ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်း (လမ်းဟောင်း) ပေါ်မှာ ကားရပ်ပြီး ငွေညှစ် စစ်ဆေးရေးလုပ်နေတဲ့ အကြမ်းဖက်စစ်အုပ်စုတွေကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ရာ ၁ ယောက် သေပြီး ၂ ယောက် ထိခိုက်ဒဏ်ရာရကြောင်း Mother Son မြို့ပြ UG အဖွဲ့ ဦးစီးမှူး ဗိုလ်နိုင်က မောင်းကို ပြောပါတယ်။

အောက်တိုဘာ ၃၁ ရက်၊ ဒီနေ့ညနေမှာ ရန်ကုန်- မန္တလေး(လမ်းဟောင်း) တိုးဂိတ်နားမှာရှိနေတဲ့ ရဲ၊ စစ်သားနဲ့ မော်တော်ပီကယ် အပါ ၇ ယောက်ကို UG အဖွဲ့ဝင်တွေက လက်ပစ်ဗုံး၂ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

“ဒီကောင်တွေက အမြန်လမ်းပေါ် ကားရပ်ပြီး လာသမျှကုန်ကားတွေ၊ ဆိုင်ကယ်တွေဆီက ငွေညှစ်နေတာပေါ့။ ၇ ယောက်လောက်ရှိတယ်။ အဲ့ဒါနဲ့ ကျနော်တို့ ကားပေါ်ကနေပဲ လက်ပစ်ဗုံး၂ လုံးနဲ့ ပစ်ခဲ့တာပါ။ မြေပြင်ကင်းထောက်ပြောချက်အရဆို ၁ ကောင်ကတော့ လုံးဝကို ပက်လက်ဖြစ်ပြီး ကားလမ်းဘေးမြတ်ခင်းစိမ်းပေါ် ဆွဲသွားတယ်လိုတော့ သိရပါတယ်” လို့ Mother Son မြို့ပြ UG ဦးစီးမှူး ဗိုလ်နိုင်က မောင်းကိုပြောပါတယ်။

ဒီတိုက်ခိုက်မှုဟာ မကြာသေးခင်က ဆုံးပါးသွားခဲ့တဲ့ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်အတွက် သွေးကြွေးပြန်ယူတဲ့အနေနဲ့ လုပ်ဆောင်ခဲ့တာလိုလည်း သူကပြောပါတယ်။

“လက်ရှိအခြေအနေအရဆို မြိုပြ စစ်ဆင်ရေးလုပ်ရတာ အရင်ထက်ပိုကြပ်လာတယ်ပေါ့။ ရှောင်တခင်စစ်တာတွေ၊ စီမံချက်တွေရှိလာတယ်။ ကျနော်တိုကတော့ ပြည်သူကလှူတဲ့ ချွေးနဲစာကို ချွေတာသုံးပြီး ရပ်တည်တယ်။ ပြီးမှ စစ်ကောင်စီကို အစီအစဥ်ဆွဲပြီး တိုက်ပါတယ်” လို့လည်း Mother Son မြို့ပြ UG ဦးစီးမှူး ဗိုလ်နိုင်က ပြောပါတယ်။

0 Shares:
You May Also Like
Read More

ပြည်သူတွေရဲ့ ထောက်ပို့ငွေတွေနဲ့ ရှေ့တန်းရောက် ရဲဘော်တွေ စစ်အသုံးအဆောင်ပစ္စည်းတွေ ဆင်ပေးခဲ့တဲ့ ကျားသစ်နက်စစ်ကြောင်း… (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကျားသစ်နက် စစ်ကြောင်းရဲ့ The Life Armor Project ကနေ ရရှိလာတဲ့ ထောက်ပို့ငွေတွေနဲ့ ရှေ့တန်းမှာရှိတဲ့ ရဲဘော်တွေကို ကျည်ကာ အင်္ကျီ ၊ ကျည်ကာဦးထုပ် ၊ ကျည်ကာပြား ၊ ကျောပိုးအိတ်နဲ့ ဖိနပ်တွေ တပ်ဆင်ပေးန်ိုင်ခဲ့တယ်လို့ အဆိုပါစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။
Read More

မင်းအောင်လှိုင်ကို ICC မှာ ဖမ်း၀ရမ်းထုတ်ဖို့ တင်ပြထားမှုမှာ ဝိုင်းဝန်းကူညီဆောင်ရွက်မယ်လို့ NUG နဲ့ K2C ကထုတ်ပြန်

မင်းအောင်လှိုင်ကို နိုင်ငံတကာ ရာဇဝတ်ခုံရုံး(ICC)က ဖမ်းဝရမ်းထုတ်ဖို့ တင်ပြထားမှုကို ဝိုင်းဝန်းအကောင်အထည်ဖော် ကူညီဆောင်ရွက်ပေးမယ်လို့ NUG နဲ့ K2C(KNU၊ KNPP၊ CNF)တို့ က ပူးတွဲကြေညာချက်တစ်ရပ် ထုတ်ပြန်ပါတယ်။
Read More

ကလေးမြို့နယ်တောင်ပိုင်းရှိ စစ်ကောင်စီတပ်စခန်း ၅ ခုကို တော်လှန်ရေးတပ်များ တိုက်ခိုက်သိမ်းပိုက်

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းက စစ်ကောင်စီတပ်စခန်း ၅ ခုကို တော်လှန်ရေးအင်အားစုတွေ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ တော်လှန်ရေး ရှေ့တန်းသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

ရေဦးမှာ မင်္ဂလာဆောင်ပွဲကို စစ်ကောင်စီ ဗုံးကြဲ၊ ဗုံးကျတဲ့နေရာလွဲတာကြောင့် ပြည်သူတွေ ထိခိုက်မှုမရှိ

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ တိုက်ပွဲ ဖြစ်ပွါးနေခြင်းမရှိဘဲ စစ်တပ်က ပေါင် ၁၀၀ ဗုံး (၂) ကြဲချကာ လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။ 
Read More

အလင်းဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို သွားရောက်ခေါ်ထုတ်ချိန် ကျဆုံးခဲ့သည့် နေပြည်တော် ပကဖ ရဲဘော်နှင့် အလင်းဝင် စစ်သား ၃ ဦး ကျဆုံးမှု ၃ လပြည့် ပြုလုပ်

မြန်မာနှစ်သစ်ကူး နှစ်ဆန်း ၁ ရက် မနေ့က နေပြည်တော်-ပြည်သူ့ကာကွယ်ရေးအဖွဲ့က ရဲဘော်ဆင်ကြီး၊ အလင်းဝင်ခိုလှုံလာတဲ့ စစ်ကောင်စီတပ်က ရဲဘော်ညီညီဝင်းမော်၊ ရဲဘော်သိန်းမိုးမင်းနဲ့ ရဲ‌ဘော်မျိုးဇော်အေးတို့ အသက်နဲ့ခန္ဓာပေးလှူသွားခဲ့တဲ့ (၃) လပြည့် အထိမ်းအမှတ် ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

မန္တလေးဒေသနှင့် တမူးဒေသရှိ စစ်ဆင်ရေး တာ၀န်များ ပြီးဆုံးခဲ့သည့် တိုက်ပွဲပြန် BLDF ရဲဘော်များကို ဒေသခံ ပြည်သူလူထု ဂုဏ်ပြု ကြိုဆို

မန္တလေးဒေသနဲ့ တမူးဒေသရှိ စစ်ဆင်ရေးတာဝန်တွေ ပြီးဆုံးခဲ့တဲ့ တိုက်ပွဲပြန် ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး - BLDF ရဲဘော်တွေကို ဒေသခံပြည်သူတွေက ဂုဏ်ပြုကြိုဆိုခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။