မောင်ချမ်း (ခ) အရှည်ကြီး (ဓာတ်ပုံ TTA-People Defense Force)

TTA-People Defense Force နဲ့မဟာမိတ်တွေအနေနဲ့မြင်းခြံခရိုင်အထူးစစ်ဆင်ရေးအဖြစ်ပြီးခဲ့တဲ့အောက်တိုဘာ၂၇ရက်နေ့တုန်းကလည်း ရုံးစင်ကြီး ရွာရဲစခန်းကို ဒရုန်းနဲ့ သွားရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

လောက်ကိုင်မြို့ကို စစ်ကောင်စီ ဗုံးကြဲလို့ အရပ်သားပြည်သူ ၄ ဦး ဒဏ်ရာရ

MNDAA ထိန်းချုပ်ထားတဲ့ လောက်ကိုင်မြို့က လူနေရပ်ကွက်တွေကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ MNDAA က အောက်တိုဘာ ၂၇ ရက် ဒီနေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

တောင်သာမှာ အင်အား ၇၀ ခန့်ပါ စစ်ကြောင်းကို တိုက်ခိုက်၊ စစ်တပ်က ၂ ယောက်သေပြီး ၈ ယောက် ဒဏ်ရာရ…

မန္တလေးတိုင်း၊ တောင်သာမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ အင်အား ၇၀ ခန့်ပါ အကြမ်းဖက်စစ်ကြောင်းကို တိုက်ခိုက်ရာ ၂ ယောက်သေပြီး ၈ ယောက် ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြင်းခြံခရိုင်အမှတ် (၃) တပ်ရင်းက ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

မွန်ပြည်လွတ်မြောက်ရေးတပ်တော် အပတ်စဥ် (၆) အခြေခံစစ် ပညာသင်တန်းဆင်းပွဲ

မွန်ပြည်လွတ်မြောက်ရေးတပ်တော်ရဲ့ အပတ်စဥ် (၆) အခြေခံ စစ်ပညာသင်တန်း သင်တန်းဆင်းပွဲအခမ်းအနားကို ဒီဇင်ဘာ ၂၅ ရက် မနေ့က KNU တပ်မဟာ (၆) နယ်မြေ၊ ဒူးပလာယာခရိုင်တစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ Mon Liberation Army - MLA က ထုတ်ပြန်ထားပါတယ်။
Read More

ထိုးစစ်တွေကြောင့် ရက်ပိုင်းအတွင်း ဂွမြို့ထဲအထိ AA ရောက်ရှိလာနိုင်၊ အမ်းက စစ်ကောင်စီတပ်စခန်းတွေကိုလည်း ဆက်တိုက်သိမ်းပိုက်နေ

ရခိုင်ပြည်နယ် အမ်းနဲ့ ဂွမြို့နယ်ထဲက စစ်ကောင်စီတပ်စခန်း ၄ ခုကို အာရက္ခတပ်တော် AAက ထပ်မံသိမ်းပိုက်လိုက်ပြီး ရက်ပိုင်းအတွင်းမှာ  ဂွမြို့ကို အပြီးသတ် သိမ်းပိုက်ထိန်းချုပ်နိုင်ဖွယ်ရှိကြောင်း  စစ်ရေးသတင်းအရင်းအမြစ်တွေမှာ ဖော်ပြလာပါတယ်
Read More

သန်လျင်မြို့ အမှတ် ၁ ရေနံချက်စက်ရုံ ဧရိယာကို အကြမ်းဖက်စစ်တပ် ညမထွက်ရ အမိန့်ထုတ်

ရန်ကုန်တိုင်း၊ သန်လျင်မြို့က အမှတ် ၁ ရေနံချက်စက်ရုံ ဧရိယာတစ်ခုလုံးကို အကြမ်းဖက်စစ်တပ်က ဇန်နဝါရီ ၂၁ ရက်ကစလို့ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်တယ်လို့ သိရပါတယ်။
Read More

လက်ရှိ ရေကြီးမှုဟာ ၅၈ နှစ်အတွင်း အဆိုးဝါးဆုံးဖြစ်ပြီး လာမယ့်နှစ် တောင်ငူခရိုင်မှာ စားနပ်ရိက္ခာ ပြတ်လပ်မှုဖြစ်နိုင်တယ်လို့ KNU ထုတ်ပြန်

ပဲခူးတိုင်း၊ တောင်ငူခရိုင်အတွင်း စက်တင်ဘာလ (၁၄) ရက်က စတင်ကာ ရေကြီးရေလျှံမှုကြောင့် ကျေးရွာပေါင်း (၇၅) ရွာ ရေနစ်မြှုပ်ကာ လူဦးရေ ၁၄၈,၅၀၀ ခန့် ရေဘေးသင့်လျက် ကျောင်း (၁) ကျောင်း ပျက်စီးကာ လူ (၇) ယောက် သေဆုံးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး - KNU (ဗဟို) က ထုတ်ပြန်ထားပါတယ်။