မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ ဆီးမီးခုံမြို့ထဲ စျေးဝယ်ထွက်တဲ့ အကြမ်းဖက်စစ်အုပ်စု မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီက အရပ်သားတွေကို ဖမ်းဆီးခဲ့ကြောင်း ရွှေဂျိုးဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထံက သိရပါတယ်။

အောက်တိုဘာ ၂၉ရက် မနေ့က မနက်အစောပိုင်းမှာ ဆီးမီးခုံမြို့မှာရှိတဲ့ ဆေးရုံအတွင်း တပ်စွဲနေတဲ့ စစ်အုပ်စုတွေထဲက တပ်သား၈ယောက်ဟာ မြို့အနောက်ဘက်မှာရှိတဲ့ စျေးဆီ ထွက်လာရင်း တံတားကြီးအနီးအရောက် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့ မိုင်းဆွဲတိုက်ခိုက်မှုကို ခံခဲ့ရတာ ဖြစ်ပါတယ်။

တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကထမင်းဘူးတွေနဲ့လုပ်ထားတဲ့ဒံပေါက်မိုင်း၇လုံးဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီးနေရာတင်စစ်သား၅ယောက်လဲကျသွားတဲ့အတွက်ကျန်တဲ့အဖွဲ့ဝင်တွေကပတ်ဝန်းကျင်ကိုရမ်းသမ်းပစ်ခတ်ရင်းထိခိုက်သူတွေကိုပြန်လည်ဆွဲခေါ်သွားတယ်လို့ သိရပါတယ်။

မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၁ယောက်သေဆုံးခဲ့ပြီး ၄ယောက် ထိခိုက်ဒဏ်ရာရရှိကာ သေဆုံးသူတွေကို  စောင်ပုခတ်နဲ့ ထမ်းရင်းမြစ်ဆိပ်ဆီ သယ်ဆောင်သွားတယ်လို့လည်း ရွှေဂျိုးဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။

ဒီတိုက်ခိုက်မှုဟာ မြင်းခြံခရိုင်အထူးစစ်ဆင်ရေး(MDSO) ရဲ့ တစိတ်တပိုင်းဖြစ်ပြီး ရွှေဂျိုးဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ဆီးမီးခုံမြို့ပေါ် မှာပြုလုပ်တဲ့ ဒုတိယမြောက် မစ်ရှင်ဖြစ်ကာ ပြီးခဲ့တဲ့ သြဂုတ်လ ၇ရက်နေ့ကလည်း မြို့စာသင်ကျောင်းရှေ့က စစ်တပ်ဂိတ်ကို သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။

ဒီမိုင်းဆွဲတိုက်ခိုက်မှုကို ရွှေဂျိုးဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့အတူ Aung San’s Blood Civillian Defense Force (ABCDF) အဖွဲ့က ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။

(ဓာတ်ပုံ ရွှေဂျိုးဖြူ – ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့)
0 Shares:
You May Also Like
Read More

မြိုင်မှာ အထိနာထားတဲ့စစ်အုပ်စု ရွာထဲ စစ်ကြောင်းဝင်မီးရှို့နေလို့ အရပ်သား ၂ ထောင်နီးပါး ထွက်ပြေးတိမ်းရှောင်နေရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ တော်လှန်ရေးအင်အားစုတွေ သိမ်းပိုက်ထားတဲ့ ဝက်ပုတ် ပျူစောထီးရွာကို အကြမ်းဖက်စစ်အုပ်စုတွေ စစ်ကြောင်းဝင် မီးရှို့နေတဲ့အတွက် အနီးအနားကျေးရွာတွေက ဒေသခံတွေပါ ထောင်နဲ့ချီ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံ ၁ယောက်က မောင်းကို ပြောပါတယ်။
Read More

နှမ်းခါးရွာ လေကြောင်းတိုက်ခိုက်ခံရမှုအတွက် တရားမျှတမှုရှိအောင် လုပ်ဆောင်မည်ဟု NUG အသိပေး

ကျန်းမာရေးဝန်ထမ်းတွေနဲ့ အရပ်သားတွေ သေဆုံးခဲ့ရတဲ့ နှမ်းခါးရွာ လေကြောင်းတိုက်ခိုက်ခံရမှုအတွက် တရားမျှတမှုရရှိအောင် လုပ်ဆောင်မယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။
Read More

ဗန်းမော်က ခလရ (၂၃၆)ကို KIA တိုက်ခိုက်သိမ်းပိုက်၊ စစ်သုံ့ပန်းများနှင့်အတူ လက်နက်ခဲယမ်းများပါ ရရှိ

ဗန်းမော်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ ခလရ(၂၃၆) တပ်ရင်းကို KIA ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး စစ်သုံ့ပန်းတွေနဲ့ လက်နက်ခဲယမ်းတွေပါ ရရှိခဲ့ကြောင်း KIA ရဲ့ သတင်းပြန်ကြားရေးက အသိပေး ထုတ်ပြန်ပါတယ်။
Read More

ပန်ဝါ နယ်ခြားစောင့်တပ်ထံက လက်နက်ခဲယမ်းမျိုးစုံ ၁၀၀ ကျော်ကို သိမ်းဆည်းရရှိ

ကချင်ပြည်နယ် ပန်ဝါဒေသက  စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) -၁၀၀၂ တပ်ဌာနချုပ်ကို KIA က တိုက်ခိုက်သိမ်းပိုက်မှုအပြီး လက်နက်ခဲယမ်းမျိုးစုံ ၁၀၀ ကျော် သိမ်းဆည်းရရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းအရင်းအမြစ်တွေက ဖော်ပြလာပါတယ်။
Read More

စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် လက်တစ်ဆုပ်စာ ဗိုလ်ချုပ်ကြီးများ၏ အကျိုးစီးပွားကို ကာကွယ်နေမည့်အစား လက်နက်ချအလင်းဝင်ကြရန် KNLA သတိပေးတိုက်တွန်း

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့ လက်တစ်ဆုပ်စာ ဗိုလ်ချုပ်ကြီးတွေရဲ့ အကျိုးစီးပွားကို ကာကွယ်နေမယ့်အစား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)တပ်ဖွဲ့ထံ အလင်းဝင်ကြဖို့ KNLA ဌာနချုပ်က သတိပေးတိုက်တွန်းလိုက်ပါတယ်။
Read More

PDF အမှတ် (၂) စစ်ဆင်ရေးနယ်မြေမှ အပတ်စဉ် (၁/၂၀၂၅) စစ်မြေပြင်စီမံခန့်ခွဲမှုနှင့် ခေါင်းဆောင်မှု သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ အမှတ်(၂) စစ်ဆင်ရေးနယ်မြေမှာ ပြုလုပ်ခဲ့တဲ့ အပတ်စဉ်(၁/၂၀၂၅) စစ်မြေပြင်စီမံခန့်ခွဲမှုနဲ့ ခေါင်းဆောင်မှု သင်တန်းဆင်းပွဲအခမ်းအနား ပုံရိပ်တွေကို NUG ကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။