မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၊ အမ်းပဒါန်း လမ်းပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်ယာဥ်တန်းကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်လို့ မောင်းနှင်ထွက်ပြေးစဉ်မှာ ကားမှောက်ပြီး စစ်သား ၁၀ ယောက် သေဆုံးခဲ့တယ်လို့ အရှိုချင်းကာကွယ်ရေးတပ် (ACDF) က မောင်းကို အတည်ပြုပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၈ ရက်၊ နေ့လည်ပိုင်းက ငဖဲမြို့နယ် ၊ အမ်းပဒါန်း လမ်းပိုင်းမှာ အမ်းမြို့နယ်ကို ရိက္ခာပို့ပြီး ပြန်လာတဲ့ စစ်ကောင်စီတပ်သား ခန့်မှန်းအင်အား ၄၀ ပါတဲ့ ကား ( ) စီး၊ ဆိုင်ကယ် () စီးယာဉ်တန်းကို တော်လှန်ရေးတပ်တွေက ကြိုတင်သတင်းရရှိထားတာကြောင့် စောင့်ကြိုတိုက်ခိုက်ခဲ့ကြပါတယ်။

တိုက်ပွဲက နာရီဝက်နီးပါး ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်သား ၁၀ ယောက် သေဆုံးကာ အများအပြား ဒဏ်ရာရရှိသွားတယ်လို့ ACDF ကသတင်းထုတ်ပြန်ထားပါတယ်။

ထုတ်ပြန်ကြေညာချက်

၁၀ ဦးသေတာကတော့ ကျနော်တို့ ရဲဘော်တွေ ကိုယ်တိုင် မျက်မြင်ပါပဲ။ တိုက်ပွဲအတွင်း ပြည်သူ ထိခိုက်မှု မရှိပါဘူး။လို့ အရှိုချင်းကာကွယ်ရေးတပ် (ACDF) ပြန်ကြားရေးတာဝန်ခံက မောင်းကို ပြောပါတယ်။

အဲဒီနောက်မှာတော့အထိနာသွားတဲ့စစ်ကောင်စီတပ်သားတွေဟာအင်အား၁၈ယောက်ပါတဲ့ကားနဲ့မောင်းနှင်ထွက်ပြေးစဉ်စွန်တဲနဲ့လင်းတဲကြားတစ်နေရာမှာကားမှောက်ပြီးချောင်ထဲကျသွားတာကြောင့်၁၀ယောက်ထပ်မံသေဆုံးသွားတယ်လို့သိရပါတယ်။

သူကပဲ ဆက်လက်ပြီး  ဖြစ်စဉ် က ၂ ခုဗျ။ တိုက်ပွဲက တစ်နေရာကား ချောက်ထဲ ကျတာက ပြန်အပစ်ခံရမှာစိုးလို့ အရှိန်နဲ့ မောင်းသွားရင် မှောက်တာ နောက်တစ်နေရာပါ။ ကားမှောက်တာမှာက ၁၂ယောက်သေပြီး ၆ယောက်ရှင်တယ်။ စုစုပေါင်း ၂၂ ယောက်သေသွားတာပါ။လို့ဆိုပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို အရှိုချင်းကာကွယ်ရေးတပ် (ACDF) နဲ့ မင်းဘူးခရိုင် အမှတ် () တပ်ရင်းမဟာမိတ်တို့ ပူးပေါင်း တိုက်ခိုက်ခဲ့တာဖြစ်ပြီး တော်လှန်ရေး ရဲဘော်အားလုံး အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ပြန်လည်အခြေကျနေတဲ့ ဝက်ပုတ်ရွာကို စစ်အုပ်စု အငြိုးနဲ့မီးဝင်ရှို့လို့ နေအိမ် ၁၅ လုံး မီးလောင်ပြီး ဒေသခံထောင်နဲ့ချီ ရှောင်နေရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာတော်လှန်ရေး အင်အားစုတွေထိန်းချုပ်ထားတဲ့ ဝက်ပုတ်ရွာကို အကြမ်းဖက်စစ်အုပ်စုတွေက ဝင်ရောက်မီးရှို့ခဲ့တဲ့အတွက် နေအိမ် ၁၅လုံးမီးလောင်ပျက်စီးပြီး ဆိုင်ကယ်တွေပါ ဖျက်ဆီးခံလိုက်ရတယ်လို့ ​အညာမြေတပ်ပေါင်းစုတာဝန်ခံ ကိုဘိုဘိုသန့်ဇင်က မောင်းကို ပြောပါတယ်။
Read More

ပဲခူးခရိုင်ပကဖ တိုက်ခိုက်ရေးစစ်ကြောင်းဖွဲ့စည်း၊ အထူးတိုင်းစစ်ဌာနသို့ စစ်ကြောင်းအပ်နှံ

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အထူးတိုင်းစစ်ဌာနရဲ့ စစ်ဆင်ရေးကွပ်ကဲမှုအောက်မှာ တာဝန်ထမ်းဆောင်မယ့် ပဲခူးခရိုင်ပကဖ တိုက်ခိုက်ရေးစစ်ကြောင်း ဖွဲ့စည်းခြင်းနဲ့ စစ်ကြောင်းအပ်နှံပွဲကို အောက်တိုဘာ ၅ ရက် မနေ့က KNU တပ်မဟာ (၁) နယ်မြေမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ ပဲခူးခရိုင် ပကဖ က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ချောက်မှာ အကြမ်းဖက်စစ်တပ်က မြေပြင်ဝေဟင် အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလို့ အရပ်သား ၂သောင်းကျော် ထွက်ပြေးနေရ၊ တိုက်ပွဲအတွင်း အာဠာဝက မြို့ပြပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်ပေတ ကျဆုံးခဲ့

မကွေးတိုင်း၊ ချောက်မြို့နယ်မှာ အင်အားအလုံးအရင်းသုံးကာ ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်တွေ ၃ ရက်ကြာ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

ညောင်ဦး-ချောက်လမ်းပိုင်းတွင် အကြမ်းဖက်စစ်တပ်မှ ဗိုလ်ကြီးအဆင့်ရှိသူ ၂ ဦးကို တော်လှန်ရေးတပ်များ ဖမ်းဆီးရမိ…

" သူတို့ဗိုလ်ကြီးပိုင်းအရာရှိတွေဆိုတော့ အထက်က သက်ဆိုင်ရာအဖွဲ့တွေကိုပဲ လွှဲပေးထားတယ်။ ထိရောက်တဲ့ အရေးယူမှုတွေ လုပ်မှာပါ။" လို့ ညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ တာဝန်ရှိသူ ကိုဇီးက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

သီပေါမြို့ TNLA စစ်ဆေးရေးဂိတ်စခန်းရှိရာကို စစ်တပ် ဗုံးကြဲ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့က TNLA ရဲ့ စစ်ဆေးရေးဂိတ်ရှိရာနေရာကို အကြမ်းဖက်စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

အကြမ်းဖက်စစ်ကော်မရှင်က ရွေးကောက်ပွဲ အပိုင်း ၁ ကို ဒီဇင်ဘာလ ၂၈ ရက်နေ့ ပြုလုပ်မည်ဟု ကြေညာ

မင်းအောင်လှိုင်ရဲ့ အကြမ်းဖက်စစ်ကောင်မရှင်က ရွေးကောက်ပွဲ အပိုင်း ၁ ကို ဒီဇင်ဘာလ ၂၈ ရက်မှာ ပြုလုပ်သွားမယ်လို့ ဒီနေ့ မွန်းလွဲပိုင်းမှာ ထုတ်ပြန်ကြေညာလာပါတယ်။