အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို တရုတ်နိုင်ငံက ဖိတ်ခေါ်မှုအပေါ် ပြန်လည်သုံးသပ်ပယ်ဖျက်ပေးသင့်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောက ပြောကြားလိုက်ပါတယ်။

နိုဝင်ဘာလအတွင်း မင်းအောင်လှိုင်ကို တရုတ်က နိုင်ငံတကာအစည်းအဝေးတချို့မှာ တက်ရောက်ဖို့ ဖိတ်ကြားမှုဟာ ပြည်သူတွေရဲ့ အထင်အမြင်လွဲမှားမှု၊ အမုန်းပွားမှုတွေကို ဖြစ်စေတာကြောင့် စိုးရိမ်ပူပန်တယ်လို့ NUG ရဲ့ သဘောထားကို ဦးကျော်ဇော်က ပြောကြားလိုက်တာပါ။

ပြည်သူလူထုနှင့် နိုင်ငံတကာသို သတင်းစကားပြောကြားခြင်း (Press Briefing) အစီအစဉ်မှာ ဦးကျော်ဇောက အကြမ်းဖက် စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ ဒေသတွင်း ပဋိပက္ခနဲ့ မတည်ငြိမ်မှုတွေ ဖန်တီးနေတဲ့ လူသတ်အကြမ်းဖက်သမားဖြစ်လို့ နိုင်ငံတကာရဲ့ တရားဝင်မှုကို မရရှိသင့်ဘူးလို့ ဆိုပါတယ်။

အကြမ်းဖက်မင်းအောင်လှိုင်ဟာ တရုတ်နိုင်ငံကို နိုဝင်ဘာလအတွင်း သွားရောက်ပြီး မဲခေါင်နိုင်ငံများဆိုင်ရာ အစည်းအဝေးတက်မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာမှုကို NUG က အခုလို ကန့်ကွက်လိုက်တာပါ။

0 Shares:
You May Also Like
Read More

အစ္စရေးကို ဒုံးကျည် ၂၀၀ နီးပါး ပစ်ခတ်တိုက်ခိုက်တဲ့ အီရန်အနေနဲ့ ပြန်လည်ပေးဆပ်ရမယ်လို့ အစ္စရေးဝန်ကြီးချုပ်ပြော (ရုပ်/သံ)

ဘေရွတ်ခ်မြို့မှာ ဟစ်ဇ်ဘိုလာအဖွဲ့ခေါင်းဆောင် ဟက်ဆန်နက်စ်ရယ်လာကို လေကြောင်းကနေ တိုက်ခိုက်ရှင်းလင်းခဲ့ပြီးနောက် အစ္စရေးကို လက်တုံ့ပြန်တဲ့အနေနဲ့ အောက်တိုဘာ ၁ ရက် မနေ့ ညပိုင်းက အစ္စရေးနိုင်ငံအနှံ့ကို အီရန်က ဒုံးကျည်ပေါင်း ၂၀၀ ဝန်းကျင်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။
Read More

အနောက်မြောက်တိုင်းစစ်ဌာနချုပ်က ထွက်လာတဲ့ စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာမြို့နယ် အနောက်မြောက်တိုင်းစစ်ဌာနချုပ်က ထွက်လာတဲ့ စစ်ယာဉ် ၇ စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ချောင်းဦးမြို့နယ် တော်လှန်ရေးတပ်ထံက သိရပါတယ်။
Read More

ရှမ်းပြည်တောင်ပိုင်းမှာ စစ်ကောင်စီတပ်တွေ တိုက်ခိုက်ခံရတဲ့အတွက် ကျေးရွာနေအိမ် ၁၇၀ ခန့် ကို မီးရှို့ဖျက်ဆီး (ရုပ်/သံ)

ရှမ်းပြည်တောင်ပိုင်း ရေလှကျေးရွာကို အင်အား ၁၁၀ ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ဒီဇင်ဘာ ၂၁ ရက်က ဖျက်အားပြင်း ပဒေသာမိုင်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် DSNDA က ထုတ်ပြန်ထားပါတယ်။
Read More

ဆုံရွာပျူစခန်းကို Fixed Wing Drone ၉ စီးဖြင့် ဗုံးသီးကြဲချတိုက်ခိုက်၊ ပျူစောထီး ၂ ဦး​ သေ (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် ဆုံရွာပျူစခန်းကို Fixed Wing Drone ၉ စီးနဲ့ ဗုံးသီးကြဲတိုက်ခိုက်ခဲ့ တယ်လို့ Peacock Drone Team – Myaung တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဒီးမော့ဆိုမြို့နယ်အတွင်း အရပ်သားများကို စစ်ကော်မရှင်တပ်က လူသားဒိုင်းအဖြစ် အသုံးပြုနေ (ရုပ်/သံ)

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အတွင်း အရပ်သားပြည်သူတွေကို စစ်ကော်မရှင်တပ်သားတွေက ဖမ်းဆီးပြီး လူသားဒိုင်အဖြစ် အသုံးပြုနေကြောင်း KNDF က မှတ်တမ်းရုပ်သံဖိုင်နဲ့တကွ ထုတ်ပြန်ခဲ့ပါတယ်။
Read More

စာသင်နေချိန် အိုးထိန်းတွင်းကျေးရွာစာသင်ကျောင်းကို စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်နှင့် ဆရာမ ၂၂ ဦး သေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးထိန်းတွင်းကျေးရွာ စာသင်ကျောင်းကို စစ်တပ်က လေကြောင်း တိုက်ခိုက်ခဲ့ရာ သေဆုံးသူ ကလေးငယ်နဲ့ ဆရာမ ၂၂ ယောက် အထိရှိလာပြီလို့ ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။