TNLA အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနက တစ်လတာအတွင်း ကျေးရွာပေါင်း ၃၀ကျော်မှာ လူမှုဘ၀ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းအသိပညာပေးမှုတွေပြုလုပ်ခဲ့ကြောင်း TNLA က အသိပေးထုတ်ပြန်ပါတယ်။

TNLA က သူတို့ထိန်းချုပ်ထားတဲ့ မြို့ရွာတွေမှာ အဓိက အမျိုးသမီးတွေနဲ့ ပတ်သက်ပြီး အသိပညာပေးလုပ်ငန်းတွေ ဆောင်ရွက်နိုင်ခဲ့တာဖြစ်ပါတယ်။

(ဓာတ်ပုံ The Ta’ang Post)

ရှမ်းမြောက်က နမ့်ဆန်၊ နမ္မတူ၊ မန်တုံနဲ့ မိုင်းငေါ့မြို့နယ် ()မြို့နယ်က ကျေးရွာပေါင်း (၃၀)မှာရှိတဲ့ ဒေသခံပြည်သူတွေနဲ့ အဓိက ကွင်းဆင်းတွေ့ဆုံခဲ့ပြီး အသိပညာပေးမှုတွေပြုလုပ်ခဲ့တာပါ။

အထူးသဖြင့် အမျိုးသမီးတွေနဲ့ ပတ်သက်တဲ့ ပညာရေး၊ လိင်ပိုင်းဆိုင်ရာ အသိပညာပေး၊ အမျိုးသမီးနဲ့ ပျော်ရွှင်သော မိသားစု၊ အမျိုးသမီးနဲ့ ကျန်းမာရေး၊ အမျိုးသမီးနဲ့ မူးယစ်ဆေးဝါး၊ အမျိုးသမီးများ အရွယ်မတိုင်မီ စောစီးစွာ အိမ်ထောင်ပြုခြင်း စတဲ့ အကြောင်းအရာတွေကို အသိပညာပေးဆွေးနွေးမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

PSLF/TNLA အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနအနေနဲ့ တအာင်းပြည်အတွင်း အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု လျော့ကျစေရေး လုပ်ငန်းစဉ်ကိုလည်း လုပ်ဆောင်နေတယ်လို့ ဖော်ပြထားပါတယ်။

(ဓာတ်ပုံ The Ta’ang Post)
(ဓာတ်ပုံ The Ta’ang Post)
0 Shares:
You May Also Like
Read More

အခက်အခဲတွေကြားက ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၁) ရဲ့ အပတ်စဉ် ၂ စစ်သင်တန်း ပြီးဆုံးခဲ့ပြီ

ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၁) က စစ်အာဏာရှင်တွေကို တွန်းလှန်တိုက်ခိုက်ချင်သူတွေကို ရဲဘော်သစ်တွေအဖြစ် လက်ခံကာ စစ်သင်တန်းပို့ချပေးနေတာ ဖြစ်ပါတယ်။
Read More

ရန်ကုန်မှာ လူငယ်တွေကို VPN အကြောင်းပြပြီး ဖုန်းနဲ့ငွေကြေး လိမ်လည်လုယက်မှုတွေ ဖြစ်ပွားနေ

ရန်ကုန်တိုင်းအတွင်းက မြို့နယ်တွေမှာ အကြမ်းဖက်စစ်အုပ်စုကြောင့် လူငယ်တွေ ဖမ်းဆီးခံရမှုတွေ နေ့စဉ်ရှိနေပြီး စစ်တပ်နဲ့ ရဲ ဟန်ဆောင်ကာ ငွေကြေးလုယက်ခံရတာ၊ ဖုန်းလုခံနေရတာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
Read More

ရန်ကုန်မြစ်အတွင်း ခရီးသည်တင်စက်လှေ တိမ်းမှောက်၊ တစ်ဦး ပျောက်ဆုံးနေ

ရန်ကုန်မြစ်အတွင်း ခရီးသည်တင်စက်လှေတစ်စီး တိမ်းမှောက်ခဲ့လို့ ၁၁ ယောက်ကို ကယ်ဆယ်ထားပြီး ၁ ယောက် ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။
Read More

လားရှိုးမြို့နဲ့ အနီးတစ်ဝိုက်က လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေကို စစ်ကောင်စီတပ် ဗုံးကြဲဖျက်ဆီး

ရှမ်းပြည်နယ်မြောက်ပိုင်းက ကိုးကန့်တပ်မတော် MNDAA သိမ်းပိုက်အုပ်ချုပ်နေတဲ့ လားရှိုးမြို့နဲ့ အနီးဝန်းကျင်က လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေကို အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ အာဏာသိမ်းစစ်တပ်က ဗုံးကြဲခဲ့တယ်လို့ MNDAA က ထုတ်ပြန်ထားပါတယ်။
Read More

အသံတိတ်သပိတ် ဂုဏ်ပြုသောအားဖြင့် ဂန့်ဂေါမြို့မရဲစခန်းကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်၊ ရဲ ၂ ဦး ဆေးရုံရောက်

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာ အသံတိတ်သပိတ် အောင်ပွဲအထိမ်းအမှတ်အနေနဲ့ ဂန့်ဂေါမြို့မရဲစခန်းကို တော်လှန်ရေးအင်အားစုတွေက ဒရုန်းနဲ့ ဗုံးကြဲချတိုက်ခိုက်ခဲ့ရာ ရဲ ၂ယောက် ဆေးရုံတင်ထားရကြောင်း ယောအလင်းတန်းအဖွဲ့ဝင် ကိုရောင်နီက မောင်းကို ပြောပါတယ်။
Read More

ပြည်သူတွေကို နည်းမျိုးစုံ ညှင်းပန်းနှိပ်စက်သတ်ဖြတ်နေတဲ့ စစ်ကောင်စီက “လူ့အသက်ထက် အရေးကြီးတာဘာမှမရှိ” ဆိုတဲ့စာတန်းပါ မီးပုံးပျံလွှတ်တင်

ပြည်သူတွေအပေါ် နည်းပေါင်းစုံနဲ့ စစ်ရာဇဝတ်မှုတွေ နေ့စဉ် ကျူးလွန်နေတဲ့ အကြမ်းဖက်စစ်တပ်က “လူ့အသက်ထက် အရေးကြီးတာဘာမှမရှိ” ဆိုတဲ့ စာတန်းပါ မီးပုံးပျံကို နေပြည်တော်မီးပုံးပျံပွဲမှာ လွှတ်တင်ခဲ့တယ်လို့ အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့်မီဒီယာတွေမှာ ဖော်ပြလာပါတယ်။