စစ်အာဏာရှင် ကျရှုံးရင် ဘာသာရေးဆိုင်ရာ ရိုးရာပွဲတော်တွေကို ပိုမိုပျော်ရွှင်စွာကျင်းပနိုင်မှာ ဖြစ်လို့ တော်လှန်ရေးမှာ ပူးပေါင်းပါဝင်ပေးကြဖို့ ဟိန္ဒူဘာသာဝင်တွေ အထွဋ်အမြတ်ထားရာ  မီးထွန်းပွဲတော် ဒီပါဝလီနေ့ အတွက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကသဝဏ်လွှာပေးပို့ဆုတောင်းလိုက်ပါတယ်။

ဒီပါ၀လီနေ့ထူးနေ့မြတ်မှာ ကမ္ဘာ့နိုင်ငံအသီးသီးက ဟိန္ဒူဘာသာဝင်များအားလုံး ဘေးကင်းလုံခြုံကြပါစေကြောင်းနဲ့ မီးထွန်းညှိပူဇော်ခြင်းဖြင့် အမှောင်ကိုခွင်းပြီး အလင်းကိုဆောင်ကာ အဆိုးအညံ့များ ကင်းဝေးလျက် ကောင်းသောအရာများ ရရှိပိုင်ဆိုင်နိုင်ကြပါစေလို့ ဖော်ပြထားပါတယ်။

ဟိန္ဒူဘာသာဝင်တွေအပါအဝင် တခြားသော ဘာသာဝင်တွေနဲ့ လူမျိုးပေါင်းစုံတို့ရဲ့ နှစ်စဥ်ကျင်းပလေ့ရှိသော ရိုးရာဓလေ့ပွဲတော်တွေဟာလည်း စစ်အာဏာသိမ်းမှုကြောင့်  ပျော်ရွှင်စွာ ဆင်နွှဲနိုင်ခြင်း မရှိတော့ဘူးလို့ CRPH က ဆိုပါတယ်။

ဒါကြောင့် အကြမ်းဖက် စစ်အာဏာ ရှင်စနစ် ချုပ်ငြိမ်းမှသာလျှင် နိုင်ငံတဝှမ်းမှာ ပြည်သူလူထုအနေနဲ့ လွတ်လပ်စွာ ဆင်ယင်ကျင်းပလေ့ရှိတဲ့ ရိုးရာပွဲတော်တွေကို ပျော်ရွှင်စွာ ပြန်လည်ကျင်းပနိုင်မှာဖြစ်တယ်လို့ ပြောပါတယ်။

တိုင်းရင်းသားလူမျိုးပေါင်းစုံနဲ့ ဘာသာဝင်ပေါင်းစုံတို့အားလုံး အတူတကွ ယှဉ်တွဲနေထိုင်နိုင်မယ့် လွတ်လပ်ပြီး တရားမျှတတဲ့၊ တန်းတူညီမျှတဲ့ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရေးမှာ ဟိန္ဒူဘာသာဝင်တွေ ပါဝင်နေမှုကိုလည်း ဝမ်းမြောက်စွာ ဂုဏ်ပြုတယ်လို့ ဆိုပါတယ်။

ဟိန္ဒူဘာသာဝင်တွေနဲ့အတူ တခြားသော ဘာသာဝင် တိုင်းရင်းသားပြည်သူတွေအားလုံး စစ်အာဏာရှင်စနစ်ဆိုးအမှောင်ထုကို အပြီးတိုင်ဖြိုခွင်းပြီး  ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် အလင်းရောင်ကို စုပေါင်းအားနဲ့ ဖော်ဆောင်ထွန်းညှိသွားနိုင်မယ်ဆိုတာကို အကြွင်းမဲ့ယုံကြည်တယ်လို့ ဆိုထားပါတယ်။

0 Shares:
You May Also Like
Read More

ဇူလိုင်လအတွင်း စစ်အုပ်စုကြောင့် သေဆုံးခဲ့သူ ၁၀၄ ဦးကို အတည်ပြုထားနိုင်၊ အတည်မပြုရသေးသည့် သေဆုံးသူ ၁၄၀ ဦးရှိဟု AAPP ထုတ်ပြန်

နိုင်ငံတစ်ဝန်း အကြမ်းဖက်စစ်အုပ်စုကြောင့် ဇူလိုင်လ ၁ လတာအတွင်း အရပ်သားပြည်သူ ၁၀၄ ယောက် သေဆုံးခဲ့တာကို အတည်ပြုထားနိုင်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မနေ့က ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

Sky Villa ကွန်ဒိုတွင် ယနေ့ ရုပ်အလောင်း ၂ လောင်း ထပ်မံတွေ့ရှိ

မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်မှာ စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်ခဲ့မှုကြောင့် ပြိုကျပျက်စီးသွားတဲ့ Sky Villa အဆောက်အအုံကနေ အမျိုးသား ၁ ယောက်နဲ့ အမျိုးသမီး ၁ ယောက်ရဲ့ ရုပ်အလောင်းတွေကို ဒီနေ့မှာ ထပ်မံတွေ့ရှိတယ်လို့ အကြမ်းဖက်စစ်ကော်မရှင်ရဲ့ မီးသတ်ဦးစီးဌာနက ထုတ်ပြန်ပါတယ်။
Read More

အောင်လံ၊ ဆပ်ဆူဝရွာတွင် စစ်တပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေး ၂ ဦးအပါ ၄ ဦး သေဆုံး

မကွေးတိုင်း၊ အောင်လံမြို့နယ်ထဲကို အကြမ်းဖက်စစ်တပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ကလေးတွေအပါ အရပ်သား သေဆုံးမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
Read More

ဧရာဝတီတိုင်းထဲက ရဲစခန်းတွေ စခန်းတစ်ခုကို ရဲ ၅ယောက်နှုန်း ရခိုင်နယ်စပ် ပို့ပေးနေရ

ဧရာဝတီတိုင်း ၂၆ မြို့နယ်မှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေကို တိုင်းရဲမင်းကြီးအမိန့်နဲ့ ရခိုင်နဲ့ထိစပ်ရာ ဒေသတွေဆီ ပို့ပေးနေရတယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
Read More

သရက်ခရိုင်အတွင်း စစ်ကောင်စီက ကာမီကာဇေအသေခံဒရုန်းများ အသုံးပြုတိုက်ခိုက်လာ

သရက်ခရိုင်အတွင်းက တိုက်ပွဲတွေထဲမှာ အကြမ်းဖက်စစ်ကောင်စီက ကာမီကာဇေ အသေခံဒရုန်းတွေ အသုံးပြုတိုက်ခိုက်လာကြောင်း သရက်ခရိုင်၊ တပ်ရင်း ၄ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က မောင်းကိုပြောပါတယ်။
Read More

ဒီပဲယင်းနယ်က စိုင်ပြင်မြို့ကို စစ်တပ်က လေကြောင်းတိုက်ခိုက်၊ ဒေသခံ ၁ ဦး သေပြီး ၃ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် စိုင်ပြင်မြို့ကို အကြမ်းဖက်စစ်တပ်ကလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။