မြန်မာပြည်ဖွား၊ အိန္ဒိယလူမျိုးစု၊ ဟိန္ဒူဘာသာဝင်တွေကို လှောင်ပြောင်ထားတဲ့ဂျစ်ကားစီးဖူးသလား ဂျားကစ် စာဘူးသရီးရုပ်ရှင်ဇာတ်ကားကို လူမှုန်ကွန်ယက်ပေါ်မှာ ဝေဖန်ခဲ့သူ ကိုရှိုင်းထက်အောင် (ခေါ်) ကိုဟာဆယ်ရွန်ဟာ လှိုင်မြို့နယ်ရဲစခန်းမှာ ဖမ်းဆီးခံထားရတယ်လို့ သိရပါတယ်။

သူ့ကို စစ်ကောင်စီက နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးပျက်ပြားအောင် လူမှုကွန်ရက်စာမျက်နှာကနေ လှုံ့ဆော်တာနဲ့ ဝါဒဖြန့်တာတွေ လုပ်ဆောင်နေတာကြောင့် ဖမ်းဆီးထားတာဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။

သူဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၄ ရက်နေ့မှာ သူ့ရဲ့ လူမှုကွန်ရက်ပေါ်မှတဆင့် ဟိန္ဒူဘာသာဝင်တွေရဲ့ ရိုးရာ၊ ဓလေ့၊ ယဉ်ကျေးမှုတွေကို လှောင်ပြောင်ထားတဲ့ဂျစ်ကားစီးဖူးသလား ဂျားကစ် စာဘူးသရီးရုပ်ရှင်ဇာတ်ကားကိုရုတ်ချကြောင်းထုတ်ဖော်ရေးသားခဲ့တာဖြစ်ပါတယ်။

ဖမ်းဆီးထိမ်းသိန်းခံထားရသူ ကိုရှိုင်းထက်အောင် (ခေါ်) ကိုဟာဆယ်ရွန် (ဓာတ်ပုံ လူမှုကွန်ရက်)

လှိုင်ရဲစခန်းမှာ အဖမ်းခံထားရတာ ဟုတ်ပါတယ်။ ဖမ်းဆီးခံရတဲ့ခေါင်းစဥ်ကတော့ စစ်ကောင်စီဘက်က အကြမ်းဖက်လို့ ထုတ်ပြန်ထားတဲ့ အဖွဲ့တွေရဲ့ လှုံ့ဆော်ဝါဒတွေကို ဖြန့်ဝေလို့တဲ့လို့ ကိုရှိုင်းထက်အောင်ရဲ့ မိသားစုဝင်နဲ့ နီးစပ်သူတစ်ယောက်က မောင်းကို ပြောပါတယ်။

မြန်မာဟိန္ဒူသမဂ္ဂ/ မြန်မာဟိန္ဒူအစည်းအရုံးကနေလည်းဂျစ်ကားစီးဖူးသလား၊ ဂျားကစ်စာဘူးသရီးရုပ်ရှင်ဟာ မြန်မာပြည်ဖွား၊ အိန္ဒိယလူမျိုးစု၊ ဟိန္ဒိူဘာသာဝင်တို့ရဲ့ ရိုးရာယဉ်ကျေးမှုအစဉ်အလာတွေကို လှောင်ပြောင်သရော်ထားတာကြောင့် ရုပ်ရှင်ထုတ်လုပ်သူနဲ့ ရုပ်ရှင်ဇာတ်ကားခွင့်ပြုပေးခဲ့တဲ့မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူသာသာရေးဗဟိုအဖွဲ့ချုပ်တို့ကို တရားစွဲမယ်လို့ ထုတ်ပြန်ထားပါတယ်။

ကိုရှိုင်းထက်အောင်ဟာ အောက်တိုဘာလ ၂၆ ရက် နေ့လယ် ၁နာရီကျော်လောက်ကစလို့ ပျောက်ဆုံးသွားခဲ့တာဖြစ်ပြီး မိသားစုဝင်တွေက ကိုဟာဆယ်ရွန် အဖမ်းခံရတာကို မသိဘဲ လှိုင်မြို့နယ်နဲ့ မရမ်းကုန်းမြို့နယ် ရဲစခန်းတွေမှာ လူပျောက် တိုင်ကြားထားခဲ့သေးတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ကြို့ပင်ကောက်တွင် စစ်တပ်သတင်းပေးဆိုသူကို ပစ်ခတ်ရှင်းလင်း

ပဲခူးတိုင်း၊ သာယာဝီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်မှာ စစ်တပ်ကို သတင်းပေးလုပ်ဆောင်နေတဲ့ ကိုမိုး ဆိုသူကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၆၊ Black Dragon (GBK-PDF) က သတင်းထုတ်ပြန်ပါတယ်။
Read More

တော်လှန်ရေးတပ်ဖွဲ့အချင်းချင်း ယုံကြည်မှု၊ အမိန့်နာခံမှု၊ စုဖွဲ့မှု အားကောင်းကောင်းနဲ့ သိမ်းယူနိုင်ခဲ့တဲ့ ရေလာလေးစခန်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်က အကြမ်းဖက်စစ်အုပ်စုတွေ ရှိနေတဲ့ ရေလာလေးစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေ စုပေါင်းကာ ဒီဇင်ဘာ ၁၁ ရက်နေ့က ဝင်ရောက် စီးနင်းတိုက်ခိုက် သိမ်းယူနိုင်ခဲ့ပါတယ်။
Read More

ဖယ်ခုံမြို့နယ်၊ လအိကျေးရွာစာသင်ကျောင်းကို စစ်ကောင်စီတပ် အသေခံဒရုန်းများဖြင့် အကြောင်းမဲ့ တိုက်ခိုက်၊ ကလေးငယ် ၂ ဦး ဒဏ်ရာရ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က ကျေးရွာစာသင်ကျောင်းကို အသေခံဒရုန်းတွေနဲ့ တိုက်ခိုက်ရာ ကလေးငယ် ၂ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဖယ်ခုံမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ထီးလင်းမြို့နယ်မှာ လူထုအသိပညာပေး လူ့အခွင့်အရေးဟောပြောပွဲ ပြုလုပ်…

မကွေးတိုင်း၊ ထီးလင်းမြို့နယ်ရှိ ကျေးရွာတစ်ခုမှာ ပြီးခဲ့တဲ့ ဩဂုတ်လက လူ့အခွင့်အရေးနဲ့ပတ်သက်တဲ့ အသိပညာပေးဟောပြောပွဲတစ်ခု ပြုလုပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မြင်းခြံရှိ စစ်အုပ်စုဂိတ်စခန်းကို RPG သုံးကာ စီးနင်းတိုက်ခိုက်၊ စစ်အုပ်စု ၈ဦးသေပြီး အများအပြား ဒဏ်ရာရ

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုဂိတ်စခန်းကို RPG အပါ လက်နက်ငယ်တွေနဲ့ စီးနင်းတိုက်ခိုက်ရာ အုပ်ချုပ်ရေးမှူး ၁ ယောက် အပါအဝင် စစ်သား၊ ရဲနဲ့ ပျူစောထီး ၈ယောက်သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ အများအပြားရှိခဲ့တယ်လို့ မြင်းခြံခရိုင်အမှတ် (၇) တပ်ရင်း (Zero ပြောက်ကျားတပ်ဖွဲ့) ခေါင်းဆောင် ကိုသက်ကြီးက မောင်းကို ပြောပါတယ်။
Read More

ဘုတလင်မြို့နယ်မှာ ကျေးရွာဒေသခံပေါင်း ၃၀၀၀ ကျော်လောက် ထွက်ပြေးတိမ်းရှောင်နေကြရပြီး စားဝတ်နေရေး အခက်အခဲတွေ ကြုံတွေ့နေရ

TNLA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့ကို အကြမ်းဖက် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ (၂)စီးနဲ့ ဗုံး(၈)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ပါတယ်။