တော်လှန်ရေးအားကောင်းတဲ့ နယ်မြေအများစုမှာ စစ်ကောင်စီတပ်တွေဆီ ရိက္ခာလာရာ လမ်းကြောင်းတွေ ဖြတ်တောက်တဲ့ နည်းလမ်းကို အသုံးပြုကာ အင်အားနည်းသွားတဲ့အချိန်မှာ ဝင်ရောက်တိုက်ခိုက်တဲ့ ဗျူဟာကို အသုံးပြုမှု အားကောင်းလာတယ်လို့ CDM ပြုလုပ်ထားတဲ့စစ်တပ်အရာရှိတွေကပြောပါတယ်။

စစ်ကောင်စီရဲ့ အမာခံစခန်းကုန်းတွေ ဗျူဟာကုန်းတွေလိုနေရာမျိုးမှာ နေရာစုံကနေ ထောက်ပံ့ပေးလို့မရအောင် စနစ်တကျ ဖြတ်တောက်ထားနိုင်ပြီး ရိက္ခာပြတ်လတ်ကာ အင်အားနည်းသွားတဲ့အချိန်ကျမှ ဝင်ရောက်တိုက်ခိုက် ထိုးစစ်ဆင်တဲ့ ဗျူဟာကို ကျင့်သုံးလာတာဖြစ်တယ်လို့ CDM အရာရှိတစ်ယောက်ဖြစ်သူ ဗိုလ်မှူးထင်လင်းအောင်က ပြောပါတယ်။

ရေကန်တွေကို သုံးလို့မရအောင် ဒရုန်းနဲ့ ကြဲတယ်။ ရိက္ခာလာရာ လမ်းကြောင်းတွေကို ဖြတ်တောက်တယ်။ ဒါမျိုးကြာလာရင် သူတို့တောင့်မခံနိုင်တော့ဘူး။ အရင်တုန်းက စစ်တပ်က တိုင်းရင်းသားလက်နက်ကိုင်တွေကို သုံးခဲ့တဲ့ ဖြတ်လေးဖြတ်ဗျူဟာကို တော်လှန်ရေးတပ်ဖွဲ့တွေက ထိထိမိမိ အသုံးချနေကြတာလို့ CDM ဗိုလ်မှူးက ပြည်သူတို့အားမာန်ငါတို့အသံ အစီအစဉ်မှာ ထည့်သွင်းပြောကြားသွားခဲ့တာပါ။

ဥပမာတစ်ခုအနေနဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းက AA ထိုးစစ်ဆင်နေတဲ့ အမ်းမှာ ဗိုလ်မှူးတစ်ယောက် အစာရေဆာပြတ်လတ်သေဆုံးခဲ့ရတဲ့ ကိစ္စရပ်ကိုလည်း ရည်ညွှန်းပြောဆိုခဲ့ပါတယ်။

ကရင်ပြည်နယ်၊ဖာပွန်ဘက်ကစစ်ကောင်စီတပ်စခန်းတချို့မှာဆိုရင်လနဲ့ချီရိက္ခာပြတ်တောက်နေပြီးတော်လှန်ရေးတပ်တွေရဲ့ပိတ်ဆို့ထားခြင်းကိုခံနေရတယ်လို့ဆိုပါတယ်။

စစ်ကောင်စီဟာ နောက်ပိုင်းမှာ အရပ်သားပြည်သူတွေရဲ့ကားကို အသုံးပြုကာ ရိက္ခာ၊ လစာပို့ဆောင်တာတွေ ပြုလုပ်လာပြီး တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ကြိုတင်သတင်းရလို့ တားဆီးနိုင်မှုတွေလည်း ရှိတယ်လို့ CDM ဗိုလ်မှူးက ရှင်းပြပါတယ်။

စစ်ကောင်စီရဲ့ အခြေအနေဟာ တပ်တွင်းဖရိုဖရဲ ဖြစ်မှု အဆင့်ကိုတောင် ကျော်လွန်သွားပြီး အဆိုးရွားဆုံး ပြန်လည်ခံစားနေရတယ်လို့လည်း CDM စစ်တပ်အရာရှိတွေက ပြောပါတယ်။

0 Shares:
You May Also Like
Read More

ထိတွေ့ပစ်မှုမရှိဘဲ ရှရော်ခရွာကို စစ်ကော်မရှင်တပ် ဒရုန်းဖြင့် ဗုံးကြဲ၊ ဒေသခံ ၅ ဦး ဒဏ်ရာရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ ရှရော်ခရွာထဲကို စစ်ကော်မရှင်တပ်က ထိတွေ့ပစ်ခတ်မှုတွေမရှိဘဲ ဒရုန်းနဲ့ ဗုံးသီးကြဲချခဲ့တဲ့အတွက် ထိခိုက်ဒဏ်ရာရသူတွေ ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

မြို့ပြတော်လှန်ရေးတပ်ဦး (URF) ဖွဲ့စည်းတည်ထောင်ခြင်း ၄ နှစ်ပြည့် အခမ်းအနား

မြို့ပြတော်လှန်ရေးတပ်ဦး (Urban Revolutionary Front - URF) ဖွဲ့စည်းတည်ထောင်ခြင်း ၄ နှစ်ပြည့် အခမ်းအနားကို ကရင်နီပြည် နောက်တန်းစခန်း တစ်နေရာမှာ ဇွန် ၇ ရက် ဒီနေ့ မှာ ပြုလုပ်ခဲ့တယ်လို့ URF က ထုတ်ပြန်ပါတယ်။ 
Read More

စိုးမိုးနယ်မြေအတွင်း ပြည်သူကို ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့တဲ့ PLA (ဓာတ်ပုံသတင်း)

ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ လက်အောက်ခံ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA (အမှတ် ၈၁၅ တပ်ဖွဲ့ ၊ အနောက်မြောက်စစ်ဒေသ) ဆေးတပ်ဖွဲ့က စိုးမိုးနယ်မြေအတွင်းရှိ အဖိနှိပ်ခံပြည်သူလူထုကို အခြေခံကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့တယ်လို့ သိရပါတယ်။
Read More

ထားဝယ်က စစ်တပ်ရဲ့ မဲချောင်း ၈ မိုင် တပ်စခန်းကုန်းနဲ့ စစ်ဆေးရေးဂိတ်တို့ကို စီးနင်းတိုက်ခိုက်၊ စစ်ကောင်စီ တပ်သား ၅ ယောက် သေပြီး တော်လှန်ရေးရဲဘော် ၃ ယောက် ကျဆုံး

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်ရှိ အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ မဲချောင်း ၈ မိုင်စခန်းကုန်းနဲ့ စစ်ဆေးရေးဂိတ်တို့ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၅ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ဒူရက စစ်ကြောင်းက ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

အကြမ်းဖက် မင်းအောင်လှိုင်နှင့် သူ့မိန်းမ ကြူကြူလှ မင်းဘူး လာရန်ရှိ၍ လုံခြုံရေး အထူးတင်းကြပ်ထား

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ သူ့ရဲ့ မွေးရပ်ဇာတိဖြစ်တဲ့ မကွေးတိုင်း၊ မင်းဘူးမြို့ကို လာဖို့ရှိနေတာကြောင့် မြို့ရဲ့ အဝင်အထွက်တွေနဲ့ မြို့ပေါ်နေရာတွေမှာ လုံခြုံရေး အထူးတင်းကြပ်ထားကြောင်း မင်းဘူးစစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

ပအိုဝ်းသံဃာတော်တွေရဲ့ မေတ္တာရပ်ခံချက်ကို လျစ်လျူရှုပြီး စစ်တပ်နဲ့ လက်အောက်ခံ PNO ပြည်သူ့စစ်က စစ်ကြောင်းထိုးလာတာကြောင့် မောက်မယ်မှာ တိုက်ပွဲပြင်းထန်နေ…

အကြမ်းဖက်စစ်ကောင်စီနဲ့ လက်အောက်ခံ PNO ပြည်သူ့စစ်က ရဟန်းသံဃာတော် ဆရာတော်တွေရဲ့ မေတ္တာရပ်ခံချက်ကို လျစ်လျူရှုပြီး ပအိုဝ်းဒေသကို ကျူးကျော်စစ်ကြောင်းထိုး တိုက်ခိုက်တာကြောင့် မောက်မယ်မြို့နယ်၊ ဟိုနမ့်ဒေသမှာ တိုက်ပွဲပြင်းထန်နေတယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) က ထုတ်ပြန်ထားပါတယ်။