မန္တလေးတိုင်း၊ မတ္တရာမြို့နယ် ဆင်ကျွန်းကျေးရွာ စာသင်ကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့  ယူနီကွန်းပြောက်ကျားတပ်ဖွဲ့က ရုပ်သံနဲ့တကွ ထုတ်ပြန်ပါတယ်။

မန္တလေးမြို့နှင့် သုံးမိုင်ကျော်အကွာ မတ္တရာမြို့နယ် ဆင်ကျွန်းကျေးရွာ စာသင်ကျောင်းမှာ အထိုင်ချတပ်ဆွဲပြီး သုံးဆယ်ပေးကျေးရွာ နဲ့ အနီးနားကျေးရွာများကို စစ်ကြောင်းထိုးမီးရှို့ဖျက်စီးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို ဦးတည်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ပစ်မှတ်များကို တိကျစွာကျဲချနိုင်ခဲ့သော်လည်း ဗုံးသီး နှစ်လုံးအတွင်း ဗုံးသီးတစ်လုံးမှာမကွဲခဲ့ပဲ တစ်လုံးသာ ထိရောက်ခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။

တိုက်ခိုက်မှုကို ယူနီကွန်းပျောက်ကြားတပ်ဖွဲ့ နဲ့အတူ Acid LpdfRoyal FalconPhoenix SGG တို့မှပူးပေါင်း လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

တိုက်ပွဲအတွင်း ကျည်ကာမလုံလောက်မှုကြောင့် တစ်လှည့်စီဝတ်ကာ တိုက်ပွဲဝင်နေကြသည့် တော်လှန်ရေးရဲဘော်များ (ရုပ်/သံ)

ရှေ့တန်းစစ်မြေပြင်တစ်နေရာမှာ တိုက်ပွဲဝင်နေကြတဲ့ ရဲဘော်တွေဟာ ကျည်ကာမလုံလောက်တဲ့အတွက် ရှိတဲ့ကျည်ကာကို တစ်လှည့်စီဝတ်ကာ တိုက်ပွဲဝင်နေကြရပါတယ်။
Read More

ထားဝယ် ပကာရီယက္ကန်းစင်ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသည့် စစ်ကော်မရှင်တပ်သားများ တိုက်ခိုက်ခံရပြီး ၇ ဦး သေဆုံးခဲ့မှု ဒူရကစစ်ကြောင်း ထုတ်ပြန် (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ပကာရီရွာ ယက္ကန်းစင် ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်သားတွေ တိုက်ခိုက်ခံရပြီး ၇ ယောက်သေဆုံးခဲ့တဲ့ တိုက်ပွဲမှတ်တမ်းရုပ်သံကို ဒူရကစစ်ကြောင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရေတာရှည်မြို့နယ်ထဲက အင်အား ၆၀ နဲ့ တပ်စွဲထားတဲ့ စစ်တပ်စခန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက် တပ်ကြပ် ၁ ဦး အပါအဝင် ၃ ဦး ဖမ်းဆီးမိ (ရုပ်/သံ)

ပဲခူးတိုင်း ရေတာရှည်မြို့နယ်ထဲက အကြမ်းဖက်စစ်တပ်ရဲ့ တပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းခဲ့တယ်လို့ Nay Pyi Taw PDF-Battalion 901  က သတင်းထုတ်ပြန်ထားပါတယ်။
Read More

သေ့ဘောဘိုးစခန်းဆီ စစ်ကူလာသော အကြမ်းဖက်စစ်ကြောင်းအား တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား အများအပြား ဖမ်းဆီးရမိ (ရုပ်/သံ)

ဝေါ်လေဗျူဟာစခန်းကနေ သေ့ဘောဘိုးစခန်းဆီ စစ်ကူလာတဲ့ အင်အား (၇၀)ပါ စစ်ကောင်စီစစ်ကြောင်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) အပါအဝင် PDF ဗျူဟာ ၃၂ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ပါတယ်။
Read More

မဲ့ပလီဗျူဟာစခန်းသိမ်းတိုက်ပွဲ မှတ်တမ်း FFD ထုတ်ပြန် (ရုပ်/သံ)

KNU တပ်မဟာ(၁)နယ်မြေက စစ်ကောင်စီရဲ့ မဲ့ပလီဗျူဟာစခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံကို Force for Federal Democracy (FFD) တပ်ဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။
Read More

အကြမ်းဖက်စစ်တပ်ရဲ့ ထောက်ပို့ရဟတ်ယာဉ် ၁ စီးကို ပစ်ချခဲ့ဟု Battalion Of Budalin ဆို (ရုပ်/သံ)

စစ်ကိုင်းတိုင်းရှိ အကြမ်းဖက်စစ်တပ်ရဲ့ ကန့်ဘလူ တပ်ရင်း ၆၀၀၆ မှ မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ကိုလာတဲ့ ထောက်ပို့ရဟတ်ယာဉ် ၁ စင်းကို ပစ်ခတ်ခဲ့တယ်လို့ Battalion Of Budalinမှ ဒီကနေ့မနက်မှာ ထုတ်ပြန်လိုက်ပါတယ်။