လုံခြုံရေး အထူးတင်းကျပ်ထားတဲ့ရန်ကုန်မြို့လယ် ဆူးလေနဲ့ မြို့တော်ခန်းမအနီးမှာ တော်လှန်လူငယ်တွေကကြောက်ခေတ်ကိုမှောက်ပစ်ကြွေးကြော်သံ စာသားဓာတ်ပုံနဲ့အတူ စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုတစ်ရပ်ကို ဒီနေ့အောက်တိုဘာလ ၃၁ ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

ယနေ့ချိန်တွင် ဖက်ဆစ်တပ်၏ အင်အားသည် ရန်ကုန်မြို့နေလူထု၏ ထက်ဝက်မျှပင် မရှိနိုင်တော့ပါ။ ရန်သူသည်အင်အားရှိ၍ ဖိနှိပ်အုပ်ချုပ်နိုင်နေခြင်းမဟုတ်ပါ။ အကြောက်တရားကြောင့်သာ အုပ်ချုပ်ခွင့်ရနေခြင်း ဖြစ်သည်။ ကျွန်ုပ်တို့ ငြိမ်ခံနေ၍သာ ဖိနှိပ်နိုင်နေခြင်းဖြစ်သည်ဟု ရန်ကုန်လူထုသပိတ်အဖွဲ့က အထက်ပါလှုပ်ရှားမှုနဲ့အတူ ထုတ်ပြန်ထားပါတယ်။

(ဓာတ်ပုံ Yangon People’s Strike)
(ဓာတ်ပုံ Yangon People’s Strike)
(ဓာတ်ပုံ Yangon People’s Strike)
(ဓာတ်ပုံ Yangon People’s Strike)
0 Shares:
You May Also Like
Read More

မြန်မာမှာ လူသားဆန်မှု ပျောက်ဆုံးနေတာကို ပြသတဲ့ ဓာတ်ပုံကမ်ပိန်း (ဓာတ်ပုံသတင်း)

ဘုတလင် စီပါရွာဖြစ်စဥ်ဟာ မြန်မာမှာ လူသားဆန်မှုမရှိတော့ဘူးဆိုတာ ပြသလိုက်တာ ဖြစ်တဲ့အကြောင်း ဓာတ်ပုံကမ်ပိန်းကို People Independend Army (PIA) က ပြုလုပ်ခဲ့ပါတယ်။
Read More

ကံပေါက်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ − KBDF ကို အမှတ် (၈၀၀၂) တပ်ရင်း KBDF အဖြစ် ပြောင်းလဲ ဖွဲ့စည်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းတိုင်းစစ်ဒေသ၊ ဒေါနတပ်ရင်းရဲ့ ဒေါနစစ်ကြောင်း−၃ အဖြစ် တာဝန်ထမ်းဆောင်တဲ့ ကံပေါက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ − KBDF ကနေ အမှတ် (၈၀၀၂) တပ်ရင်း KBDF အဖြစ်ပြောင်းလဲ ဖွဲ့စည်းလိုက်တယ်လို့ အဲ့ဒီတပ်ရင်းရဲ့တပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။
Read More

မင်းကင်းတွင် စစ်တပ် ဗုံးကြဲမှုကြောင့် ရဲဘော် ၁၀ ဦးကျော် ဒဏ်ရာရမှု မဟုတ်မမှန်ကြောင်း ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ ပြော

“စခန်းရှိမယ်ထင်တဲ့နေရာတွေ လိုက်ပြီးချတာ။ ထူးထွေတော့ ဘာမှမဖြစ်ဘူး။ တဲတစ်လုံးပဲ ထိသွားတယ်။ လိုင်းပေါ်မှာ ကျနော်တွေ့တယ်။ ကာကွယ်ရေးရဲဘော် ၁၀ ယောက်ထိတာတို့၊ ရွာထဲက ဒေသခံတွေ ထိတာတို့ မဟုတ်ဘူး။ အဲဒါ အလကားပါ။ သူတို့ကြဲသွားတာ တောတွေကို ပစ်သွားတာ၊ ရွာကို မပစ်ဘူး” လို့ ကျောင်းသားတော်လှန်ရေးတပ် Student’s Revolution Force တာဝန်ရှိသူတစ်ယောက်က မောင်းကို ပြောပါတယ်။
Read More

ကျောင်းသားလက်ရုံးတပ်တော်နှင့် NUG ကာကွယ်ရေးဝန်ကြီးဌာနအောက်ရှိ တပ်ရင်းတပ်ဖွဲ့များ စစ်ရေးပူးပေါင်းမယ်၊ ဘဏ္ဍာရေးရင်းမြစ်များ မျှဝေအသုံးပြုမယ်

ကျောင်းသားတပ်ဦး/ကျောင်းသားလက်ရုံးတပ်တော် (SF/SAF) နဲ့ NUG ကာကွယ်ရေးဝန်ကြီးဌာနအောက်က တပ်ရင်းတပ်ဖွဲ့တွေ စစ်ရေးပူးပေါင်းဆောင်ရွက်ဖို့အပြင် ဘဏ္ဍာရေးဆိုင်ရာ ရင်းမြစ်တွေကို မျှဝေအသုံးပြုနိုင်ဖို့ သဘောတူညီမှုရရှိခဲ့ကြောင်း SF/SAF က ထုတ်ပြန်ပါတယ်။
Read More

သပိတ်ကျင်းနှင့် စဉ့်ကူးမှာ စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၅ ဦးထက်မနည်း သေဆုံးပြီး အများအပြား ဒဏ်ရာရ…

မန္တလေးတိုင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ထိန်းချုပ်ထားတဲ့ သပိတ်ကျင်းမြို့နယ်နဲ့ စဉ့်ကူးမြို့နယ်တို့မှာ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၅ ယောက်ထက်မနည်း သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Wetlet Informational Network က ထုတ်ပြန်ပါတယ်။
Read More

KNU ထိန်းချုပ်ထားသည့် မင်းလက်ပံနေရာကို အကြမ်းဖက်စစ်တပ် နေ့စဉ်တိုက်ခိုက်၊ နိုင်ငံတကာတုံ့ပြန်မှုများ နှေးကွေးနေဆဲဟု KNU ထုတ်ပြန်

မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့တောင်ဘက်ရှိ မင်းလက်ပံဒေသ shunda park အွန်လိုင်းလိမ်လည်လောင်းကစားခြံဝင်းကို အကြမ်းဖက်စစ်တပ်က နေ့စဉ်တိုက်ခိုက်နေလို့ နှစ်ဖက်ထိခိုက်မှုတွေရှိနေချိန်မှာ နိုင်ငံတကာတုံ့ပြန်မှုတွေ နှေးကွေးနေဆဲဖြစ်တယ်လို့ ကရင်အမျိုးသားအစည်းရုံး (KNU) က ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။ လက်ရှိမှာ shunda park ငွေလိမ်ခြံဝင်းထဲမှာ ကျန်ရှိနေသူတွေဟာ ရာဇဝတ်သားတွေလို့ သံသယရှိသူတွေဖြစ်နိုင်ပြီး နိုင်ငံတကာအာဏာပိုင်တွေအနေနဲ့ ၄င်းတို့ကိုတရားခွင်ကို ခေါ်ထုတ်နိုင်ဖို့ အခွင့်အရေးရှိနေပေမဲ့ တုံ့ပြန်မှုနှေးကွေးရင် အခွင့်အရေး ဆုံးရှုံးမှာဖြစ်တယ်လို့ KNU ကသတိပေးထုတ်ပြန်ထားပါတယ်။