တရားမဝင်လုပ်ငန်းတွေနဲ့ မြ၀တီမှာ နာမည်ကြီးတဲ့ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်က ဗိုလ်မှူးကြီးဖြစ်သူ စောချစ်သူ အပါအဝင် ဗိုလ်မှူးအချို့နဲ့ ချစ်လင်းမြိုင်ကုမ္ပဏီကို ဥရောပသမဂ္ဂ အီးယူက ဒဏ်ခတ်ပိတ်ဆို့ အရေးယူလိုက်ပြီဖြစ်ကြောင်း အီးယူက သတင်းထုတ်ပြန်ပါတယ်။

အွန်လိုင်းငွေလိမ်လည်မှု၊ မူးယစ်ဆေးဝါး၊ လူကုန်ကူးမှုနှင့်နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများကို လုပ်ဆောင်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့အတူ လူ့အခွင့်အရေးတွေကို ဆိုးရွားစွာချိုးဖောက်နေတဲ့ နယ်ခြားစောင့်တပ်က စောချစ်သူအပါအဝင် ဗိုလ်မှူးမုတ်သုံ နဲ့ ဗိုလ်မှူးတင်ဝင်းတို့ကို ပါထည့်သွင်းပြီး ဒဏ်ခတ်ပိတ်ဆို့ အရေးယူလိုက်ခြင်း ဖြစ်ပါတယ်။

မြ၀တီဒေသက စစ်ကောင်စီတပ်တွေကို အကူအညီပေးနေတဲ့ စောချစ်သူရဲ့ နယ်ခြားစောင့်တပ်ဟာ ဒေသတွင်းမှာ စစ်ရေးအပြင် အာဏာကို အသုံးချပြီး တရားမဝင်လောင်းကစားလုပ်ငန်းတွေနဲ့ ကြွယ်၀ချမ်းသာလာသူတွေလည်းဖြစ်တာကြောင့်  အီးယူကဒဏ်ခတ်ပိတ်ဆို့ အရေးယူလိုက်တာပါ။

မြဝတီမြို့အနီးရှိ ရွှေက္ကိုလ်၊ KK Park Project နှင့် Huanya Project အစရှိတဲ့ အွန်လိုင်းလိမ်လည်မှု ဗဟိုစင်တာများမှာ BGF ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေက ရင်းနှီးမြှုပ်နှံကာ အကျိုးအမြတ်များစွာရရှိနေတယ်လို့လည်း ဖော်ပြထားပါတယ်။

(ဓာတ်ပုံ EU)

စစ်အာဏာသိမ်းပြီးနောက်ပိုင်း EU က မြန်မာနိုင်ငံမှ လူပုဂ္ဂိုလ် ၁၀၆ ဦးနှင့် အဖွဲ့အစည်း ၂၂ ခုတို့ကို ဒဏ်ခတ်ပိတ်ဆို့အရေးယူထားပြီး မြန်မာပြည်က စစ်တပ်ရဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေကိုလည်း အပြင်းအထန်ကန့်ကွက်ပြီး ထပ်တိုးအရေးယူမှုတွေလည်း လုပ်ဆောင်မယ်လို့ သိရပါတယ်။

၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက်မှာတော့ ကရင် BGFတပ်ရဲ့ မြန်မာစစ်တပ်အောက်ဆက်ပြီး ရပ်တည်မှုနဲ့ ပတ်သက်လို့ တော်လှန်‌ရေးအင်အားစုတွေဘက်က မေးခွန်းထုတ် ဝေဖန်တာတွေရှိခဲ့ပါတယ်။

ဒါပေမဲ့ ဗိုလ်မှူးကြီးစောချစ်သူဦးဆောင်တဲ့ ကရင် BGFတပ်ဟာ စစ်တပ်လက်အောက်မှာ ၃ နှစ်နီးပါးဆက်ရှိပြီး မြန်မာစစ်တပ်နဲ့အတူ KNU ဦးဆောင်တဲ့ တော်လှန်ရေးအင်အားစုတွေကို ပူးတွဲတိုက်ခိုက်ခဲ့ပါတယ်။

ရှမ်းမြောက်ဒေသမှာ ၂၀၂၃ အောက်တိုဘာကစတဲ့ ၁၀၂၇ စစ်ဆင်ရေးနောက်မှာတော့ BGF ရဲ့ ရပ်တည်မှုကပြောင်းလာပါတယ်။

၂၀၂၄ ဇန်နဝါရီမှာ မြန်မာစစ်တပ်လက်အောက်ကနေခွဲထွက်ပြီး သီးခြားရပ်တည်မယ်လို့ BGF ဦးဆောင်သူ ဗိုလ်မှူးကြီးစောချစ်သူက ထုတ်ပြောခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

နိုင်ငံတစ်ဝန်း ဇန်နဝါရီတစ်လအတွင်း စစ်ကောင်စီလက်ချက်ကြောင့် အမျိုးသမီး ၈၀ ကျော် သေဆုံးခဲ့ရ

နိုင်ငံတစ်ဝန်း စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးတိုက်ခိုက်မှုတွေကြောင့် ဇန်နဝါရီလ တစ်လတည်းမှာပင် အမျိုးသမီး ၈၆ ဦးအထိ သေဆုံးခဲ့ရတယ်လို့  မြန်မာအမျိုးသမီးများသမဂ္ဂ (BWU) က အသိပေးထုတ်ပြန်ပါတယ်။
Read More

ပခုက္ကူတွင် ပြည်သူများအား လက်နက်ပြ ခြိမ်းခြောက်နေသည့် ပျူစောထီးကို KTV မှာဖမ်းမိ

“သူက တပ်မ ၁၀၁ က ဗိုလ်ရဲ့ အခိုင်းအစေ ပျူစောထီးပါ လက်ကိုင်တုတ်လိုပေါ့။ လက်နက်ပေးထားတယ်။ KTV မှာ ကောင်တာ ထိုင်ရတော့ ရပ်ကွက်ထဲက ပြည်သူတွေကို လက်နက်ပြ ခြိမ်းခြောက်တယ်။ ဖမ်းတာတော့ သူ့တစ်ယောက်တည်းကို ဖမ်းတာပါ။ တခြား အပြစ်မရှိသူတွေကို မဖမ်းပါဘူး” လို့ Badassess Burma Force အဖွဲ့ရဲ့ သတင်းပြန်ကြားရေးက မောင်းကို ပြောပါတယ်။
Read More

ပုလောတွင် အကြမ်းဖက်စစ်တပ်နှင့် PDF ပူးပေါင်းတပ် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်အရာရှိ ၁ ဦးအပါ ၆ ဦး သေဆုံး

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်ထဲက ကျေးရွာတချို့မှာ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးပူပေါင်းတပ်တို့ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ အရာရှိ ၁ ဦး အပါအဝင် ၆ ဦး သေဆုံးခဲ့တယ်လို့  KNDO Drone Forces က သတင်းထုတ်ပြန်ထားပါတယ်။ 
Read More

ပျူစောထီးရွာကို ပို့ဆောင်မယ့် ရိက္ခာကားကို PDF က ကြားဖြတ်ဖမ်းဆီးနိုင်ခဲ့

မြိုင်မြို့နယ်၊ သရက်ကွ ပျူစောထီးရွာကို ရိက္ခာပို့ဆောင်ပေးသူများကို PDF တပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ကြောင်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အနောက်ပိုင်းဇုံက ထုတ်ပြန်ပါတယ်။
Read More

ဝေါမြို့နယ်မှာ စစ်ကောင်စီရဲ့ X-Ray စစ်ဆေးဂိတ်ကို ရှော့တိုက်ဒုံးများနှင့် ပစ်ခတ်ခဲ့…

ပဲခူးခရိုင်၊ ဝေါမြို့နယ်က ရန်ကုန်-မော်လမြိုင်အဝေးပြေးလမ်းပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ X-Ray စက်တပ်ဆင်ထားတဲ့ စစ်ဆေးရေးဂိတ်ကို ရှော့တိုက်ဒုံး ၃ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဝေါမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) ဆီက သိရပါတယ်။
Read More

စစ်တပ်က ဖမ်းဆီးထားတဲ့ ပြည်သူတစ်ယောက် သေနတ် ၂ လက် ခိုးယူထွက်ပြေးလွတ်မြောက်ခဲ့ရာက သိန်း ၁၀၀ ချီးမြှင့်ငွေ ရရှိခဲ့

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ ဖမ်းဆီးခြင်းခံခဲ့ရတဲ့ ပြည်သူတစ်ယောက်ဟာ စစ်သားတွေရဲ့ သေနတ် ၂ လက်နဲ့ ခဲယမ်းတွေကို ခိုးယူကာ ထွက်ပြေးလွတ်မြောက်လာတယ်လို့ ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - CHU PDF က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။