ချင်းပြည်နယ်မှာ အခု ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းက စစ်ကောင်စီရဲ့ ဗိုလ်မှူးအဆင့်ရှိသူ ၂ ယောက် အပါအဝင် ၆၁ ယောက် ပလက်ဝ (CDF) ကတဆင့် ပြည်သူ့ရင်ခွင်ထံ ခိုလှုံလာတယ်လို့ ပြည်သူ့ရင်ခွင်အဖွဲ့ထံက သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၈ ရက်နေ့မှာ ပလက်ဝမြို့၊ အိမ်ပြာကုန်းစခန်းကနေ ဗိုလ်မှူးအောင်မျိုးသွင်အပါအဝင် စစ်ကောင်စီတပ်သား (၃၅) ယောက်ဟာ ပြည်သူ့ရင်ခွင်ခိုလှုံဖို့အတွက် ပလက်ဝ (CDF) ဒုတပ်ရင်းမှူးထံ ဆက်သွယ်ခဲ့တယ်လို့ သိရပါတယ်။

ဗိုလ်မှူး အောင်မျိုးသွင် ဦးစီးတဲ့အဖွဲ့မှာ အရာရှိ()ယောက်၊ အခြားအဆင့် (၃၁)ယောက်၊ ရဲမေ ()ယောက်၊ စုစုပေါင်း (၃၅)ယောက် ပါဝင်ခဲ့ပါတယ်။ အဲဒီအဖွဲ့ဟာ ဇန်နဝါရီလ ၁၀ ရက်နေ့မှာ အိမ်ပြာကုန်းစခန်းကနေ စတင်ထွက်ခွာလာခဲ့ပြီး ဇန်နဝါရီလ ၁၉ ရက်နေ့မှာတော့  ပလက်ဝ(CDF) တပ်ရင်း()က ဒုတပ်ရင်းမှူးနဲ့ ထပ်မံအဆက်အသွယ်ယူပြီး  ဆမီးမြို့နယ်ကိုသွားရောက်ကာလက်နက်ချအလင်းဝင်ခဲ့တယ်လို့သိရပါတယ်။

ပါလာတဲ့ လက်နက်ခဲယမ်းတွေဖြစ်တဲ့  MA-1 ()လက်၊ MA-2 ()လက်၊ MA-3 ()လက်၊ MA-5 ပစ္စတို()လက်၊ 5.56 ကျည် (၈၃၂)တောင့်၊ ()မမ ပစ္စတိုကျည် (၄၈)တောင့်၊ MA-7 ဗုံးသီး ()လုံး၊ MA-10 ဗုံးသီး (၁၀)လုံး၊ ()မမ ကျည်အိမ် ()ခု၊ 5.56 ကျည်အိမ် (၂၂)ခု၊ လက်ပစ်ဗုံး (၄၃) လုံး၊ ညကြည့်မှန်ပြောင်း ()ခု၊ HYT စကားပြောစက် ()လုံး၊ မြေပြင်ဝေဟင်စက် ()လုံးတို့ကိုလည်းရပ်မိရပ်ဖတွေရှေ့မှောက်မှာစနစ်တကျအပ်နှံခဲ့တယ်လို့သိရပါတယ်။

ဒါ့အပြင် နောက်ထပ် ပြည်သူ့ရင်ခွင်ထံ ခိုလှုံလိုတဲ့ ဗိုလ်မှူး အောင်ကိုထွေး ဦးဆောင်တဲ့ အဖွဲ့ကလည်း ဆမီးမြို့ကို ရောက်ရှိနေပြီဖြစ်တာကြောင့် ဗိုလ်မှူး အောင်မျိုးသွင်က ပလက်ဝ(CDF) ဒုတပ်ရင်းမှူးနဲ့ ချိတ်ဆက်ဆောင်ရွက်ပေးခဲ့ပါတယ်။

ဗိုလ်မှူး အောင်ကိုထွေး အပါအဝင် ဦးစီးအရာရှိ ()ယောက်၊ အခြားအဆင့် (၂၃)ယောက်၊ စုစုပေါင်း (၂၆)ယောက်ကလည်း  ပလက်ဝမြို့နယ်၊ ပွိုင့် (၃၅၈) စခန်းကုန်းကနေ ဇန်နဝါရီလ ၁၀ ရက်နေ့မှာ စတင်ထွက်ခွာခဲ့ပြီး ဇန်နဝါရီလ ၂၄ ရက်နေ့မှာတော့  ပလက်ဝ(CDF) ထံကိုအလင်းဝင်ခိုလှုံခဲ့တယ်လို့သိရပါတယ်။

ဗိုလ်မှူးအောင်ကိုထွေး ဦးဆောင်တဲ့ အဖွဲ့ကလည်း သူတို့နဲ့အတူပါလာတဲ့ MA-1 ()လက်၊ MA-3 ()လက်၊ MA-5 ပစ္စတို ()လက်၊ 5.56 ကျည် (၉၄၅)တောင့်၊ ()မမ ပစ္စတိုကျည် (၆၀)တောင့်၊ ()မမ ကျည် အိမ် ()ခု၊ 5.56 ကျည်အိမ် (၂၅)ခု၊ နင်းမိုင်းအသေး ()လုံး၊ လက်ပစ်ဗုံး (၄၁)လုံး၊ TYT စကားပြောစက် ()လုံးတို့ကို ပလက်ဝ(CDF) တပ်ရင်း() လင်းယုန်တပ်ရင်းမှူးထံကိုစနစ်တကျအပ်နှံခဲ့တယ်လို့သိရပါတယ်။

ခုမှ သတင်း ထုတ်ပြန်ရတာကတော့ လုံခြုံရေးကြောင့်ပါ။ နောက်ပြီး အသေးစိတ်စိစစ်နေရတာတွေပါတယ်။ မိသားစုတွေ ရွှေ့ပြောင်းနေတာတွေရှိမယ်။ အဲ့ဒါကြောင့် အခုမှ သတင်းထုတ်ပြန်ရတာပါ။လို့ပြည်သူ့ရင်ခွင်အဖွဲ့ကတာဝန်ရှိသူတစ်ယောက်ကပြောပါတယ်။

ဗိုလ်မှူးအောင်မျိုးသွင်ဦးစီးအဖွဲ့နဲ့ဗိုလ်မှူးအောင်ကိုထွေးဦးစီးပြီးပြည်သူ့ရင်ခွင်ထံခိုလှုံလာသူစုစုပေါင်း၆၁ယောက်ဖြစ်ပြီးအဲဒီထဲကအယောက်၆၀ဟာတပ်ဖွဲ့ဝင်တွေဖြစ်ကာရဲမေ၁ယောက်ကတော့မိသားစုဝင်ဖြစ်တယ်လို့သိရပါတယ်။

လက်ရှိမှာ ပြည်သူ့ရင်ခွင်ထံ ခိုလှုံလာတဲ့ စစ်ကောင်စီတပ်သား အယောက် ၆၀ နဲ့ ရဲမေကို ယောကာကွယ်ရေးတပ်  YDF အဖွဲ့က လက်ခံထားပြီး အစားအသောက်၊ နေထိုင်ရေး၊ ကျန်းမာရေးက အစ လိုလေသေးမရှိ စောင့်ရှောက်ထားတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

လားရှိုးမြို့ ရပ်ကွက် ၂ မြို့မစျေးအား စစ်ကောင်စီတပ်ရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် စျေးဆိုင်ခန်း ပျက်စီးခဲ့ရတဲ့ အရပ်သားပြည်သူတွေရဲ့ ပြောစကား (ရုပ်/သံ)

''မကျေနပ်လို့ဆိုရင် လက်နက်ကိုင်အချင်းချင်း ဝင်တိုက်ကြပေါ့။ အဲဒါမျိုးကျတော့ တန်းနေအောင် ထွက်ပြေးကြတယ်။ အခုကျတော့ မဆီမဆိုင် အရပ်သားပြည်သူတွေရဲ့ စီးပွားရေးအရမ်းထိခိုက် တယ်။ ပြည်သူလူထုကို ပစ်မှတ်ထားပြီးတော့ လုပ်နေတယ်လို့ပဲ ထင်ပါတယ်''
Read More

အမ်း-ပဒါန်း စစ်မြေပြင်တွင် အကြမ်းဖက် စစ်ကောင်စီတပ်မှ အာရက္ခတပ်တော်ထံသို့ အလင်းဝင်ရောက်လာသည့် ပစ/တပ်သား အောင်သက်ထွန်း၏ ထွက်ဆိုချက်ရုပ်သံဖိုင် ထုတ်ပြန်ချက်

''ကျနော် ၁/၂၀၂၄ က သင်တန်းဆင်းပါတယ်။ သင်တန်းမှာ သင်တန်းသားဦးရေ ၆၉၉ ယောက် ရှိပါတယ်။ ကျနော်တို့လည်းပဲ သူတို့လည်း ပေါ်တာဆွဲခံရတာများပါတယ်။ ထွက်ပြေးတဲ့သူလည်း များပါတယ်။ ပြန်ဖမ်းမိရင် ရုံးထဲမှာ ထိပ်တုံးခတ်ထားပြီး ရိုက်နှက်ပါတယ်။ လက်ကျိုးခြေကျိုးဖြစ်တာတွေလည်း တွေ့ခဲ့ရပါတယ်''
Read More

အောင်ဇေယျစစ်ဆင်ရေးမှ ထွက်ပြေးလွတ်မြောက်လာသည့် တပ်မ(၅၅) လက်အောက်ခံ ခလရ(၉၄) ကိုယ်ပိုင်အမှတ်- တ/၅၈၁၆၃၉ တပ်သား- အောင်ပြည့်လျှံ၏ ပြောကြားချက် (ရုပ်/သံ)

''အခုလက်ရှိတိုက်နေရတာ ဘာအဓိပ္ပာယ်မှ မရှိဘူး။ ကျောင်းဆင်းလာခါစ ရဲဘော်တွေဆိုရင် သူတို့အိမ်တွေနဲ့ မိဘတွေနဲ့ အဆက်အသွယ်မရကြဘူး။ ကျောင်းဆင်းလာတဲ့ ရဲဘော်တွေ ကျနော့်မျက်စိရှေ့တင် တစ်ယောက်လည်းမဟုတ် နှစ်ယောက်လည်းမဟုတ် တိုက်ပွဲကျကုန်တာ။ ကျောင်းဆင်း သူတို့ မိဘနဲ့ အဆက်အသွယ်မရခင် သူတို့က ကျသွားပြီ"
Read More

အောင်ဇေယျစစ်ဆင်ရေးမှ ထွက်ပြေးလွတ်မြောက်လာသည့် တပ်မ(၅၅) လက်အောက်ခံ ခလရ(၃) ကိုယ်ပိုင်အမှတ်- တတ/၁၃၂၁၇၁ တပ်သား- စိုးလင်းအောင် ၏ ပြောကြားချက်၊ ရိက္ခာလာပို့ရင် အကြီးအကဲတွေ စား၊ အန္တရာယ်တစ်ခုခုဆိုရင် တပ်သားတွေကို ထိုးကျွေး (ရုပ်/သံ)

''ထမင်းတွေ မစားရမသောက်ရ ငတ်ပြတ်ပြီးတော့ ရောဂါဖြစ်တာကို ဆေးကုသမှုမပေးတာ၊ စားဖို့ သောက်ဖို့ ရိက္ခာတွေလည်း လာမပို့ပေးတာကြောင့် အလင်းဝင်တာပါ။ ဖိနှိပ်မှုက မတရားများတယ်ခင်ဗျာ။ ရိက္ခာလာပို့ပြီဆိုရင် ရဲ‌ဘော်တွေကို ကျွေးတာမရှိဘူး။ သူတို့ အကြီးအကဲတွေပဲ အများဆုံးစားတယ်။ တစ်ခုခုဖြစ်ရင် ရဲဘော်တွေကိုပဲ ထိုးကျွေးကြတယ်။ ရဲဘော်တွေ တော်တော်များများက အကြီးအကဲတွေကို စိတ်နာနေကြတယ်''
Read More

စစ်ကောင်စီ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး မြင့်ထွေးက တပ်သားများကို စစ်ဆင်ရေး စရိတ်နဲ့ လစာ မပေးဘဲ စစ်တိုက်ခိုင်း (ရုပ်/သံ)

ကချင်ပြည်နယ်၊ ဗန်းမော်တိုက်ပွဲအတွင်း အမှတ် ၃ ဝန်တင်တပ်ရင်းမှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး မြင့်ထွေးက တပ်သားတွေကို စစ်ဆင်ရေး စရိတ်နဲ့ လစာတွေ မပေးဘဲ စစ်တိုက်ခိုင်းကြောင်း ဝန်တင်တပ်ရင်းကနေ အလင်းဝင်လာတဲ့ လုပ်သက်ရင့် တပ်ကြပ် ၃ ယောက်က ပြောခဲ့ကြပါတယ်။
Read More

KNU-ညောင်လေးပင်ခရိုင် KNLA-တပ်မဟာ(၃)နယ်မြေမှ ထွက်ပြေးလွတ်မြောက်လာသည့် တပခ လက်အောက်ခံ ခမရ(၂၀) ပစ/တပ်သား- နှင်းမောင်၏ ပြောကြားချက် (ရုပ်သံ)

''ဥက္ကဌအပါအဝင် လူ ၄ ဦးနဲ့အတူ ပေါ်တာလာဆွဲတာပါ။ ကျွန်တော်ကို လာဖမ်းပြီး နတ်မောက်အချုပ်ထဲမှာ အဖမ်းခံရပါတယ်။ အချုပ်ထဲကနေပြီးတော့ မကွေး ၃၁၇ စုဆောင်းရေးထဲကို ပို့ပါတယ်။ စုဆောင်းရေးမှာ ၁ လနီးပါးနေပြီးတော့ ရှမ်းပြည်နယ် ဟိုပုန်းသင်တန်းကျောင်းကို အပို့ခံရ ပါတယ်။ အခက်အခဲကတော့ အများကြီးပါပဲ။ ကိုယ်မှာစိတ်မပါတာ။ ကျွန်တော်ဒီအလုပ်တွေကို လုံးဝမလုပ်ချင်ခဲ့ပါဘူး''