စစ်ကောင်စီ ရက်စက်ယုတ်မာခဲ့တဲ့ ဘုတလင် စီပါရွာ လူသတ်မှုဖြစ်စဉ်ကို ကုလသမဂ္ဂညီလာခံမှာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက နိုင်ငံတကာကာသိအောင် တင်ပြခဲ့ပါတယ်။

အောက်တိုဘာ ၂၉ ရက်က နယူးယောက်မြို့မှာပြုလုပ်တဲ့ ၇၉  ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ တတိယကော်မတီ အစည်းအဝေးမှာ သံအမတ်ကြီးက အခုလို တင်ပြခဲ့တာပါ။

စီပါရွာဖြစ်စဉ်မှာစစ်ကောင်စီကျူးလွန်ခဲ့တဲ့စစ်ရာဇ၀တ်မှုတွေကိုမှတ်တမ်းဓာတ်ပုံတွေနဲ့တကွနိုင်ငံတကာကသိရှိအောင်ပြသခဲ့တာ ဖြစ်ပါတယ်။

(၇၉) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ မျက်နှာစုံညီ အစည်းအဝေးတွင် အစီအစဉ်အမှတ် ၇၄ – “အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး၏ အစီအရင်ခံစာ” ခေါင်းစဉ်ဖြင့် အထွေထွေ မူဝါဒဆွေးနွေးမှု၌ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီ ဦးကျော်မိုးထွန်း ဆွေးနွေးစဉ် (ဓာတ်ပုံ Permanent Mission of Myanmar to the United Nations)
(၇၉) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ မျက်နှာစုံညီ အစည်းအဝေးတွင် အစီအစဉ်အမှတ် ၇၄ – “အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး၏ အစီအရင်ခံစာ” ခေါင်းစဉ်ဖြင့် အထွေထွေ မူဝါဒဆွေးနွေးမှု၌ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီ ဦးကျော်မိုးထွန်း ဆွေးနွေးစဉ် (ဓာတ်ပုံ Permanent Mission of Myanmar to the United Nations)

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် စီပါရွာဖြစ်စဉ်မှာ ဒေသခံ ပြည်သူတချို့ အပိုင်းပိုင်းခုတ်ထစ်ခံထားရတဲ့အပြင် သူတို့ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ပြန့်ကျဲလွင့်စင်နေခြင်း၊ ဦးခေါင်းတွေနဲ့ ကိုယ်လက်အင်္ဂါတွေကို ဖြတ်တောက်ပြီး နေအိမ်ခြံစည်းရိုးတွေမှာ ချိတ်ဆွဲထားခြင်းဟာ အလွန်အမင်း ထိတ်လန့်ဖွယ်ကောင်းတဲ့ လုပ်ရပ်ဖြစ်တယ်လို့ သံအမတ်ကြီးက ရှင်းပြခဲ့ပါတယ်။

ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတချို့ဟာ အခုလို လူမဆန်တဲ့စစ်ကောင်စီကို ထောက်ခံအားပေးနေမှုတွေ ရှိနေပြီး လက်နက်၊ ခဲယမ်းတွေနဲ့ ဆက်စပ်နည်းပညာတွေကို လက်ရှိအခြေအနေအထိ ထောက်ပံ့နေခြင်းကိုလည်း သံအမတ်ကြီးက မေးခွန်းထုတ်ခဲ့ပါတယ်။

ဒါ့ကြောင့် ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးက လုံခြုံရေးကောင်စီကို မြန်မာနိုင်ငံရဲ့ အလုံးစုံသော အခြေအနေကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံးထံ လွှဲပြောင်းပေးဖို့ ကြိမ်ဖန်များစွာ တောင်းဆိုရခြင်းဖြစ်တယ်လို့လည်း ဆိုပါတယ်။

စစ်ကောင်စီ ကျူးလွန်နေတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေဟာ ဒေသတွင်း နိုင်ငံတွေအပေါ် ရိုက်ခတ်မှုတွေ ရှိလာနိုင်တာကြောင့် မပေါ့လျော့စေလိုကြောင်းလည်း သံအမတ်ကြီးက သတိပေးတင်ပြခဲ့ပါတယ်။

(၇၉) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ မျက်နှာစုံညီ အစည်းအဝေးတွင် အစီအစဉ်အမှတ် ၇၄ – “အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး၏ အစီအရင်ခံစာ” ခေါင်းစဉ်ဖြင့် အထွေထွေ မူဝါဒဆွေးနွေးမှု၌ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီ ဦးကျော်မိုးထွန်း ဆွေးနွေးစဉ် (ဓာတ်ပုံ Permanent Mission of Myanmar to the United Nations)
0 Shares:
You May Also Like
Read More

မင်းအောင်လှိုင်ကို ဖမ်းဆီးပေးဖို့ (INTERPOL) အဖွဲ့ဝင်နိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံထံ တောင်းဆိုထားဟု ဆို

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က BIMSTEC အစည်းအဝေးကို ရောက်ရှိနေတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဆီးပေးဖို့ အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့ (INTERPOL) အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံကို Burmese Rohingya Organisation UK က တိုက်တွန်းလိုက်ပါတယ်။
Read More

ကျားဖြန့်မှာ အသုံးပြုသည့် ထောင်ချီတဲ့ မိုဘိုင်းဖုန်းဆင်းကဒ်တွေကို ထိုင်းအာဏာပိုင်များ ဖမ်းဆီးရမိ

ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ပြည်နယ်၊ မဲရမတ်ခရိုင်မှာ တယ်လီကွန်းနဲ့ အွန်လိုင်းလိမ်လည်မှုမှာ အသုံးပြုတဲ့ ကွန်ပျူတာ၊ မိုဘိုင်းဖုန်းနဲ့ ဆင်းကဒ်တွေအမြောက်အမြား သယ်ဆောင်လာတဲ့ အမျိုးသားတစ်ယောက်ကို အာဏာပိုင်တွေက စနေနေ့မှာ ဖမ်းဆီးခဲ့ကြကြောင်း ဘန်ကောက်ပို့စ်သတင်းစာမှာ ရေးသားထားပါတယ်။
Read More

မြန်မာစစ်အုပ်စုကို စစ်လက်နက် တစိုက်မတ်မတ် ရောင်းချပေးနေသည့် တရုတ်အစိုးရပိုင် NORINCO ကုမ္ပဏီအား အရေးယူပေးရန် တောင်းဆို

မြန်မာစစ်အုပ်စုကို စစ်လက်နက် တစိုက်မတ်မတ် ရောင်းချပေးနေသည့် တရုတ်အစိုးရပိုင် NORINCO ကုမ္ပဏီအား အရေးယူပေးရန် Justice For Myanmar (JFM) အဖွဲ့က ယနေ့ထုတ်ပြန် တောင်းဆိုလိုက်သည်။
Read More

မြန်မာခရိုနီတချို့အပေါ် အရေးယူပိတ်ဆို့မှု ရုပ်သိမ်းတာဟာ မင်းအောင်လှိုင်ရဲ့ပြန်စာနဲ့ မဆိုင်ဘူးလို့ အမေရိကန်ပြော

“ပိတ်ဆို့အရေးယူမှုတွေကို ရုပ်သိမ်းဖို့ ဆုံးဖြတ်ချက်ဟာ အရင်အစိုးရလက်ထက်က စတင်ခဲ့တဲ့ ရှည်လျားတဲ့ လုပ်ငန်းစဉ်ကို ထင်ဟပ်စေပါတယ်” "ဒီဆုံးဖြတ်ချက်တွေနဲ့ စာကြားမှာ ဆက်စပ်မှုမရှိပါဘူး" လို့ ၎င်းက ဆိုပါတယ်။
Read More

၂၀၁၁ ခုနှစ်မှာ အဖွဲ့ဝင်ဖြစ်ဖို့ လျှောက်ထားခဲ့သည့် အရှေ့တီမောနိုင်ငံ အာဆီအဖွဲ့ဝင် ဖြစ်လာမှုကို ကြိုဆိုကြောင်း NUG ထုတ်ပြန် 

အရှေ့တီမောနိုင်ငံလို့ အများက သိတဲ့ တီမောလက်စ်တေနိုင်ငံ အာဆီအဖွဲ့ဝင်နိုင်ငံ ၁၁ နိုင်ငံမြောက် ဖြစ်လာတာကို ကြိုဆိုတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က မနေ့က ထုတ်ပြန်ပါတယ်။ 
Read More

ထိုင်းယာယီဝန်ကြီးချုပ်က လွှတ်တော်ဖျက်သိမ်းရန် ထိုင်းဘုရင်ကို တောင်းဆိုထား

ထိုင်းဝန်ကြီးချုပ် ပေထုံတန်ရှင်နာဝပ် ရာထူးကနေ ဖယ်ရှားခံရပြီးနောက် ယာယီဝန်ကြီးချုပ်အဖြစ် တာဝန်ယူထားတဲ့ ဖွေထိုင်းပါတီက ဖူထန်ဝေချာယာချိုင်းက အောက်လွှတ်တော်ကို ဖျက်သိမ်းပေးဖို့ ထိုင်းဘုရင်ဆီ တောင်းဆိုထားတယ်လို့ ထိုင်းသတင်းတွေက ဆိုပါတယ်။