မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ သရက်ချည်ကျေးရွာ အနီးတဝိုက် ရောက်ရှိနေတဲ့ အကြမ်းဖက်စစ်ကြောင်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ ၃ ယောက်သေပြီး ၅ ယောက်ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသ ၊ မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။

အောက်တိုဘာလ ၂၇ ရက်မှာ မွန်းလွဲပိုင်းကနေ ညပိုင်းအထိ အချိန် ၇ နာရီအတွင်း စလင်းမြို့နယ်၊ သရက်ချည်ကျေးရွာအနီးတဝိုက် ရောက်ရှိနေတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ဒရုန်းနဲ့ ဗုံးသီး ၇ လုံး ကြဲချတိုက်ခိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်းနဲ့ ဒရုန်းလက်ရုံးတပ်ဖွဲ့၊ မင်းဘူးခရိုင်(ပကဖ)တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က ၃ ယောက် သေဆုံးပြီး ၅ ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်းက ဆိုပါတယ်။

အခုလက်ရှိ စလင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအကြား စစ်ရေးတင်းမာနေပြီး စစ်ကောင်စီတပ်ဘက်က စလင်းချောင်းမြောက်ဘက်ကျေးရွာတွေကို ဦးတည်ကာ လက်နက်ကြီးတွေနဲ့ ဆက်တိုက် ပစ်ခတ်တိုက်ခိုက်နေတာကြောင့် စလင်းမြို့နယ်အတွင်းရှိ ပြည်သူတွေ အထူးဂရုစိုက်ဖို့ မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

အရုပ်ဆိုင်ရွာကို စစ်ကြောင်းထိုးပြီးပြန်လာသည့် စစ်တပ်ကို တိုက်ခိုက်၊ စစ်သား ၄ ဦး သေ

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်၊ အရုပ်ဆိုင်ရွာကို စစ်ကြောင်းထိုးပြီး ပြန်လာတဲ့ စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၄ယောက် သေဆုံးသွားတယ်လို့ ၃၆၀၁ တပ်ရင်းက ထုတ်ပြန်ပါတယ်။
Read More

တောင်သာမြို့နယ်က ဝဲလောင်တိုက်နယ်ရဲစခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ စစ်ကောင်စီတပ်က ရဲ ၃ ယောက် သေ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်က ဝဲလောင်တိုက်နယ်ရဲစခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ စစ်ကောင်စီတပ်က ရဲ ၃ ယောက် သေဆုံးခဲ့တယ်လို့ တောင်သာ ပကဖ (TTA - PDF) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရစ်ချ်တာစကေး ၈ အထက် ခံနိုင်သည့် အဆောက်အအုံများ ဆောက်ကြဖို့ မင်းအောင်လှိုင် မှာကြား

အထပ်မြင့် အဆောက်အဦးတွေမှာ  ရစ်ချ်တာစကေး ၈ အထက် ခံနိုင်ရည်ရှိတဲ့ အဆောက်အအုံတွေ ဆောက်လုပ်ဖို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။ 
Read More

AA ထိန်းချုပ်နယ်မြေများအား စစ်အုပ်စု အပြင်းအထန် ထိုးစစ်ဆင်လာသဖြင့် စစ်ရေးအထူးသတိထားကြရန် AA ထုတ်ပြန်… ကျောက်ဖြူအပါ ပင်လယ်ကမ်းစပ်မြို့များတွင် စစ်အုပ်စု ထိုးစစ်အတွင်း စစ်အုပ်စုမှ ထိခိုက်သေဆုံးမှု များပြားဟု ဆို…

အာရက္ခတပ်တော် AA ရဲ့ ထိန်းချုပ်နယ်မြေတွေမှာ အကြမ်းဖက်စစ်အုပ်စုက ရေကြောင်း၊ လေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်လာတာကြောင့် စစ်ရေးအန္တရာယ် သတိထားဖို့ AA က အောက်တိုဘာ ၁၀ ရက် မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ပြည်သူလူထု လေကြောင်းရန်ကာကွယ်ရေးအတွက် MDY-PDF အရေးပေါ် ဗုံးခိုကျင်းများ ဆောက်လုပ်ပေးနေ

မန္တလေးတိုင်းထဲက မတ္တရာမြို့နယ်၊ စဥ့်ကူးမြို့နယ်နဲ့ သပိတ်ကျင်းမြို့နယ်တွေမှာ ပြည်သူ့အကျိုးပြုလုပ်ငန်းတွေ တစိုက်မတ်မတ် အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ဒီနေ့မှာ ထုတ်ပြန်ဖော်ပြလာပါတယ်။
Read More

လက်နက်ခဲယမ်း မလုံလောက်မှုကြောင့် လက်ဆယ်ရဲစခန်းကို လက်လွှတ်လိုက်ရ၊ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၃ ဦး သေ၊ တော်လှန်ရေးရဲဘော် ၂ ဦး ကျဆုံး

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ လက်ဆည်ရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ကြပြီး နှစ်ဖက် ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ အညာမြေတပ်ပေါင်းစုထံက သိရပါတယ်။