ရခိုင်ပြည်နယ်စစ်မြေပြင်ကို ပို့ခံထားရတဲ့စစ်သားတွေဟာ အသေအပျောက်များနေကြသလို တချို့လည်း ထွက်ပြေးနေတာကြောင့် စစ်ကောင်စီကအတင်းအဓမ္မတပ်သားသစ် စုဆောင်းမှုကို ပိုမိုလုပ်ဆောင်နေတယ်လို့ သိရပါတယ်။

အထူးသဖြင့် ဧရာဝတီတိုင်းထဲမှာ ဖိအားပေးလုပ်ဆောင်နေပြီး ဝါးခယ်မမြို့နယ်က ကျေးရွာတချို့မှာဆိုရင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေက စစ်မှုထမ်းအပတ်စဉ် () အတွက် နိုဝင်ဘာ ၁ရက် ဒီနေ့ နေ့လည်မှာ အစည်းအဝေးပြုလုပ်ကြတယ်လို့ သိရပါတယ်။

အခု ရခိုင်ဒေသစစ်ပွဲတွေမှာ စစ်သားသစ်တွေအရေးပေါ်လိုနေလို့ စစ်မှုထမ်းဥပဒေအကြောင်းပြပြီး သူတို့ခန့်ထားတဲ့ အုပ်ချုပ်ရေးမှူးတွေက စစ်တပ်ထဲဝင်ဖို့ လူသစ်စုဆောင်းပေးနေတာ။ စစ်မှုထမ်းအပတ်စဥ် ၇ အတွက်ဆိုပြီး အစည်းဝေးတွေပါလုပ်နေတယ်လို့ ဝါးခယ်မမြို့နယ် ဒေသခံတစ်ယောက်က မောင်းကိုပြောပါတယ်။

စစ်မှုထမ်း အပတ်စဉ် (၆) တပ်သားသစ်တချို့ (ဓာတ်ပုံ စကစ)

စစ်မှုထမ်းအပတ်စဥ် ၆ ခေါ်တာ မကြာသေးဘူး။ အခုတစ်ခါ စစ်မှုထမ်းအပတ်စဥ် ၇ အတွက်ဆိုပြီးအရေးပေါ်အစည်းအဝေးလုပ်ပြီး အကြမ်းဖက်စစ်သင်တန်းတတ်ဖို့ ဒေသခံတွေကို ရွေးချယ်နေတယ်လို့ ကျုံမငေး တိုက်နယ်အတွင်း နေထိုင်သူတစ်ယောက်ကလည်း ပြောပါတယ်။

များသောအားဖြင့် ဧရာဝတီတိုင်းကနေ စစ်သင်တန်းဆင်းတဲ့ တပ်သားသစ်တွေကို စစ်ကောင်စီက ရခိုင်စစ်မျက်နှာကို ပို့ဆောင်နေတာပါ။ စစ်ကောင်စီက ဧရာဝတီတိုင်းနဲ့ ရခိုင်အစပ်မှာရှိတဲ့ မြို့နယ်ကျေးရွာတွေမှာ လုံခြုံရေးတွေ တိုးမြှင့်ချထားပြီး ခရီးသွားလာသူတွေကို ပေါ်တာဆွဲတာတွေလည်း လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

တောင်ဒဂုံ ၂၆ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲခံရ…

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ အမှတ် (၂၆) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲခံရပြီး ဗုံးပေါက်ကွဲခဲ့တယ်လို့ ရန်ကုန်မြို့ပြပြောက်ကျား တော်လှန်ရေး တပ်ဖွဲ့တွေဆီက သိရပါတယ်။
Read More

စဉ့်ကူးမြို့နယ် စစ်ဘေးရှောင်စခန်းတွေအတွက် အိမ်ထောင်စု (၁၅၀) စုစာ စားနပ်ရိက္ခာနဲ့ ထောက်ပံ့ငွေတွေ ကူညီလှူဒါန်း

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ ငပြင်းအင်းကျေးရွာအုပ်စုအတွင်းမှာရှိတဲ့ စစ်ဘေးရှောင်စခန်းတွေထဲက အိမ်ထောင်စု (၁၅၀) စာအတွက် စားနပ်ရိက္ခာနဲ့ ထောက်ပံ့ငွေတွေ ကူညီလှူဒါန်းခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်မတော် (TRI ဗျူဟာ)က ထုတ်ပြန်ထားပါတယ်။
Read More

တော်လှန်ရေး လိုအပ်ချက်ကို ဖြည့်ပေးရင်း ဆေးမှူးဖြစ်လာခဲ့သူ ရဲဘော် Lightning ရှေ့တန်းစစ်မြေပြင်တွင် ကျဆုံး

ပဲခူး - ရန်ကုန် လမ်းပိုင်းစစ်ဆင်ရေးမှာ ပါဝင်တိုက်ပွဲဝင်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) လက်အောက်ရှိ Southern Eagle PDF တပ်ရင်းက ဆေးမှူး ရဲဘော် Lightning ဟာ တိုက်ပွဲအတွင်း ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ပါတယ်။
Read More

ရေဦးပကဖ ထံ အကြမ်းဖက်စစ်တပ် ဗိုလ်ကြီးတစ်ဦး အလင်းဝင်

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ ဆီကို အကြမ်းဖက်စစ်ကောင်စီတပ်က ဗိုလ်ကြီးအဆင့်ရှိသူ ၁ ယောက် အလင်းဝင်လာတယ်လို့ ရေဦး ပကဖ က ထုတ်ပြန်ထားပါတယ်။
Read More

ပြည်သူများ၏ စိတ်အားထက်သန်မှု မရဘဲ ရွေးကောက်ပွဲအတု အပိုင်း (၁) ခြောက်ကပ်ကပ် ပြီးဆုံး

အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲအတု အပိုင်း (၁) ဟာ ပြည်သူတွေရဲ့ စိတ်ဝင်စားမှု၊ စိတ်အားထက်သန်မှု၊ စည်ကားမှုတွေ မရှိဘဲ တိတ်ဆိတ်ခြောက်ကပ်မှုနဲ့အတူ မနေ့က ပြီးဆုံးသွားခဲ့ပါပြီ။
Read More

သိမ်းငှက်စစ်ဆင်ရေးအတွင်း စစ်မှုထမ်းတပ်သား ၁ဦး၊ ပျူ ၂ ဦးနှင့် ဆယ်အိမ်မှူး ၁ ဦး လက်နက်ခဲယမ်းများ ယူဆောင် အလင်းဝင်ရောက်ခဲ့

စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်မှာ တော်လှန်ရေးတပ်တွေ "သိမ်းငှက်စစ်ဆင်ရေး" လုပ်ဆောင်နေချိန်အတွင်း စစ်မှုထမ်းတပ်သားနဲ့ ပျူစောထီးတွေအပါ လူ ၄ ယောက် လက်နက်ခဲယမ်းတွေ ယူဆောင်ပြီး အလင်းဝင်ခိုလှုံလာခဲ့တယ်လို့ မော်လိုက်တော်လှန်ရေးအင်အားစု တာဝန်ရှိသူက မောင်းကို ပြောပါတယ်။