ဧရာဝတီတိုင်း၊ မအူပင်အကျဥ်းထောင်မှာ အကျဥ်းချခံထားရသူတွေကို ထောင်ဝင်စာတွေ့ခွင့်တောင်းတဲ့အခါ ထောင်အာဏာပိုင်တွေက ငွေကြေးတောင်းယူမှုတွေရှိနေပြီး ငွေကြေးပေးနိုင်တဲ့သူတွေကိုသာ ဦးစာပေး တွေ့ခွင့်ပေးနေကြောင်း အကျဉ်းထောင်နဲ့နီးစပ်သူတွေဆီက သိရပါတယ်။

အကျဉ်းကျနေသူတွေကို မိသားစုတွေအနေနဲ့ ထောင်ဝင်စာတွေ့ဖို့ ကြိုးစားရာမှာ ငွေကြေးမပေးနိုင်သူတွေဆိုရင် တွေ့ဖို့ ခက်ခဲနေတယ်လို့လည်း သိရပါတယ်။

ထောင်ဝင်စာ တွေရမယ့် ရက် အချိန်တွေကို အကျဥ်းထောင်အာဏာပိုင်တွေက ကန့်သတ်ထားပေမယ့် ပိုက်ဆံပေးနိုင်တဲ့သူဆိုရင် အချိန်မရွေး တွေ့ခွင့်ပေးနေတာ။ ထောင်ပိုင်ကြီးကိုယ်တိုင် လုပ်စားနေတယ်။ ငွေယူတာကတော့ လက်ထောက်ထောင်မှူးပေါ့။ အနည်းဆုံး ကျပ်ငွေ ၅သောင်းနဲ့ ၁သိန်းကြားတောင်းယူတာလို့ ထောင်ဝင်စာပို့ပေးခဲ့သူတစ်ယောက်က မောင်းကိုပြောပါတယ်။

သုံးလေးသိန်း ပေးနိုင်တဲ့သူတွေဆိုရင်တော့ ထောင်ဝင်စာပို့လို့မရတဲ့နေ့ပါ တွေ့ခွင့်ပေးထားတယ်။ စနေ တနင်္ဂနွေ ပိတ်ရက်လည်း တွေ့လို့ရတယ်။ တချို့ကျားဖြန့်ငွေလိမ်ဂိုဏ်းကိစ္စနဲ့ ဖမ်းဆီးခံထားရတဲ့သူတွေဆိုရင် အနောက်က ငွေလည်းပေးနိုင်တော့ အချိန်မရွေးတွေ့ခွင့်ပေးထားပြီး လူဦးရေကန့်သတ်တာလည်းမရှိဘဲ တွေ့နေကြတယ်လို့ အကျဥ်းထောင်နဲ့ နီးစပ်သူတစ်ယောက်ကလည်း ထပ်ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း အကျဥ်းဦးစီးဌာနအပါအဝင် ဌာနဆိုင်ရာဝန်ထမ်းအများစုဟာ အဂတိလိုက်စားမှုတွေကို အရင်ကထက်ပိုမိုလုပ်ဆောင်နေတာဖြစ်ပြီး အကျဉ်းထောင်တွေမှာ လာဘ်စားမှုတွေအပြင် ဖိနှိပ်မှုတွေ အကျဉ်းသားအခွင့်အရေး ချိုးဖောက်မှုတွေလည်း အများအပြား ရှိနေပါတယ်။

0 Shares:
You May Also Like
Read More

မွန်ပြည်သစ်ပါတီ ခွဲထွက်အဖွဲ့ထံ MNLA အမှတ် (၅) တပ်ရင်းက တပ်ရင်းတစ်ရင်းလုံး လာရောက်ပူးပေါင်း

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ မလက်တိုကျေးရွာအုပ်စုမှာ ပြည်သူ့စစ်သင်တန်းပြုလုပ်ဖို့ အကြမ်းဖက်စစ်တပ်နဲ့ ရဲက စီစဥ်နေပြီး ပြည်သူ့စစ်ခေါ်ယူဖို့ အစည်းဝေးလုပ်ချိန်မှာ လူမစုံတာနဲ့အစည်းအဝေး ပျက်သွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

PDF အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ အပတ်စဉ် (၂/၂၀၂၅) စစ်မြေပြင်စီမံခန့်ခွဲမှုနှင့် ခေါင်းဆောင်မှု သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ အပတ်စဉ်(၂/၂၀၂၅) စစ်မြေပြင်စီမံခန့်ခွဲမှုနဲ့ ခေါင်းဆောင်မှု သင်တန်းဆင်းပွဲအခမ်းအနားပုံရိပ်တွေကို အမှတ်(၂) စစ်ဆင်ရေးနယ်မြေက ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ကန်ပိုက်တီမြို့သိမ်းတိုက်ပွဲကနေ ဗိုလ်ကြီးအဆင့်အပါ စစ်သုံ့ပန်းတွေနဲ့ လက်နက်ခဲယမ်း ၁၀၀ ကျော် ရရှိ

ကချင်ပြည်နယ် ကန်ပိုက်တီမြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က စစ်သုံ့ပန်းတွေ ဖမ်းဆီးရမိခဲ့ပြီး လက်နက်ခဲယမ်း ၁၀၀ ကျော်ကို သိမ်းဆည်းရရှိခဲ့ကြောင်း KIA ရဲ့ စစ်ရေးသတင်းအရင်းအမြစ်တွေမှာ ဖော်ပြလာပါတယ်။
Read More

ဖြူးမြို့နယ်တွင် အကြမ်းဖက်စစ်သားများ တိုက်ခိုက်ခံရပြီး စစ်သား ၂ဦးသေဆုံး

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်မှာ အတုအယောင်ရွေးကောက်ပွဲအတွက် လုံခြုံရေးစစ်ဆေးတဲ့ စစ်သားတွေကို တိုက်ခိုက်ရာ စစ်သား (၂)ယောက်သေဆုံးပြီး ထိခိုက်သူတွေ ရှိခဲ့တယ်လို့ ဧရာဝတီအမှတ် (၃)တပ်ရင်း တာဝန်ရှိသူက မောင်းကိုပြောပါတယ်။ ဇန်နဝါရီလ (၂၃)ရက်၊ မနေ့ မနက်ပိုင်းက ဖြူးမြို့နယ်၊ ဇောင်းလျှားခုံကျေးရွှာဆီ ရှောင်တခင် ဝင်ရောက်ဝင်ရောက်စစ်ဆေးတဲ့ အကြမ်းဖက်စစ်သားတွေကို တော်လှန်ရေးတက်ဖွဲ့ဝင်တွေက လက်ဦးမှုရယူပြီး တိုက်ခိုက်ခဲ့နိုင်တယ်လို့ သိရပါတယ်။
Read More

စစ်ကိုင်းမြို့ပေါ်တွင် စစ်အုပ်စု ဆိုးဆိုးရွားရွား ပေါ်တာဆွဲဖမ်းဆီးနေ၊ စစ်ရှောင်ဘုန်းကြီးကျောင်းကိုလည်း သေနတ်ဖောက် ဝင်ရောက်ကာ ကျောင်းထိုင်ဆရာတော်ကို ခြိမ်းခြောက်

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ပေါ်မှာ အကြမ်းဖက်စစ်အုပ်စုက ပေါ်တာဆွဲဖမ်းဆီးမှုတွေ ဆိုးဆိုးရွားရွား လုပ်ဆောင်နေသလို စစ်ဘေးရှောင်ဘုန်းကြီးကျောင်းတစ်ခုကိုလည်း သေနတ်ပစ်ဖောက် စီးနင်းခဲ့တယ်လို့ The Voice Of Wetlet Madayar တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

မူးမြို့နယ်တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၂ ဦးသေဆုံး၊ ၂ ဦး ဒဏ်ရာရ

ပဲခူးတိုင်း၊ မူးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၂ ယောက် သေဆုံးပြီး ၂ ယောက် ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် ၂ လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။