ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)ရဲ့ စစ်သုံ့ပန်းတွေထားရှိရာ အချုပ်ဆောင်ကို စစ်ကောင်စီက လေကြောင်းကနေ ဒုတိယအကြိမ်မြောက် တိုက်ခိုက်ခဲ့တယ်လို့ MDY-PDF က ထုတ်ပြန်ပါတယ်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီရဲ့ စစ်သုံ့ပန်း ဗိုလ်မှူးတစ်ယောက်အပါအဝင် ()ယောက် သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ ()ယောက် ရှိခဲ့ကြာင်း MDY-PDF ကဒီနေ့အောက်တိုဘာ၃၀ရက်မှာအသိပေးထုတ်ပြန်ပါတယ်။

(ဓာတ်ပုံ Voice of Mandalay – PDF)
(ဓာတ်ပုံ Voice of Mandalay – PDF)

အောက်တိုဘာလ ၃၀ ရက် ဒီနေ့မနက်  ၁နာရီဝန်းကျင်လောက်မှာ MDY -PDF ထိန်းချုပ်ရာ နယ်မြေကို စစ်ကောင်စီက  ဒုတိယအကြိမ် လေကြောင်းတိုက်ခိုက်ခဲ့တာပါ။

စစ်ကောင်စီဟာ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရတဲ့ သူတို့ရဲ့ တပ်ဖွဲ့ဝင်တွေကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်လျက်ရှိပြီး ()ရက်တာအတွင်း သေဆုံးသူ(၁၆)ယောက်အထိရှိလာပြီလို့လည်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အောက်တိုဘာ ၂၈ ရက် ညနေပိုင်းကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သုံ့ပန်းတွေ ထားရှိရာ အချုပ်ဆောင်ကို စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်လို့ စစ်သုံ့ပန်း ၈ ယောက် အပါ ၁၂ ယောက် သေဆုံးပြီး အယောက် ၆၀ ခန့် ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ထုတ်ပြန်ခဲ့ပါတယ်။

(ဓာတ်ပုံ Voice of Mandalay – PDF)
(ဓာတ်ပုံ Voice of Mandalay – PDF)
0 Shares:
You May Also Like
Read More

ဆေးဝါးစောင့်ရှောက်မှု မလုံလောက်တာကြောင့် အိုးဘိုထောင်က CDM ဆရာမကြီးဒေါ်မြင့်မြင့်သန်းသေဆုံး… ယခုနှစ်အတွင်း ထောင်တွင်း လုံလောက်သည့် ဆေးကုသခွင့် မရမှုကြောင့် သေဆုံးသူ နိုင်ကျဥ်း ၁၁ ဦးထိ ရှိလာ…

မန္တလေးအိုးဘိုထောင်အတွင်းမှာ အကျဉ်းချခံနေရတဲ့ CDM ဆရာမကြီး ဒေါ်မြင့်မြင့်သန်းဟာ ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာမရခဲ့တာကြောင့် သေဆုံးခဲ့ရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဉ်းသားများကွန်ရက် (PPNM) က သတင်းထုတ်ပြန်ပါတယ်။
Read More

ငလျင်ကြောင့် ကွယ်လွန်ခဲ့သည့် ပြည်သူများအတွက် ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့ ကုသိုလ်ပြု

မြန်မာနှစ်ဆန်း (၁)ရက်နေ့မှာ ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့က စစ်ကိုင်းပြတ်ရွေ့ ငလျင်‌ကပ်ဘေးကြီးအတွင်း ကွယ်လွန်သွားတဲ့ ပြည်သူတွေအတွက် ရည်စူးပြီး ရန်ကုန်မြို့မှာ ကုသိုလ်ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။
Read More

ထားဝယ်ခရိုင် ရဲမှူးရုံးမှ ဒုရဲအုပ်တစ်ဦး လက်နက်နှင့် အလင်းဝင်

အကြမ်းဖက်စစ်ကော်မရှင် လက်အောက်ခံ ရဲတပ်ဖွဲ့က ဒုရဲအုပ်တစ်ယောက် လက်နက်ခဲယမ်းတွေ ယူဆောင်ကာ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) ထံ အလင်းဝင်ရောက်လာခဲ့တယ်လို့ ဒူရကစစ်ကြောင်းက ထုတ်ပြန်ပါတယ်။
Read More

မှော်ဘီလေတပ်ဌာနချုပ်ကို ဒရုန်းဖြင့် တိုက်ခိုက်၊ ဗိုလ်အပါ ၂ ဦးသေဆုံးပြီး ၆ ဦး ဒဏ်ရာရ

ရန်ကုန်တိုင်း၊ မှော်ဘီမြို့ရှိ စစ်ကောင်စီ လေတပ်ဌာနချုပ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ဇွန်လ ၉ ရက် မနေ့က ည ၇ နာရီလောက်မှာ အသေခံဒရုန်းနဲ့ သွားရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ Civilian Military SRDF တပ်ဖွဲ့ဆီက သိရပါတယ်။
Read More

ဆီဆိုင်မြို့နယ်၊ နောင်ထောဝ်ကျေးရွာကို စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ နောင်ထောဝ်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် - PNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အကြမ်းဖက်စစ်တပ်က သီပေါမြို့နယ်ထဲက ကျေးရွာကို လေကြောင်းမှ ထပ်မံဗုံးကြဲတိုက်ခိုက်၊ ပြည်သူ (၁) ဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ် (၃) လုံး ပျက်စီး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်မှာ အကြမ်းဖက် စစ်တပ်က လေကြောင်းကနေ ပေါင် (၂၅၀)ဗုံး (၂)လုံးဗုံး ထပ်မံလာရောက်ကြဲချတိုက်ခိုက်မှုကြောင့် အမျိုးသား (၁) ယောက် ထိခိုက်ဒဏ် ရာရရှိခဲ့ပြီး နေအိမ် (၃)လုံး ပျက်စီးသွားခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။